ပရိသတ်ပေးတဲ့ အကယ်ဒမီ

ပရိသတ်ပေးတဲ့ အကယ်ဒမီ
March 21, 2018 AsianFame MediaGroup
ပရိသတ်ပေးတဲ့ အကယ်ဒမီ

အခုတစ်ပတ်မှာတော့ မကြာခင်ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲကြီး လည်း နီးလာပြီဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်တွေဆီက သူတို့ရစေချင်တဲ့ အနုပညာရှင်တွေအကြောင်း ‘ပရိသတ်ပေးတဲ့အကယ်ဒမီ’ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးမြန်းဖော်ပြလိုက်ပါတယ်။

မဆုဆုအောင်

အကယ်ဒမီကတော့ ကိုနေတိုးနဲ့ မအိန္ဒြာကျော် ဇင်ကို ရစေချင်ပါတယ်။ ရမယ်လို့လည်း ခန့်မှန်း ထားပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ် ယောက်က သရုပ်ဆောင်တဲ့နေရာမှာ တကယ်တော်တယ်။ အသက်ဝင်တယ်။ တခြားသူတွေလည်း တော်ကြပါ တယ်။ ကိုမြင့်မြတ်တို့၊ ကိုပြေတီဦး တို့ဆိုရင်လည်း ပြောစရာမလိုအောင်တော်ကြပါတယ်။ သူတို့ကို လည်း ရစေချင်ပါတယ်။ မင်းသမီးထဲမှာဆိုရင် ဖွေးဖွေးနဲ့ဝတ်မှုံရွှေရည်ကို ရ စေချင်တယ်။ ဇာတ်ကားတွေကတော့ သိပ်မကြည့်ဖြစ်ပါဘူး။ ဒါပေမဲ့ ရင်ဘတ် ထဲက ဓားတို့ဘာတို့ဆိုရင်လည်း တော်တော်ကောင်းပါတယ်။ သရုပ်ဆောင်တွေ ကတော့ သူ့နေရာနဲ့သူတော်ကြပါတယ်။ ဇာတ်ပို့ထဲမှာဆိုရင်တော့ ဟိန်းမင်းကို ရစေချင်ပါတယ်။

မမေသူထက်

အခုနှစ်ရုံကြီးကားတွေတော့သိပ်မကြည့်ဖြစ် ဘူး။ ဒါပေမဲ့ ကိုနေတိုးနဲ့မအိန္ဒြာကျော်ဇင်ရမယ်လို့ တော့ထင်တယ်။ မအိန္ဒြာကျော်ဇင်ကိုတော့ ရင် ဘတ်ထဲကဓားဆိုတဲ့ ဇာတ်ကားနဲ့ရမယ်လို့တော့ ပြောသံကြားတယ်။ ကိုယ်ကတော့မဖွေးဖွေးကိုရစေချင်တယ်။ ပြီးတော့ ကိုနေတိုးကိုလည်း ရစေချင် တယ်။ ဘာလို့လဲဆိုတော့ သူတို့ကသရုပ်ဆောင်တာ လည်း အသက်ပါတယ်။ ဘယ်ဇာတ်ရုပ်မဆို အပိုအလိုမရှိအောင်လည်း သရုပ် ဆောင်နိုင်တယ်။ သူတို့သရုပ်ဆောင်တာကိုလည်း ကြိုက်တယ်။ မဖွေးဖွေးက တော့ သရုပ်ဆောင်တာက သူများတွေလိုချွဲပြီးပြောနေတာမျိုးမဟုတ်ဘဲ သဘာ ဝအတိုင်း သရုပ်ဆောင်တယ်။ မအိန္ဒြာကျော်ဇင်ကတော့ ရင်ဘတ်ထဲကဓားမှာ သရုပ်ဆောင်တာ တော်တော်ကောင်းပါတယ်။ အဲဒါကြောင့် ရစေချင်တာပါ။ဇာတ်ပို့ထဲမှာဆိုရင်တော့ ဦးခင်လှိုင်ကိုရစေချင်တယ်။ ကျန်တဲ့ အနုပညာရှင် တွေလည်း သူ့နေရာနဲ့သူတော့ တော်ကြပါတယ်။

မကျော့ကေကို

ဒီနှစ်အကယ်ဒမီဆုကိုတော့ ကိုနေတိုးနဲ့ မအိန္ဒြာကျော်ဇင်ကို ခန့်မှန်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကသရုပ်ဆောင်တာကောင်းတယ်။ သဘာဝကျတယ်။ ပီပြင် တယ်။ အဲဒါကြောင့်သူတို့နှစ်ယောက်ကို အကယ်ဒမီရမယ်လို့မျှော်လင့်ပါတယ်။ ကျန်တဲ့သရုပ်ဆောင်တွေလည်း သူ့ဟာနဲ့သူအကုန်လုံးတော်ကြပါတယ်။ ဇာတ်ပို့တွေထဲမှာဆိုရင်တော့ ဦးခင်လှိုင်ကို ရစေချင်တယ်။ သူလည်း သရုပ် ဆောင်တာတော်တယ်။ ပြီးတော့ သူ့သရုပ်ဆောင်တဲ့ပုံကအသက်ပါတယ်။ မအိâန္ဒာကျော်ဇင်ကိုတော့ ရင်ဘတ်ထဲက ဓားဆိုတဲ့ ဇာတ်ကားနဲ့ရမယ်လို့ထင်တယ်။ ကိုနေတိုးကိုတော့ တာတေကြီးဆိုတဲ့ ဇာတ်ကားနဲ့ရမယ်လို့ ခန့်မှန်းထားပါ တယ်။ ပြီးတော့ ဦးခင်လှိုင်ကိုတော့ တောကျီးကန်း ဇာတ်ကားနဲ့ ရမယ်လို့တော့ ထင်တယ်။ ဇာတ်ကားတော်တော်များများ ကကောင်းပါတယ်။ ကိုယ်ခန့်မှန်းထားတဲ့သူတွေအပြင် တခြားသူတွေရရင်လည်း ကောင်းပါတယ်။

မမျိုးမျိုး

အကယ်ဒမီကတော့ မင်းသားက နေတိုး၊ မင်းသမီး ကတော့ အိန္ဒြာကျော်ဇင်ရမယ်လို့ ထင်ပါတယ်။ နေတိုးက တာတေကြီးဇာတ်ကားမှာ သရုပ်ဆောင် တာက တအားကောင်းတယ်။ မူရင်းအိန္ဒိယဇာတ် ကားကို မှီငြမ်းပြီးရိုက်ကူးထားတယ် ဆိုပေမယ့် အိန္ဒိ ယဇာတ်ကားထက်တောင် ပိုကြည့်ကောင်းတယ်။ အိန္ဒြာကျော်ဇင်က ရင်ဘတ်ထဲကဓား ဇာတ်ကားထဲ မှာ တော်တော်လေးကောင်းတယ်။ သရုပ်ဆောင်တာက ဟာကွက်မရှိကောင်း တယ်။ ဇာတ်ပို့ကိုတော့ မခန့်မှန်းတတ်ပါဘူး။ ဇာတ်ကားတွေကတော့ ချိုမြိန် သော လက်စားချေခြင်း၊ အမှောင်မှာရွာချတဲ့ မိုးတိမ်(ကျွန်)၊ ရင်ဘတ်ထဲကဓား၊ တာတေကြီး၊ တောကျီးကန်း အဲဒီဇာတ်ကားတွေက တအားကောင်းတော့ အဲဒီဇာတ်ကားတွေပဲ ရမယ်လို့ထင်ပါတယ်။

ကိုကျော်သူရထွန်း

အကယ်ဒမီကတော့ မင်းသားထဲမှာဆိုရင် မြင့်မြတ်ကိုရစေချင်တယ်။ မင်းသမီးထဲမှာဆိုရင် ဖွေးဖွေးကိုရစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်က သရုပ်ဆောင်တဲ့အခါ သဘာဝ ကျကျသရုပ်ဆောင်နိုင်တယ်။ ဘယ်ဇာတ်ရုပ်မျိုးကို မဆို ကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တယ်။ အကယ်ဒမီကတော့ နေတိုးနဲ့အိန္ဒြာကျော်ဇင်ရမယ် လို့ ခန့်မှန်းထားပါတယ်။ နေတိုးဆိုရင်လည်း တာတေကြီးဇာတ်ကားထဲမှာ သရုပ်ဆောင်သွားတာ တော်တော်ကောင်းတယ်။ အိန္ဒြာကျော်ဇင်ဆိုလည်း ရင်ဘတ်ထဲကဓားဇာတ်ကားထဲမှာ သရုပ်ဆောင်တာပီပြင်တယ်။ အသက်ဝင် တယ်။ ဇာတ်ပို့ထဲမှာဆိုရင် စိုးပြည့်သဇင်နဲ့ဟိန်းမင်းရမယ်လို့ထင်တယ်။ ရ လည်းရစေချင်ပါတယ်။

မဇင်မြတ်နိုးဦး

ဒီနှစ်အကယ်ဒမီကိုတော့ တာတေကြီးဇာတ် ကားနဲ့ကိုနေတိုးရမယ်လို့ခန့်မှန်းထားပါတယ်။ သူက သရုပ်ဆောင်တဲ့နေရာမှာ စွယ်စုံရတဲ့ မင်းသားတစ် လက်ပါ။ ပြီးတော့ တော်လည်းတော်တယ်။ မင်းသမီး ကတော့ ရွှေမှုန်ရတီကိုရစေချင်ပါတယ်။ ဟန်းနီး မွန်းဆိုတဲ့ ဇာတ်ကားမှာ သူ့သရုပ်ဆောင်ပုံတွေ က တကယ်ပီပြင်ပါတယ်။ သူက အသက်ငယ်ပေမယ့် သရုပ်ဆောင်တဲ့နေရာမှာတော့ တကယ်တော်ပါတယ်။ ပြီးတော့ ရင်ဘတ် ထဲကဓားဆိုတဲ့ဇာတ်ကားနဲ့ မအိန္ဒြာကျော်ဇင်ရမယ်လို့လည်းကြားတယ်။ သူ လည်း တကယ်တော်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပါ။ အဲဒီဇာတ်ကားထဲ မှာဆိုရင် သူ့သရုပ်ဆောင်ပုံက ပီပြင်တယ်။ ဇာတ်ပို့တွေထဲမှာဆိုရင်တော့ ခင် လှိုင်နဲ့စိုးပြည့်သဇင်ရမယ်လို့ထင်တယ်။ သူတို့နှစ်ယောက်ကလည်း သရုပ် ဆောင်တဲ့နေရာမှာ တော်ကြပါတယ်။

ကိုအောင်ကြည်ထွန်း

အကယ်ဒမီကတော့ပြေတီဦးနဲ့ မြင့်မြတ်ကိုရစေ ချင်ပါတယ်။ သူတို့ နှစ်ယောက်က သရုပ်ဆောင်တာ လည်းတော်တယ်။ သဘာဝကျကျနဲ့သရုပ်ဆောင်နိုင် တဲ့သူတွေပါ။ ပြေတီဦးကတော့ နေဝင်အိပ်တန်းတက် ဆိုတဲ့ဇာတ်ကားထဲမှာ သရုပ်ဆောင်သွားတာက လုံးဝ အသက်ဝင်တယ်။ မြင့်မြတ်ဆိုလည်း တောကျီးကန်း ဇာတ်ကားမှာ သရုပ်ဆောင်တာတွေက တကယ်ပီပြင် တယ်။ ပြီးတော့ ကိုခင်လှိုင်သူလည်း တကယ်တော်တဲ့ ဝါရင့်သရုပ်ဆောင် တစ်ယောက်ပါ။ မင်းသမီးထဲမှာဆိုရင် အေးမြတ်သူကို ရစေချင်ပါတယ်။ နေတိုးနဲ့အိန္ဒြာကျော်ဇင်ရမယ်လို့ ပြောသံတော့ကြားတယ်။ ဘာပဲဖြစ်ဖြစ်သူတို့နှစ်ယောက်ကလည်း သရုပ်ဆောင်တဲ့နေရာမှာ တကယ်တော်ပြီး ပီပြင် အောင်သရုပ်ဆောင်နိုင်တဲ့ သူတွေဆိုတော့ ရမယ်လို့ထင်တယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*