ပရိသတ်ကြီးရဲ့တုံ့ ပြန်မှုကို ကြောက်ခဲ့သူ လိုင်လာခမ်း

ပရိသတ်ကြီးရဲ့တုံ့ ပြန်မှုကို ကြောက်ခဲ့သူ လိုင်လာခမ်း
March 28, 2018 AsianFame MediaGroup
ပရိသတ်ကြီးရဲ့တုံ့ ပြန်မှုကို ကြောက်ခဲ့သူ လိုင်လာခမ်း

‘တိုက်ဆိုင်မှုရှိလျှင်’ ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုရရှိလာတဲ့ ဘောလိဝုဒ်မင်းသမီး လိုင်လာ ခမ်းက အခုနှစ်အကယ်ဒမီဆန်ခါတင်ဇာတ်ကားတွေထဲမှာ ပါဝင်တဲ့ ‘ရာဇဝင်ရိုင်းသူများ’ ဇာတ်ကားကလည်း သူ့ အတွက် ပရိသတ်အားပေးမှု ပိုတိုးပွားများပြားလာ စေခဲ့ပါတယ်။ ‘ရာဇဝင်ရိုင်းသူများ’ ဇာတ်ကားနဲ့ ပရိသတ်တွေက အကယ်ဒမီမျှော်မှန်းပေးကြတဲ့ အပေါ် လိုင်လာခမ်းက …

”အစ်မကတော့ ဝမ်းသာရုံတစ်ခုပေါ့။ ဘာမှတော့ မမျှော်လင့်ထားပါဘူး။ ပရိ သတ်ကြီးက အစ်မရမှာသေချာတယ်ဆို ကတည်းက ကျေနပ်ပြီးသားပါ။ ‘ရာဇဝင် ရိုင်းသူများ’ ဇာတ်ကားကတော့ အမှတ် တရတွေ တအားများပါတယ်။ ‘တိုက် ဆိုင်မှုရှိလျှင်’မှာ negative ကာရိုက် တာလုပ်ပြီးတော့ ‘ရာဇဝင်ရိုင်းသူများ’ ဇာတ်ကားမှာ positive လုပ်ရမယ် ဆိုတော့ ကိုယ့်ကိုယ်ကိုယ် စိတ်တွေ က တအားတုန်လှုပ်ခဲ့တယ်။ ဖြစ်နိုင်ပါ့ မလားပေါ့။ ပရိသတ်ကြီးရဲ့ တုံ့ပြန် မှုကို ကြောက်ခဲ့တာပေါ့။ ဒါပေမဲ့ ရုပ် ရှင်ရုံမှာ ရုံတင်ပြသပြီးတော့ တ အားကျေနပ်တယ်။ တအားလည်း ဝမ်း သာတယ်။ ပရိသတ်တွေရဲ့ အချစ်ကို ပိုပြီးရလိုက်သလိုပဲ” လို့ပြောပါတယ်။ ဒီဇာတ်ကား တွေမှာ ကာရိုက်တာပီပြင်ဖို့ အတွက် အကောင်းဆုံးသရုပ်ဆောင်ဖြစ်ခဲ့ကြောင်းကိုလည်း လိုင်လာ ခမ်းက …

”တကယ်တမ်း ကိုယ်နဲ့မတူတဲ့ ကာရိုက်တာကို challenge လုပ်ခဲ့ရတာတော့ တိုက်ဆိုင်မှုရှိလျှင်ပါ။ တိုက်ဆိုင်မှု ရှိလျှင်ထဲက ကာရိုက်တာက ကိုယ့်အပြင်စိတ်နဲ့ တခြားစီ ဖြစ်ခဲ့ တယ်။ ဒီရာဇဝင်ရိုင်းသူများ ဇာတ်ကားမှာကျတော့ လိုင်လာ သဘောနဲ့ပဲ လိုင်လားသရုပ်ဆောင်ရတယ်။ တစ်ခုပဲ။ လိုင်လာရုပ်ကကျတော့ တအား Strong ဖြစ်တယ်။ သနားစရာမကောင်းဘူး။ ကိုယ်က သနားစရာ ကောင်းတဲ့သူအဖြစ်သရုပ်ဆောင်ရမယ်ဆို တော့ နည်းနည်းတော့ စိန်ခေါ်မှုဖြစ်တာပေါ့။ အဲဒါ ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်” လို့ ပြော ပါတယ်။ ရုပ်ရှင်ဇာတ်ကား နှစ်ကားစလုံးကို ဒါရိုက်တာမောင်မျိုးမင်းနဲ့ အတွဲညီညီ ပါဝင် ရိုက်ကူးခဲ့တဲ့ လိုင်လာခမ်းက သင်္ကြန်အပြီးမှာ လည်း ဒါရိုက်တာမောင်မျိုးမင်းနဲ့ ရုပ်ရှင် ဇာတ် ကားတစ်ကား ရိုက်ကူးသွားဦးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း Rhythm & Style International Academy သင်တန်းကျောင်း ဖွင့်လှစ်ထားပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ အတွက်ကိုတော့ သူကိုယ်တိုင်သင်ကြားပေး လျက်ရှိပြီး Makeup Professional Course နဲ့ Bolly International Dance တွေကိုတော့ တခြားဆရာတွေက သင်ကြားပေးနေပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-ဇော်ဝင်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*