မြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများကို နာမည်ကျော် အဆိုတော်များနဲ့ ဖျော်ဖြေမယ့် အကယ်ဒမီဆုပေးပွဲ

မြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများကို နာမည်ကျော် အဆိုတော်များနဲ့ ဖျော်ဖြေမယ့် အကယ်ဒမီဆုပေးပွဲ
March 20, 2018 AsianFame MediaGroup
မြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများကို နာမည်ကျော် အဆိုတော်များနဲ့ ဖျော်ဖြေမယ့် အကယ်ဒမီဆုပေးပွဲ

မတ်လ ၂၃ ရက်နေ့မှာ ကျင်းပ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲရဲ့ ပထမခြေလှမ်းကိုတော့ မတ်လ ၁ဝရက်နေ့ အမျိုးသားဇာတ်ရုံ မှာ မြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးသီ ချင်းများ ဂုဏ်ပြုဖျော်ဖြေပွဲနဲ့စတင် ခဲ့ပါပြီ။ တစ်ခေတ်တစ်ခါက ကျော် ကြားခဲ့ကြတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း တွေကို အကယ်ဒမီဆုပေးပွဲမှာ ဖျော်ဖြေ ရေးအနေနဲ့ ထည့်သွင်းဖျော်ဖြေသွား ဖို့ စီစဉ်ထားပါတယ်။ တီးခတ်ပေး မယ့် အော်ခက်စထရာတီးဝိုင်းကလည်း အကယ်ဒမီဓီရာမိုရ်တို့ တီးဝိုင်းဖြစ်သ လို သဘင်မင်းသမီးကြီး နန်းခင်မွှေး၊ ဂရေဟမ်၊ ဖိုးသောကြာ၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်စတဲ့ တေးသံရှင် များကလည်း အောင်မြင်ကျော်ကြား ခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေးများနဲ့ ဖျော်ဖြေသွားကြမှာပါ။

”အကယ်ဒမီဆုပေးပွဲမှာ အစဉ်အ လာအရ ပရိသတ်များလည်း မငြီး ငွေ့သွားအောင်ဆိုပြီး တေးသီချင်း လေးတွေကို ထည့်သွင်းဖျော်ဖြေလေ့ ရှိပါတယ်။ အများအားဖြင့်လည်း ရုပ် ရှင်ဇာတ်ဝင်တေးသီချင်းများကိုဖျော် ဖြေလေ့ရှိပါတယ်။ ဒါကြောင့်အကယ် ဒမီဆုပေးပွဲကြီးမှာ မဖျော်ဖြေခင်ရုပ်ရှင် လောကရဲ့ သက်ကြီးဝါကြီးများ၊ ပညာရှင်ကြီးများကို ကြိုတင်ပြသပြီး အကဲဖြတ်ပေးနိုင်ဖို့အတွက် အကြိုအ နေနဲ့ တီးခတ်ကြပါတယ်”လို့ အကယ် ဒမီပေးပွဲမှာထည့်သွင်းသွားမယ့်ဖျော် ဖြေရေးအခန်းကဏ္ဍအကြောင်းကို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်း က ပြောပြပါတယ်။

”မလေးလက်ခတ်သံ”သီချင်းကို သီဆိုမယ့် မင်းသမီးကြီး နန်းခင်မွှေး က … ”အန်တီတို့ကလည်း ရုပ်ရှင်ပရိသတ် တွေပါ။ အခုတော့ အကယ်ဒမီပေးပွဲ မှာလည်း ဖျော်ဖြေခွင့်ရတယ်ဆိုတော့ ဂုဏ်ယူလို့မဆုံးဖြစ်ရသလို၊ရင်ခုန်တာ ထက်လည်းပိုတဲ့ ခံစားမှုတွေဖြစ် ရပါတယ်”လို့ပြောပါတယ်။ တေးသံ ရှင်ဂရေဟမ်ကတော့ သူဒရမ်သမား တစ်ယောက်အနေနဲ့လုပ်ကိုင်ခဲ့စဉ် ကတည်းက တီးခတ်ခဲ့ဖူးတဲ့ ”တပြည် သူမရွှေထား”သီချင်းကို သီဆိုမှာပါ တဲ့။ သူ့ရဲ့တိုက်ဆိုင်မှုအကြောင်းကို လည်း ဂရေဟမ်က …

”အစ်ကိုကတော့ အကယ်ဒမီ ပေးပွဲနေ့မှာ ဖျော်ဖြေပေးမှာက ဟို အရင်ကလည်း အကယ်ဒမီတွေရထား တဲ့ဇာတ်ကားရဲ့ ဇာတ်ဝင်တေး”တပြည် သူ မရွှေထား”ဆိုတဲ့ သီချင်းလေးကို သီဆိုဖျော်ဖြေပေးမှာပါ။ ဒီသီချင်း လေး ပြန်ဆိုဖြစ်တာကလည်းတိုက် ဆိုင်မှုတစ်ခုပါပဲ။ ဒီသီချင်းပါဝင်တဲ့ ဇာတ်ကားရုပ်ရှင်ရိုက်တုန်းက သီ ချင်းအတွက် ကိုဇော်မျိုးထွဋ်၊ Drum ကို ကျွန်တော်တီးခဲ့ပါတယ်။ အကယ် ဒမီဦးလှထွဋ်ကရေးသားထားတာပါ။ ဒါကလည်း အမှတ်တရပဲ။ အခုဒီသီ ချင်းလေးကို ပြန်ဆိုရတော့လည်း စိတ်ထဲမှာပျော်မိတယ်။ အခုပြန် ဆိုတော့လည်း ကိုဓိရာမိုရ်ရဲ့ Arran gement နဲ့ Orchestra ပုံစံလေးသီ ဆိုမှာပါ”လို့ ပြောပါတယ်။ အကယ်ဒ မီပေးပွဲရဲ့ ဒိုင်ခံပရိ သတ်လိုဖြစ်နေတဲ့ အဆိုတော်မလေးအိမ့်ချစ်ရဲ့ အလှည့် လည်းပါဝင်လာဦးမှာပါ။ သူမရဲ့ စိတ် လှုပ်ရှားမှုကလည်း …

”အိမ့်ချစ်က အကယ်ဒမီပေးပွဲမှာ အပျိုဖြန်းဆိုတဲ့ သီချင်းလေးကို သီဆို မှာပါ။ အိမ့်ချစ်က တကယ်ဆိုရင် အကယ်ဒမီပေးပွဲကြီးရဲ့ ပရိသတ်ပါ။ တစ်နှစ်မှကိုမလွတ်အောင် ကြည့်ပြီး အားပေးပါတယ်။ အခုဖျော်ဖြေရမယ် ဆိုတဲ့ သီချင်းလေးကလည်း ဟိုးအ ရင်ကတည်းက ကိုယ်ကြိုက်ခဲ့တယ်။ ဆိုခွင့်ရမယ်လို့တောင် မျှော်လင့် ထားပါဘူး။ အပျိုဖြန်းဆိုတဲ့ သီချင်း လေးကို တော်တော်များများကတော့ တင့်တင့်တို့အရွယ်ဆိုပြီး သိကြပါ တယ်။ သီချင်းတိုက်ချိန်က နည်းနည်း နည်းတော့ အိမ့်ချစ်အတွက် တာဝန် ကြီးတယ်လို့ခံစားရပါတယ်။ စင်ပေါ် မှာအကောင်းဆုံးဖျော်ဖြေနိုင်ဖို့အ တွက်လည်း ကိုယ့်ဘာသာလေ့ကျင့် နေသလို ရင်ခုန်စိတ်လှုပ်ရှားမှုတွေလည်းများပါတယ်”လို့ အိမ့်ချစ်က ပြောပြခဲ့ပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ- အောင်ဇော်မင်း

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*