သဘင်လောကသားတွေ အားလုံးညီညွတ်ဖို့ ကြိုးစားသွားမယ့်ဒုတိယအကြိမ်မြောက် ပြန်လည်အရွေးချယ်ခံရတဲ့ သဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်

သဘင်လောကသားတွေ အားလုံးညီညွတ်ဖို့ ကြိုးစားသွားမယ့်ဒုတိယအကြိမ်မြောက် ပြန်လည်အရွေးချယ်ခံရတဲ့ သဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်
March 28, 2018 Leanne Win
သဘင်လောကသားတွေ အားလုံးညီညွတ်ဖို့ ကြိုးစားသွားမယ့်ဒုတိယအကြိမ်မြောက် ပြန်လည်အရွေးချယ်ခံရတဲ့ သဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်

 

သဘင်အစည်းအရုံး(ဗဟို) ရွေးကောက်ပွဲကိုတော့ မတ်လ ၁၇ ရက်နေ့က ရန်ကုန် မြို့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီသဘင်ရွေးကောက်ပွဲမှာတော့ တက်ရောက်လာကြတဲ့ သဘင်လောကသားများက အရင်သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်ကိုပဲ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံဖို့ ဆန္ဒပြုမဲပေးခဲ့ကြပါတယ်။   မြို့ ရွှေမန်းသားဖိုးချစ်အနေနဲ့လည်း သဘင်လောကသားများရဲ့ အကြိမ်ကြိမ်တောင်းဆိုမှု အရ ဥက္ကဋ္ဌအဖြစ် ထပ်မံတာဝန်ထမ်းဆောင်ဖို့ လက်ခံသဘောတူခဲ့ရပါတယ်။ ဒါကြောင့် လည်း ဒုတိယသက်တမ်းအနေနဲ့ ဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးချယ်ခံရတဲ့အပေါ်မှာ သူ ဘယ်လိုခံစားရလဲလို့ မေးတော့ …

“ကျွန်တော့်အနေနဲ့ ပထမဆုံး တစ်ခေါက်တုန်း ကလည်း ရွေးချယ်ခံဖို့လာခဲ့တာ မဟုတ်ဘူး။ အဲဒီ့အချိန်မှာရွေးချယ်ခံပေးဖို့ တောင်းဆို ကြတဲ့ အချိန်မှာ တော်တော်ကြီး စဉ်းစားပြီးမှ ကဲ …ရွေးချယ်ခံမယ်ပေါ့။ အဲဒီ့တုန်းက မဲနဲ့ရွေးချယ်ခဲ့ရတာပေါ့။ အများဆန္ဒအရ တာဝန်ထမ်းဆောင်ခဲ့ရတာပါ။ အခုလည်း ကျွန်တော်က ညီလာခံပြီးဆုံးတဲ့ အချိန်မှာ ကျွန်တော့်ရဲ့တာဝန်ကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးပြီဆိုပြီးတော့ တကယ့်ကို စိတ်ထဲမှာ ကျေကျေနပ်နပ်နဲ့ ပြန်သွားတာပါ။ ပြန် သွားပေမယ့်လည်း ဒီမှာရှိတဲ့ မိသားစုတွေပေါ့နော်။ လိုက်ခေါ်ပြီးတော့ နေပေးမှရမယ် ပေါ့။ သူတို့အားလုံးရဲ့ ဆန္ဒကိုက ပြန်လည်တာဝန်ထမ်းဆောင်ပေးဖို့ပဲ။ ကျွန်တော်လည်း စိတ်ထဲမှာ ဝမ်းနည်းဝမ်းသာကြီးပါ။ ကျွန်တော့်အတွက် တာဝန်အင်မတန်မှလည်း ကြီးပါ တယ်။ တာဝန်ထမ်းဆောင်တယ်ဆိုတာ လွယ်သယောင်ယောင်နဲ့ အင်မတန်မှ တာဝန် ကြီးတဲ့ကိစ္စပါ။ ကျွန်တော်တို့က ခေါင်းဆောင်မဟုတ်ပါဘူး။ ကျွန်တော်အမြဲသုံးနှုန်းပြော ဆိုပါတယ်။ သဘင့်ကျွန်ပါ။ သဘင့်အကျိုးအတွက်ကို ကျွန်တော်တို့တွေ ကိုယ်ပိုင် အချိန်တွေ၊ ကိုယ်ပိုင်ငွေတွေ အကုန်လုံးပေါ့နော်။ ကျွန်တော်တို့က နေရာရတာ မဟုတ် ပါဘူး။ တာဝန်ရတာဖြစ်တဲ့အတွက် တာဝန်ကျေမှဖြစ်တော့မှာပေါ့။ ဆက်ပြီး တာဝန်ထမ်းဆောင်ရတာ ဘယ်လိုမြင်လဲဆိုတော့ တာဝန်ပိုကြီး ပိုအလုပ်လုပ်ရမှာပေါ့” လို့ သူက ပြောပါတယ်။

သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌတာဝန် ဒုတိယသက် တမ်းမှာတော့ သဘင်နဲ့ပတ်သက်ပြီး လုပ်ဆောင်ရမှာတွေ အများကြီးရှိနေတယ်လို့ ပြောပြပြီး သဘင်ရုံး၊ သဘင်ဥပဒေ၊ သဘင်ရွာကိစ္စတွေ လုပ်ဆောင်ဖို့ ကျန်ရှိနေသလို၊ ညီညွတ်ခြင်း မရှိသေးတဲ့ ကိစ္စရပ် တွေကို ဒီ့ထက်ပိုပြီးညီညွတ်အောင် လုပ်ဆောင်ရမှာတွေရှိကြောင်း သူက ပြောပါတယ်။ “ကျွန်တော်တို့ ပိုအောက်ကျ သင့်ရင်ကျရမှာပါပဲ။ ညှိနှိုင်းသင့်တာ ညှိနှိုင်းရမှာပါပဲ။ ကိုယ့်ရဲ့အတ္တနဲ့ ခံစားမှုတွေကို ဖက်တွယ်မထားရဘူး။ ဒီထ့က်ပိုပြီးတော့ အဆင်ပြေပြီး ညီညွတ်ချင်တယ်။ဘယ်သူအဆင်ပြေပြေ ကျွန်တော်တို့တော့ ဝမ်းမသာဘူး။ အကုန်လုံး အဆင်ပြေပြေနဲ့သွားချင်တယ်။ အခုလည်း မညီညွတ်ဘူးလို့တော့ ပြောတာမဟုတ်ပါ ဘူး။ ဒါပေမဲ့ အနည်းငယ်လေးတွေတော့ အဆင်မပြေမှုလေးတွေ ရှိတယ်။ ဒီ့ထက်ပိုပြီး ၁ဝဝ ရာခိုင်နှုန်းညီညွတ်ဖို့ ဆိုတာကတော့ လွယ်တော့မလွယ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ ကြိုးစားကြည့်ချင်တယ်။ မလွယ်တဲ့ကိစ္စကို ကြိုးစားကြည့်ချင်တာ လူငယ်တစ်ယောက် ရဲ့ စိန်ခေါ်မှုပါပဲ” လို့ ညီညွတ်မှုကို အရင်းတည်သွားမယ့်အကြောင်းနဲ့ ပတ်သက်ပြီး တော့ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပြပါတယ်။

လင်းအက္ခရာ       

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*