လူရွှင်တော်တွေရဲ့ အတွေးအခေါ်လေးတွေ မြင့်မားစေချင်တယ် ဦးကျော်ထူး

လူရွှင်တော်တွေရဲ့ အတွေးအခေါ်လေးတွေ မြင့်မားစေချင်တယ် ဦးကျော်ထူး
March 28, 2018 Leanne Win
လူရွှင်တော်တွေရဲ့ အတွေးအခေါ်လေးတွေ မြင့်မားစေချင်တယ် ဦးကျော်ထူး

ခါးအောက်ပိုင်းပြက်လုံးပြက်မှ ရယ်ရမယ်ဆိုရင်တောင် အဲဒီ့ပြက်လုံးမျိုးကို မပြက်စေချင်ဘူးလို့ ဝါရင့်လူရွှင်တော်တစ်ဦဖြစ်တဲ့ ဦးကျော်ထူးက ပြောပါတယ်။ခါးအောက်ပိုင်းပြက်လုံးပြက်မှ ရယ်ရမယ်ဆိုရင်တောင် အဲဒီ့ပြက်လုံးမျိုးကို မပြက်စေချင်ဘူးလို့ ဝါရင့်လူရွှင်တော်တစ်ဦဖြစ်တဲ့ ဦးကျော်ထူးက ပြောပါတယ်။ လက်ရှိလူရွှင်တော်လောကထဲကိုဝင်ရောက်လာကြတဲ့ လူရွှင်တော်တွေက အလွှာအသီးသီးကနေ ရောက်ရှိလာခဲ့ကြတဲ့ လူတွေဖြစ်တာမို့ သူတို့ဖြတ်သန်းလာခဲ့ကြတဲ့ဘဝတွေက မတူကြတဲ့အတွက် သူ့အနေ နဲ့ကတော့ ပြက်လုံးတွေနဲ့ပတ်သက်လို့ မဝေဖန်ချင်ဘူးလို့ ပြောပါတယ်။ “တချို့က တက္ကသိုလ်နယ်ပယ်က လာကြတယ်။ တချို့က ဇာတ်သဘင်နယ်ပယ်က လာကြတယ်။ တချို့က ဆိုင်းလောကက လာကြတယ်။ တချို့က အငြိမ့်က လာကြတယ်။ အဲဒီတော့ သူတို့ရဲ့ ဖြတ်သန်း လာခဲ့တဲ့ ဘဝတွေက မတူကြဘူး လေ။ ဒါပေမဲ့တစ်ခုရှိတာက ကာလံဒေသံဆိုတဲ့ စကားကတော့ရှိတယ် လေ။ ခါးအောက်ပိုင်းပြက်မှကြိုက်တဲ့ နေရာမျိုးတွေကျမှ ခါးအောက်ပိုင်းပြက် လုံးပြက်စေချင်တယ်။ ဒါပေမဲ့ အကောင်းဆုံးကတော့ ချက်အောက်ပိုင်း ပြက်လုံးပြက်မှ ရယ်ရမယ်ဆိုရင်တောင်မှ ဦးကျော်ထူးက မပြက်စေချင်ဘူး။

လူရွှင်တော်တွေရဲ့ အတွေးအခေါ်လေးတွေ မြင့်စေချင်တယ်။ အဲဒီလိုလေးတော့ အကြံပေးချင်တယ်” လို့ ဦးကျော်ထူးက ပြောပါတယ်။ ရုပ်ရှင်အနုပညာပိုင်းမှာလည်း ဟာသသရုပ်ဆောင် တစ်ဦးအနေနဲ့ ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်တဲ့ သူတစ်ဦးဖြစ်တဲ့ သူ့ကိုအကယ်ဒမီနဲ့ ပတ်သက်လို့ မျှော်လင့်ထားပါသလားလို့ မေးခဲ့ပါသေးတယ်။ ဒီအပေါ်မှာတော့ သူက ….

“အကယ်ဒမီကတော့ မမှန်းပါဘူး။ မှန်းရအောင်လည်း ကျွန်တော်တို့က နေရာလုပ်ကွက်မှ မရှိဘဲ။ နောက်ပြီးတော့ ခေတ်အဆက်ဆက်မှာ ဦးဖိုးပါကြီးတို့ ကိုမော့စ်တို့ ကိုမိုးဒီတို့ရတဲ့ အကယ်ဒမီက ဇာတ်ဝင် ခန်းအရ ငိုပြီးတော့မှ ရတာလေ။ ရှင်းရှင်း ပြောရရင်တော့ ငိုလို့ရတာပေါ့။ တအားရယ်ရလို့ကွာဆိုပြီး တော့ ပေးလိုက်တဲ့အကယ်ဒမီမျိုးပဲ ကျွန်တော်တို့ကတော့ လိုချင်တယ်။ အဲဒီတော့ ဟာသဇာတ်ကားလေးနဲ့ပဲ မျှော်လင့်ပါ တယ်။ ထူးချွန်ဆုအနေနဲ့ကတော့ ဟာသဇာတ်ကားလေးနဲ့ရမယ်ဆိုရင်တော့ လိုချင်တယ်” လို့ ဦးကျော်ထူးက ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*