သားဖြစ်သူကို အနုပညာနဲ့ပတ်သက်ပြီး အများကြီး လေ့လာစေချင်သေးတဲ့ အကယ်ဒမီ မေသဉ္ဇာဦး

သားဖြစ်သူကို အနုပညာနဲ့ပတ်သက်ပြီး အများကြီး လေ့လာစေချင်သေးတဲ့ အကယ်ဒမီ မေသဉ္ဇာဦး
March 21, 2018 AsianFame MediaGroup
သားဖြစ်သူကို အနုပညာနဲ့ပတ်သက်ပြီး အများကြီး လေ့လာစေချင်သေးတဲ့ အကယ်ဒမီ မေသဉ္ဇာဦး

အနုပညာအလုပ်ကို ဝါသနာပါလာတဲ့ မေသဉ္ဇာဦးရဲ့သား မင်းသုခိုင်ကတော့ မကြာခင်ကျင်းပတော့မယ့် အကယ် ဒမီဆုပေးပွဲမှာ အကူမောင်မယ်အနေနဲ့ ပါဝင်မှာဖြစ်ပါတယ်။ အခုလိုအကယ်ဒမီဆုပေးပွဲမှာ အကူမောင်မယ်အဖြစ် ပါဝင်ရမှာဖြစ်တဲ့ သားဖြစ်သူကို အနုပညာနဲ့ပတ်သက်တဲ့ သင်ယူမှုတွေ ဘယ်လိုတွေလုပ်ဆောင်ပေးနေလဲဆိုတာ မေသဉ္ဇာဦးကို မေးမြန်းကြည့်ခဲ့ရာ …

”သူတစ်ခါမှ အနုပညာနဲ့ ပတ်သက်ပြီး လုပ်လည်း မလုပ်ဖူးဘူး၊ ဒီနှစ်ကျမှ အမေ သား အကယ်ဒမီဆုပေးပွဲကြီးရဲ့ အကူမောင်မယ်မှာ လျှောက်ချင်တယ်လို့ ပြောလာတာ၊ အဲဒါနဲ့ လျှောက်ကြည့်လိုက်ပေါ့ဆိုပြီး သွားလျှောက်ခိုင်းလိုက်တာ၊ တကယ်လို့ မပါခဲ့ရင်လည်း အမေနဲ့ အတူ အကယ်ဒမီပေးပွဲလိုက်ခဲ့မယ်ဆိုပြီး ပြောတယ်။ ကိုယ့်သားအခုလို အနုပညာဝါသနာပါလာတဲ့အတွက်တော့ ဝမ်းသာပါတယ်။ အခုလောလောဆယ်တော့ သူ့ကို ဘာမှတော့ မသင် ပေးဖြစ်သေးဘူး။ အကယ်ဒမီအတွက်ကို ကိုရန်လေးတို့ သင်ပြပေးမှာ ဆိုတော့ ကိုယ်ကတော့ စိတ်မပူဘူး။ နောက်ပြီး အရင်နှစ် အကယ်ဒမီ ဆုပေးပွဲတွေလို စင်ပေါ်မှာ လမ်းလျှောက်ခိုင်း တာမျိုးတွေလည်း ဒီနှစ်ရှိချင်မှရှိမယ်။ အကူမောင်မယ်ဆို တဲ့အတွက် အကယ်ဒမီ ဖွင့်ဖောက်မယ့်သူတွေကို တွဲပေး မယ်ဆိုတဲ့အနေနဲ့ပဲဆိုတော့ မသင်ပြပေးဖြစ်သေးဘူး” လို့ ပြောပါတယ်။ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး လည်း သားဖြစ်သူကို အများကြီး ထပ်လေ့လာစေ ချင်သေးကြောင်း ဖွင့်ဟလာတဲ့ မေသဉ္ဇာဦးက အခု လောလောဆယ်မှာတော့ သားဖြစ်သူနဲ့အတူ ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်း ထားတာမရှိ သေးကြောင်း ပြောပါတယ်။ ”အရင်တုန်းကဆို ရင် ကိုယ်အင်တာဗျူးတွေ ဖြေဆိုရင်တောင် သူတို့ကို ခေါ်ရင်တောင် ဘာလို့ခေါ်တာလဲလို့ တောင် ပြောခဲ့တာ။ အခုမှ သူလည်း ဘွဲ့ရပြီးပြီဆို တော့ အနုပညာအလုပ်လည်း လုပ်လို့ရပါပြီ၊ သူ့အနေ နဲ့ အနုပညာနဲ့ပတ်သက်ပြီး အများကြီး လေ့လာရဦး မယ်၊ ကိုယ်တွေနောက်ကို လိုက်ကြည့်ပြီး သင်ယူရ ဦးမယ်၊ သရုပ်ဆောင်ကလေးတွေကလည်း အများကြီး ရှိနေကြပြီဆိုတော့ သူ အများကြီး ကြိုးစားမှရမှာ။ သူရဲ့ ဇွဲ၊ လုံလ ခံယူချက်တွေ အများကြီးလည်း ရှိသေးတယ်။ ဝါသနာပါတာလေး ကိုပဲ ကိုယ်ဝမ်းသာနေတာ။ ဖြစ်မယ်မဖြစ်ဘူးဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာပေါ့” လို့ပြောပါတယ်။

တွယ်တာ ၊

ဓာတ်ပုံ မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*