ပရိသတ်တွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဘုရား တည်နေတဲ့ တင်မောင် ဆန်းမင်းဝင်းတို့ မိသားစု

ပရိသတ်တွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဘုရား တည်နေတဲ့ တင်မောင် ဆန်းမင်းဝင်းတို့ မိသားစု
March 21, 2018 AsianFame MediaGroup
ပရိသတ်တွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဘုရား တည်နေတဲ့ တင်မောင် ဆန်းမင်းဝင်းတို့ မိသားစု

 

တင်မောင်ဆန်းမင်းဝင်း၊ မအေးမမလှိုင်တို့မိသားစုက ထီးချိုင့်မြို့၊ မောင်း ကုန်းကျေးရွာ၊ သံခြေတောင်မှာ ဘုရားတည်နေပါတယ်။ ဘုရားရဲ့ဘွဲ့တော် ကတော့ တဝစေတီတော်မြတ်ကြီးဖြစ်ပြီး ၆၅ တောင် ဥာဏ်တော်အမြင့်ရှိတယ် လို့ သိရပါတယ်။ ဘုရားတည်ဖို့အတွက် ငွေကျပ်သိန်း၁ဝဝနဲ့ရွှေတစ်ဆယ်သား မတည်ထားပြီး ဆက်လက်ပြီးလည်းလှုဒါန်းသွားမှာဖြစ်တယ်လို့ မအေးမမလှိုင် က ပြောပါတယ်။

”ဥာဏ်တောင်အမြင့်က ၆၅ တောင်ဖြစ်တဲ့အတွက်ကြောင့် တအားကြီး တယ်လေ။ သိန်းပေါင်း တော်တော်များများးတော့ကုန်မယ်။ဒီကြားထဲမှာတော့ ရသလောက်တော့ လှူနေပါတယ်။တခြားအလှူရှင်တွေလည်း လှူကြပါတယ်။အစ်မတို့ကတော့ အရင်ဆုံးစပြီးမတည်လိုက်တာပေါ့။ ပြီးတာကတော့ဒီနှစ်ကုန် လောက်တော့ပြီးမယ်ထင်တယ်”လို့ ဘုရားတည်နေတာနဲ့ပတ်သက်လို့ မအေး မမလှိုင်ကပြောပါတယ်။

ဘုရားတည်နေတာကလည်း ပရိသတ်တွေရဲ့အနုပညာကြေးတွေစုပြီး လှူဒါန်းရတာဖြစ်တဲ့အတွက်ကြောင့် ပရိသတ်တွေရဲ့ အလှူဒါနလည်း ပါဝင်ပါ တယ်လို့သူကဆိုပြန်ပါတယ်။

”အလှူရေစက်ချပြီဆိုတာနဲ့ပရိသတ်တွေကိုပါ ကုသိုလ်အမျှပေးဝေပါ တယ်။ ဘာကြောင့်လဲဆိုတော့ ပရိသတ်တွေကအစ်မတို့ မိသားစုကိုချစ်ခင်လို့ လှူနိုင်တာလေ။ အပွင့်လင်းဆုံးပြောရရင် အစ်မမချမ်းသာပါဘူး။ အိမ်ကောင်း လည်းမရှိသလို ကားကောင်းလည်းမရှိပါဘူး။ ဒါပေမဲ့ လှူတယ်ဆိုတာ နောင် ဘဝအတွက်ရော ဒီဘဝအတွက်ရောပေါ့။ ဒီဘဝမှာတော့ ပရိသတ်တွေကို ကျေးဇူးပြန်ဆပ်တာပါ” လို့ အလှူနဲ့ပတ်သက်လို့ မအေးမမလှိုင်ကပြောပါတယ်။ တင်မောင်ဆန်းမင်းဝင်းတို့ မိသားစုက ဒီနှစ်ထဲမှာပဲ ရှင်အပါးတစ်ရာကျော်ကို ရှင်ပြုပေးခဲ့ပါသေးတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*