မြင့်မြတ်ကို အကယ်ဒမီရချိန်တန်ပြီ လို့ထင်တဲ့ယုန်လေး

မြင့်မြတ်ကို အကယ်ဒမီရချိန်တန်ပြီ လို့ထင်တဲ့ယုန်လေး
March 20, 2018 AsianFame MediaGroup
မြင့်မြတ်ကို အကယ်ဒမီရချိန်တန်ပြီ လို့ထင်တဲ့ယုန်လေး

ယုန်လေးဆိုတာလည်း အဆိုတော်ကနေသရုပ်ဆောင်ဘက်ကို လျှောက်လှမ်းနေ ပြီး ဇာတ်ကားတွေတောက်လျှောက်ရိုက်ကူးနေတဲ့သူပါ။ ဒီနှစ်အကယ်ဒမီပေးပွဲရဲ့ ဇာတ်ကားဆန်ခါတင်စာရင်းထဲမှာ ယုန်လေးတို့ရဲ့ Original Gangster-2 ဇာတ် ကားကလည်းပါနေလေတော့ သူ့ကို အကယ်ဒမီရင်ခုန်သံအကြောင်း အနည်းငယ် တီးခေါက်ကြည့်မိပါတယ်။

”ကျွန်တော်ကတော့ အဝေးကြီးပါ။ ကျွန်တော်က အကယ်ဒမီမှန်းရင် ဆိုက် ကားသမားက Land Cruiser ကြီးတက်စီးသလိုမျိုးဖြစ်နေမှာပေါ့။ အဝေး ကြီးပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဇာတ်ကားနဲ့ရမယ်ဆိုရင်တော့ ကျွန် တော့်သူငယ်ချင်းမြင့်မြတ်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန် အပျော်ဆုံးဖြစ်မှာပေါ့။ ကိုခင်လှိုင်၊ ပြီးတော့ကိုဂျိုး၊ ကျွန်တော်တို့ ထုတ်လုပ်သူကိုစိန်ထွေး၊ ဇာတ်ညွှန်းကိုမင်းညီ။ ထားပါ တော့…တစ်ယောက်ယောက်ရသွားမယ်ဆိုရင်တော့ ပျော် တာပေါ့။ ဒါပေမဲ့လည်း ကျွန်တော်က ပရိသတ်ကို ဟိုလိုမျိုးရန်တိုက်ပေးတာမျိုးမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ မြင့်မြတ်အိုက်တင်တအားကောင်းတယ်။ ဒါပေမဲ့ လုပ်ကွက်က နည်းနည်းလေးနည်းတယ်။ အမည်ပေါက်နှင့်ကျူးမှာဆိုရင် လုပ်ကွက်များတယ်။ အိုက်တင်မိုက်တယ်။ ဒါပေမဲ့ သူ့အိုက် တင်ကို ပေါ်အောင်မပံ့ပိုးနိုင်ဘူးလို့ ကျွန်တော်မြင်တယ်ဗျာ။ ဒါအမှန်အတိုင်းပြောတာ။ မြင့်မြတ်ကတော့ ရချိန်တန်ပြီလို့ ထင်တယ်။ ဒါပေမဲ့ မရလည်းဘာမှတော့မဖြစ်ပါဘူး။ ရရ၊ မရရ အားလုံးရော တစ်လောကလုံးပါ အကယ်ဒမီရဖို့လုပ်နေ တာမဟုတ်ဘူး။ ကိုယ့်ပရိသတ်ကို ကိုယ်အကောင်းဆုံးဖြစ် အောင်၊ ဇာတ်ကားတိုင်းကို အကောင်းဆုံးဖြစ်အောင်ကြိုး စားနေကြတဲ့သူတွေချည်းပါပဲ။ မြင့်မြတ်လည်း ဒီလောက် ကောင်းတဲ့သူကိုဗျာ။ တစ်ချိန်မဟုတ်တစ်ချိန်ရမှာပဲ။ ဘာလာလာကောင်းတဲ့သူက စိတ်ကိုမပူတာ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်ကကိုယ်တွေဖန်တီးထားတဲ့ ဇာတ်ကား လေးနဲ့များရခဲ့ရင်တော့ တအားပျော်မှာပေါ့ဗျာ”လို့ ယုန်လေးက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*