ဒုတိယ တစ်ကိုယ်တော်အခွေထွက်ရှိဦးမယ့်သရုပ်ဆောင် အဆိုတော်မေ

ဒုတိယ တစ်ကိုယ်တော်အခွေထွက်ရှိဦးမယ့်သရုပ်ဆောင် အဆိုတော်မေ
March 28, 2018 Leanne Win
ဒုတိယ တစ်ကိုယ်တော်အခွေထွက်ရှိဦးမယ့်သရုပ်ဆောင် အဆိုတော်မေ

သရုပ်ဆောင် အဆိုတော် မေ က လွန်ခဲ့တဲ့  ၄နှစ်ကျော် ၅ နှစ် လောက်တုန်းကတော့  Marry Meဆိုတဲ့ တစ်ကိုယ်တော်စီးရီးခွေကို ထွက်ရှိခဲ့ပါတယ်။ အဲဒီအခွေက Audio အနေနဲ့ သာ ထွက်ရှိ ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဒီအခွေထဲက သူ့အကြိုက် နဲ့ပရိသတ်အကြိုက် သီချင်း လေးတွေ ကိုMTV အဖြစ် ရိုက်ကူး ပြီးအွန်လိုင်း မှာ ဖြန့်ချိသွားမှာ ဖြစ်ပါ တယ်။တစ်ခွေလုံးကိုMTV အဖြစ် ရိုက်ကူးသွားဖို့ကတော့…

“MTVအဖြစ်တစ်ခွေလုံးကိုတော့ မထွက်တော့ဘူးလို့ စဉ်းစားထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမသီချင်းတွေက ၄၅ နှစ်လောက်အချိန်ကြာခဲ့ပြီမို့ပါ။အဲဒီလောက် အချိန်ကြာခဲ့ပြီဆိုတော့ ဒီသီချင်းတွေကိုပဲMTV ထပ်ရိုက်ကူးပြီး အခွေထပ်ထုတ် ဖို့ကို ညီမကိုယ်တိုင်ကိုယ်က ဖီလင်မရှိဘူး။ မုက သိပ်မဖြစ်တော့ဘူး” လို့ တေးသံရှင် မေကပြောပြပါတယ်။ပထမအခွေက သီချင်းတွေကို MTV ရိုက်ကူးဖို့ စီစဉ်နေသလို ဒုတိယအခွေ ထပ်မံ ထွက်ရှိဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ တေးသံရှင်မေက ထပ်မံပြောပြပါတယ်။  “ညီမ ဒုတိယအခွေထွက်ဖို့ ပြင်ဆင်နေတယ်။ အခု သီချင်းတွေဘာတွေ စအပ်တာတွေ လုပ်နေပါ ပြီ။ဘယ်တော့ထွက်ဖြစ်မလဲတော့ မသိဘူး။ ဒီအခွေအတွက်ကိုလည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ပရိ သတ်တွေ စောင့်မျှော်အားပေးကြပါဦး။ ဒုတိယအခွေမှာတော့ ကိုယ် ကြိုက် တာလေးတွေပိုလုပ်ဖြစ်တော့ မှာပေါ့နော်။ သီချင်းအမျိုးအစား တွေ အတွက်ကတော့ မစီစဉ်ရသေးဘူး။ ရေးသားမှာကတော့ ပေါ့ပ်အမျိုးအစား တွေပဲ ရေးမှာ။ တီးတဲ့ မြုးဇစ်စတိုင်မှာတော့ ပြောင်းသွားမယ်ထင်တယ်။အဲဒါကြောင့် ဘယ်လိုဂီတအမျိုးအစားတွေလည်းဆိုတာ သိပ်ပြောလို့မရ သေးဘူး” လို့ပြောပြပါတယ်။ အခုလက်တလောမှာတော့ တေးသံရှင်မေက ဒါရိုက်တာမင်းဦးရိုက်ကူး နေတဲ့ မျက်နှာဖုံးများရုပ်ရှင်ဇာတ်ကားမှာ ကျော်ထက်အောင်၊ အိချောပို၊ စိုးပြည့်သဇင်၊ အေးဝတ်ရည်သောင်း၊ မြနှင်းရည်လွင်တို့နဲ့အတူ ပါဝင် သရုပ်ဆောင်ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*