မှင်စာမှတ်တမ်း(၁၂)

မှင်စာမှတ်တမ်း(၁၂)
March 28, 2018 Leanne Win
မှင်စာမှတ်တမ်း(၁၂)

သင်္ကြန်ခါဦး …တူးပို့ … တူးပို့ …ဘီယာပွဲတော်မှာ … သင်္ကြန်ခါဦး …တူးပို့ … တူးပို့ …ကဲမယ်မူးမယ်ဗျာ …

အထက်ပါတေးကို သီဆို၍ တစ်ကိုယ်တော် “ဒန့်”နသူမှာ၊ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကလေး မှင် စာပင်ဖြစ်ချေ၏။ “ဟဲ့ကောင် ..သင်္ကြန်မကျ သေးဘူး။ နင်က ကြိုတင်ပြီး နန့် ကြောဆွဲနေပြီလား ဟင်”ဟု မှင်စာ အကြီးအကဲက လှမ်းဟောက်လိုက် တော့မှ မှင်စာအကရပ်၊ အဆိုရပ် လေ၏။  “အဖသခင်မင်းကြီးရယ်။ သ င်္ကြန်ဆိုတာ လူတွေမှပဲ ပျော်ရွှင်ခွင့် ရှိရမှာလား။ မှင်စာတွေလည်း အ သည်းနှလုံးနဲ့ပါ။ မှင်စာတွေလည်း ပျော်တတ်ပါတယ်။ ပျော်ခွင့်ပြုပါ အဖသခင်မင်းကြီးရဲ့” မှင်စာက လက်အုပ်ချီ၊ ကိုယ်ကို ရို့၍ လျှောက်တင်သည်။

“မြန်မာ့ရိုးရာ မဟာသင်္ကြန်ဆို တာ မြန်မာမှုအနုပညာဆန်ဆန် ကျင်းပရမှာကို သူကောင်းသားတွေ က ဖျက်ဆီးပစ်ကြလို့ ဘီယာသင်္ကြန် ဖြစ်နေတာ ကြာလှပေါ့။ ကိုယ့်ကိုယ် ကိုယ်ဖျက် သံကြေးတက်တဲ့။ မြန်မာ တွေက မြန်မာသင်္ကြန်ကို ပြန်ဖျက် နေတာတော့ ရင်နာကြေကွဲစရာပဲ ကွယ် ..၊ ငွေဖလားနဲ့ ရေကစား တာတို့ ..၊ သပြေခက်နဲ့ ရေပက် တာတို့  ဘယ်ဆီရောက်ကုန်ကြပါ လိမ့်++ဟု အကြီးအကဲက ချူသံပါ အောင် ညဉ်းတော်မူသောအခါ မှင်စာ က ..

“မင်းကြီးပြောတာတွေက ဂန္တဝင်ခေတ်မှာ ကျန်ရစ်ခဲ့ကြပြီ ခင်ဗျ။ ခုခေတ်က …ခေတ်သစ်လွန် ပို့စ် မော်ဒန်ခေတ်ကြီးခင်ဗျ ..” မှင်စာ၏ ကန့်ကွက်စကားကို  ကြားရသည့်အခါ အကြီးအကဲသည် ရှေးရိုးစွဲသမားပီပီ၊ မခံမရပ်နိုင် ဒေါ ကန်သွားသည်။  “ဘာ ..ဖွတ်မော်ဒန်လဲ ..၊ ဘာကို ဖွတ်တာလဲ၊ ဘယ်သူ့ကို ဖွတ် မှာတုံး။ (သယ် ..) ငါဆဲလိုက်ရ၊ မြန်မာလိုပြော မြန်မာဆန်ဆန် ပီပီ သသပြော …”

“ပို့ ..ဇ ..ထ ..မော.. ဒါ ..န ခေတ်လို့ခေါ်တဲ့ ခေတ်သစ် အလွန်ကာလကြီးကို ရောက်နေပြီလို့ ပြောတာပါ အကြီးအကဲ ..

“ဘာခေတ်ကြီးပဲရောက်ရောက်  မြန်မာပြည်က သင်္ကြန်ကတော့ မြန် မာဆန်မှဖြစ်မယ်။ အခုဆိုရင်  ကြည့် စမ်း။ သင်္ကြန်ကာလမှာ လိုင်စင်ပါ မစ်ရသလို့ မိန်းကလေးတွေတောင် အရက်သောက်ပြီး ဖြစ်ချင်တိုင်း ဖြစ် ကုန်ပြီ။ အဲသဟာ တစ်ချက်တည်းနဲ့ တင် မြန်မာလူမျိုးရဲ့ သိက္ခာဟာ အ ဖတ်ဆယ်မရတော့ဘူးမှတ် ..”

“မြန်မာ့ရိုးရာသင်္ကြန်ပွဲမှာ ပျော် ကြရွှင်ကြတာပေါ့ခင်ဗျာ။ ဝီစကီက လေး၊ ဘီယာကလေးနဲ့ဆိုတော့ ပိုပြီး မြူးတာပေါ့” “ဟဲ့အကောင် လာစမ်း”ဟုဆို ကာ အကြီးအကဲသည် မှင်စာ၏ြ<ွကက်နားရွက်နှင့်တူသော နားရွက် တစ်ဖက်ကို ဆွဲထားလိုက်ပြီးနောက် …

“နင် ..မသေမချင်းမှတ်။ သ င်္ကြန်ဆိုတာ ပျော်ရွှင်မူးရူးပြီး ရေပက် တဲ့ပွဲမဟုတ်ဘူး။ နှစ်သစ်ကူးအထိမ်း အမှတ်ယဉ်ကျေးမှုပွဲဆိုတာမှတ် လိုက်၊ ပြီးတော့ ဒီသင်္ကြန်ကြီးက ကု လားပြည်ကြီးကနေ အတုယူထားတဲ့ ပွဲ၊ ကုလားအကျင့်ကို မြန်မာအကျင့် ဖြစ်အောင် မြန်မာမှုပြုထားတဲ့ ငွေ ကုန်လူပန်းပွဲပဲ လဟဲ့”

“မင်းကြီးက ပြည်သူလူထုကို ပျော်ရွှင်မှုမပေးချင်တာလား။ မင်း ကြီးမပေးလည်း အစိုးရက ခွင့်ပြုထား တော့ ပြည်သူလူထုကတော့ သင်္ကြန် မှာ ကဲမှာပဲ။ ကွဲမှာပဲ၊ ပြဲမှာပဲ ခင်ဗျ ..”

“ဟဲ့ ဟဲ့ ..ဘာတွေကွဲ၊ ဘာ တွေပြဲတာတုံး”

“အရက်မူးတာကို ဗန်းစကား ဝေါဟာရနဲ့ ကွဲတယ်၊ ပြဲတယ်လို့ သုံး စွဲပါတယ် မင်းကြီး။ လူတွေ ကွဲတာပြဲ တာကို သိကြားမင်းကြီးကတောင် မသိချင်ယောင်ဆောင်ရပါတယ်ခင် ဗျာ …”

“ဟဲ့ မှင်စာ။ ငါဟာ မြန်မာလူ မျိုးဘဝကနေ စုတိလာရတဲ့ မှင်စာ အကြီးအကဲပီပီ၊ မြန်မာ့ယဉ်ကျေးမှု ကို ထိန်းသိမ်းရလိမ့်မကွဲ့၊ သည်တော့ …လာမယ့်အခါတွင်း သင်္ကြန်မှာ သရုပ်ပျက်အမှုတွေ လျော့ပါးအောင်၊ ကဲတာတွေ၊ ကွဲတာတွေ၊ ပြဲတာတွေ မရှိစေရအောင် ငရို့တတ်နိုင်တဲ့နည်း နဲ့ ကာကွယ်ရမှာ” ထို့နောက် ..မှင်စာအကြီးအ ကဲက သူ၏လျှို့ဝှက်စီမံကိန်းကို မှင် စာအား လျှို့လျှို့ဝှက်ဝှက်ပြောပြလေ ၏။  “အလွန်ကောင်း အလွန့်အလွန် ကောင်းတဲ့ စီမံကိန်းပါပဲ မင်းကြီး။ ဂွတ် ..ဂွတ်..ဗဲရီးဂွတ် ..”

အင်္ဂလိပ်အသုံးအနှုန်းကို မ ကြိုက်သည့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်သော အကြီးအကဲသည်  ယခုတစ်ကြိမ်မှာတော့ သူ့ကို ဖော်လံ ဖားနေသည့် မှင်စာအား ခွင့်လွှတ် လိုက်လေ၏။  သင်္ကြန်ကာလနီးလေသော် .. မှင်စာသည် တာဝန်အရ၊ အသွင်ယူ ၍ အရက်ချက်စက်ရုံပိုင်ရှင်တစ်ဦးထံ လာခဲ့သည်။ အိမ်မောကျနေသော အရက်ချက်စက်ရုံပိုင်ရှင်ကြီး လန့်နိုး သွား၏။

“နင်ဂျာ”ကဲ့သို့ဝတ်ဆင်၍ ဂျိမ်း ဘွန်းကဲ့သို့ အသံထိန်းကိရိယာတပ် ပစ္စတိုသေနတ်ကိုင်ထားသည့် မှင်စာ က … “မြန်မာ့ယဉ်ကျေးမှု ပျက်စီးစေ တဲ့ တရားခံတွေထဲမှာ မင်းတို့ဟာ နံ ပါတ် (၁) တရားခံတွေပဲ ..မင်းတို့ ကြောင့် မြန်မာ့ရိုးရာသင်္ကြန်ဟာ ဝီ စကီသင်္ကြန်၊ ဘီယာသင်္ကြန် ဖြစ်နေ ရပြီကွ၊ သည်တော့ …ဒီကနေ့က စပြီး သင်္ကြန်ပြီးတဲ့အထိ မင်းတို့ စက် ရုံတွေကို လုံးဝ၊ လုံးဝပိတ်ထားရမယ် ..။ ငါ့အမိန့်ကို နာခံမယ်ဆိုရင် ခေါင်းညိတ်၊ မနာခံရင်တော့ ..မင်း ဦးနှောက်ထဲကို ကျည်တစ်တောင့် ပစ်သွင်းလိုက်မယ်။ ဘယ့်နှယ်လဲ .. အမိန့်ကို နာခံမလား” စက်ရုံပိုင်ရှင်လူဝကြီးက ခေါင်း ညိတ်သည်။  “ကတိပေးသလား …ပေးရင် ခေါင်းညိတ်” လူဝကြီးက ရှုံ့မဲ့မဲ့နှင့် ခေါင်း ညိတ်ပြပြန်သည်။  “ကောင်းပြီ၊ ကတိတည်ပါစေ ..၊ မတည်ရင်တော့ မင်းဦးနှောက် တွေကို တစ်စစီဖြစ်သွားအောင်  ဖောက်ထုတ်ဖို့ ငါလာခဲ့မယ်။ မင်းတို့ စီးပွားပြိုင်ဘက် အရက်ချက် စက်ရုံ ပိုင်ရှင်ကြီးတွေဆီကိုလည်း ငါပေးတဲ့ အင်ဖော်မေးရှင်းကို မက်ဆိတ်အဖြစ် အမြန်ဆုံးဖြန့်ဝေလိုက်ပါ ..၊ နား လည်တယ်နော် ..

” လူဝကြီးက ငိုတော့မလို မျက် နှာထားဖြင့် ခေါင်းညိတ်၏။  မှင်စာသည် မိမိ၏လုပ်ဆောင် မှုကို ကျေနပ်အားရစွာဖြင့် ပြန်လာ ခဲ့ပြီး အကြီးအကဲထံ သတင်းပို့သည်။  “ဂွတ်သဟေ့ …ဂွတ်တယ်၊ အများကြီးဂွတ်၊ အားကြီးဂွတ်သကွ” ဟု အကြီးအကဲက ကောင်းကြီးပေး တော်မူသည်။  အခါကာလနီးသော် မှင်စာ သည် အရက်ချက်စက်ရုံများကို တစ် ရုံမကျန် လိုက်စစ်သည်။ တစ်ရုံမျှ မီး ခိုးမထွက်။ ဂိုဒေါင်တွေထဲမှာလည်း အရက်တစ်ပုလင်းမျှမမြင်ရ။ စက်ရုံ အားလုံး ဂိုဒေါင်အားလုံး ခြောက်ကပ် တိတ်ဆိတ်နေကြသည်မှာ သုသာန် တမျှ။

သို့သော် … မဟာသင်္ကြန်ကျ သောအခါတွင်မူ မဏ္ဍပ်ကြီးငယ်မှန် သမျှမှာ ယခင်နှစ်များကဲ့သို့ပင် ငမူး ငရူးများ ကဲကြ၊ ကွဲကြ၊ ပြဲကြဖြစ်နေ ပြန်လေ၏။  “အိုး …ဘယ်လိုဖြစ်ရတာ တုံး” ဟု မှင်စာညည်းတွားရင်း သေ ချင်စော်နံသွားသည်။  မှင်စာမသိသောအချက်မှာ .. ယမကာအေးဂျင့်များ၊ စားသောက် ဆိုင်များ၊ လက်လီအရောင်းဆိုင်များ က သင်္ကြန်တွင်းမှာ ဈေးတင်ရောင်း ရန် သင်္ကြန်မတိုင်မီ ၁ လအလိုက တည်းက အရက်များကို ကြိုတင်ဝယ် ယူပြီး အလုံအလောက်သိုလှောင်ထား ကြသောအချက်ပင်တည်း။  သို့နှင့်ပင် …ပျော်ရွှင်လည်း ပျော်ရွှင်ကြ …မူးလည်း မူးကြ၊ ရူး လည်း ရူးကြသော မဟာသင်္ကြန်အခါ ကာလသို့ရောက်လာတော့သည်။ အ ကြီးအကဲက သူ့ကိုဆူတော့မည်ကို သိ နေသော မှင်စာသည် စိတ်ညစ်ညစ် နှင့် စားသောက်ဆိုင်မှာ ဝီစကီဝင် မော့လေသည်။ ထို့နောက် မဏ္ဍပ် ကြီးတစ်ခု၏ မျက်နှာစာ မူးရူးကခုန် နေကြသည့် လူအုပ်ကြီးအတွင်း ဖင် ကလေးလိန်ဖည်၊ လိန်ဖည်နှင့် ဝင် ရောက် ‘ဒန့်’နေလေတော့ သတည်း။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*