အကယ်ဒမီဆုပေးပွဲ အမာခံပရိသတ် အိမ့်ချစ်ကပြောတဲ့ ဒီနှစ်အကယ်ဒမီအကြောင်း

အကယ်ဒမီဆုပေးပွဲ အမာခံပရိသတ် အိမ့်ချစ်ကပြောတဲ့ ဒီနှစ်အကယ်ဒမီအကြောင်း
March 21, 2018 AsianFame MediaGroup
အကယ်ဒမီဆုပေးပွဲ အမာခံပရိသတ် အိမ့်ချစ်ကပြောတဲ့ ဒီနှစ်အကယ်ဒမီအကြောင်း

”ဒီအရွယ်တင့်တင့်တို့အရွယ် ..”လို့ လူသိများကြတဲ့ ”အပျိုဖြန်း” သီချင်းကို အိမ့်ချစ်က အကယ်ဒမီဆုပေးပွဲ ဖျော်ဖြေရေးအစီအစဉ်မှာ သီဆိုဖျော်ဖြေသွားမှာပါ။ အိမ့်ချစ်က ဂီတနယ်ပယ်က ဆိုပေမယ့်လည်း ရုပ်ရှင်လောကသားတွေရဲ့ အကယ်ဒမီဆု ပေးပွဲရဲ့ ပရိသတ်တစ်ယောက်ပါလို့ ဖွင့်ဟဆိုပါတယ်။

”အိမ့်ချစ်က တကယ်တမ်းတော့ အကယ်ဒမီဆုပေးပွဲကြီးရဲ့ ပရိသတ်ပါ။ နှစ်တိုင်း ဘယ်တော့မှ မလွတ်ဘူး။ ခရီးသွားနေရင်တောင် အွန်လိုင်းက နေကြည့်တယ်။ အကယ်ဒမီ ဆုပေးပွဲကြီး ကျင်းပတဲ့နေ့ဆိုရင် ပရိသတ်ပါ။ ညနေ ၄ နာရီဆိုတာနဲ့ ကို တီဗီဖွင့်ပြီးတော့ အမြဲတမ်းထိုင် ကြည့်ခဲ့တာပေါ့နော်။ ဒီတစ်ခေါက်မှာ အကယ်ဒမီစင်မြင့်ထက်မှာ အိမ့်ချစ်က အနုပညာရှင် တစ်ယောက်အနေနဲ့ ပါဝင်ဖျော်ဖြေတင်ဆက်ခွင့်ရမယ်ဆိုတော့လည်း ရင်ထဲမှာ တကယ့်ကို ကြည်နူးမိပါတယ်”လို့ အိမ့်ချစ်က ပြောပါတယ်။

အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေနဲ့ပတ်သက်ပြီး ပရိသတ်တစ်ယောက်အနေနဲ့ ဘယ်သူတွေကို အကယ်ဒမီရစေချင်လဲလို့ အိမ့်ချစ်ကိုမေးတော့ ဒီနှစ်ဇာတ်ကားတွေဟာ အတော်လေးကောင်းမွန်တဲ့အတွက်ကြောင့်မို့ ဆုံးဖြတ်ရခက်လိမ့်မယ်လို့ ယူဆကြောင်း သူမက ပြောပါတယ်။ ဒါပေမဲ့ အိမ့်ချစ်ရင်ထဲမှာ အကယ်ဒမီပေးထားတဲ့သူ တစ်ယောက်တော့ ရှိနေနှင့်ပြီးသားပါ။ အဲဒီအကယ်ဒမီဆုရှင်နဲ့ ပတ်သက်ပြီးတော့ …

” ‘ရင်ဘတ်ထဲက ဓား’ဆိုလို့ရှိရင် မျက်ရည်ပေါက်ပေါက်ကျပြီးရုံထဲက ပြန်ထွက်လာခဲ့ရ တယ်။ မှတ်မှတ်ရရပေါ့နော်။ ဒါဘာကြောင့်လဲဆိုတော့ အိမ့်ချစ်ရဲ့မိဘ ၂ ပါးကလည်း အဲဒီလိုအိမ်ထောင်ရေးမျိုးဖြစ်ခဲ့တယ်ပေါ့နော်။ ကြည့်ရင်းနဲ့ ကိုယ့်ရဲ့မိဘ ၂ ပါး အိမ်ထဲမှာဖြစ်ပျက် နေတာကို ပြန်မြင်ယောင်ပြီး တကယ်ကို မျက်ရည်ကျပြီးရုံထဲက ပြန်ထွက်လာရတယ်။ မအူဝဲသရုပ်ဆောင်တာဆိုရင်လည်း တကယ့်ကို အပြင်ကမိန်းမတစ်ယောက်ရဲ့ အပူနဲ့သော ကနဲ့ မြုံထားရတဲ့မျက်နှာ၊ ပြောမထွက်တော့တဲ့စကားလုံး၊ အဲဒါတွေဟာ အိမ့်ချစ်အပြင်က ဇာတ်ကောင်တွေကို နီးနီးကပ်ကပ်တွေ့ဖူးခဲ့တဲ့အတွက် မအူဝဲဟာထပ်တူကျအောင် သရုပ်ဆောင်နိုင်တဲ့ မိန်းမသားတစ်ယောက်ပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ မအူဝဲကို တော့ အိမ့်ချစ်ရဲ့ရင်ထဲမှာတော့ အကယ်ဒမီပေးထားတယ်” လို့ အိမ့်ချစ်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*