နွေနှောင်းတဲ့ လရာသီ

နွေနှောင်းတဲ့ လရာသီ
March 20, 2018 Leanne Win
နွေနှောင်းတဲ့ လရာသီ

နွေ လညင်းတို့သည်ကမြောက် လေညင်းတို့သည်ကမြောက်     ပြန်လေနှင့်အတူ တိုးညှင်းစွာ တိုက်ခတ်၍ မိုးတိမ်တို့သည်က ကောင်းကင်ပြင်လွင်လွင်မှာ လေ တွန်းပို့နေသလို တရွေ့ရွေ့နှင့်ပင် ကျွန်တော် စီးနင်းလိုက်ပါလာခဲ့သော ရွှေမန္တလာ ကားမှန်သားပြင်က မိုး တိမ်ရိပ်တို့ကို ပြေးမြင်မိသည်။ မှန် ထဲတွင် အရိပ်ထင်သော မိုးသားတိမ် လိပ်တို့သည်က မှန်ထဲကို ပြေးဝင်နေ သလို ခံစားရ၏။  မိတ္တီလာမြို့အလွန် ကားဂိတ် တစ်ခုမှာ ခေတ္တရပ်နားထားခဲ့ရင် အဆင်းတစ်နေရာ အတက်တစ်နေ ရာဖြစ်နေ၍ ခေတ္တမျှနေသည့်အချိန် လယ်ကွင်းပြင် ယာကွင်းစပ်ကနေ ပျံလာသော ငှက်တစ်ကောင်က မှန် ကို ပြေးထိပြီး မိုးတိမ်ဖြစ်လေမလား ဟုပင်မြင်မိရင်း  ကျွန်တော်စီးလာ သည့် ကားမှန်ကို ခဲတစ်လုံးသဖွယ် ‘ဗုံး’ဆိုပြီး ငှက်ကလေးခမျာ ပျံသန်း ရင်း နေရာမှာပင် သူ့ဘဝလေး မြေခ စွာနှင့် မြင်တွေ့လိုက်ရသည့် မြင် ကွင်းလေး။ သံသရာထဲမှာဖြင့် ရင်မှာ ခံစား ခဲ့ရင်း သြော်…ဘဝဆိုတာ မတည် မြဲ။ ခဏတာဘဝလေးများပေါ်မှာ ဖြတ်သန်းခဲ့ကြရင်း ပျံပါ …

ပျံပါ …ထက်အာကာ၊ မိုးတိမ်များကို အစစ်ထင်ရင်း ငှက်သွင်ပျံသွား ငှက်များက ပျံရင်းမြေခလေပြီပေါ့။မပျံနိုင်တော့ပြီ။ ကျွန်တော်စီးလာသည့် ရွှေမန္တ လာကားက တရွေ့ရွေ့နှင့် မိုးသား တိမ်လိပ်တို့သည် လေပြေလေညင်း တို့နှင့် အတူ ဝေးကျန်ရစ်ခဲ့လေပြီ။  ကျွန်တော် ပန်းချီသမားဖြစ်လို့ ညများကို မခံစားမိပါပေ။ နေရီသော အုံမှိုင်းသော မိုးတိမ်တို့ကို ခံစားနေ မိသည်။ ကားခုံနံပါတ်က ၃၊ ၄ စသော ထိုင်ခုံများကိုသာ အစီးများခဲ့ သည်။ ကျွန်တော့်နယ်ဖြစ်သည့် ဝမ်း တွင်းဘက်ကနေ နံနက် ၉ နာရီခန့်က ကားကို စီးခဲ့ရသည်။ ဝေးကွာပြီဖြစ် သည့် ချစ်ဇနီးသည်နှင့် တစ်နှစ်မျှ ကျော်ခဲ့သော်လည်း ရင်ထဲတွင် လွမ်း ငွေ့မပြယ်သည်နှင့်ပင်။

သြော် … မိုးတိမ်ပေါ်မှာ ပြေးမြင်မိသည့် ချစ် တဲ့သူနှင့်အတူ ပြန်လာသည့်ရွာကို သတိရခြင်းများက  ရင်ထဲတွင် ခို အောင်း၍နေမိသည်။ သူနှင့်အတူ နှစ် ၅ဝ ကျော် နေခဲ့ရလေတော့ နွေ ဦးရာသီနှောင်းတွေမှာ မီးရထားနှင့် တစ်သွယ် သဲတောဘူတာလေးမှ တစ်ဆင့် နေပူကုန်းရွာလေးကိုပြန် သည့် နှစ်တွေကို ပြေးမြင်မိရင်း များ စွာနှင့်ပင် ရွှေမန်းမေစာပို့ရထားတို့ သည်က နှစ်များစွာက ကျွန်တော်တို့ ၏ အဖော်များ ခရီးဖော်များပါလား ဟူ၍ပင် ခံစားနေမိသည်။ အညာက ဆွေမျိုးတွေကို ပြန် လည်သတိရခြင်းများနှင့်ပင် မဂ္ဂဇင်း ပန်းချီရေးဆွဲခဲ့ရင်း ၁၉၆၃ ခုနှစ်က တည်းက စာပေနယ်မှာ စာပေသမား များနှင့် လိပ်ပြာချင်း ကူးလူးခံစားခဲ့ ကြရင်း ဝေးကွာသွားခဲ့သော သူငယ် ချင်းပန်းချီသမားတွေ၊ စာပေသမား တွေ၊ ကဗျာသမားတွေနှင့် ဆုံခဲ့ရ သည့်နှစ်များကို ကျွန်တော့်ဇနီးသည် က  ခင်မင်စွာနှင့်အတူ ထမင်းလက် ဆုံစားခဲ့ကြရင်၊ ယခုတော့ ဝေးကွာ သွားခဲ့သည့် နှစ်အလီလီတွေက ဝေး …ဝေး …ဝေး …သွားခဲ့ရ ပေပြီပေါ့။

တိမ်မိလ္လာ တိမ်တစ်ကြော  မရမ်း ဖက်၍ အာကာပေါ်မှာ နီမှောင်ပြာ ညို ညနေခင်းတွေနှင့်အတူ တိမ်လို လေဝေ့တော့ တရွေ့ရွေ့နှင်တော့ တယုတယနှင့် နေခဲ့ရသော နှစ်တွေ ကို ပြန်လည်တမ်းတရင်းနှင့်ပင်။  ကျွန်တော်ဝယ်ထားသည့် ဝမ်း တွင်းမြညီနောင် ခြံဝိုင်းကလေးမှာ ရွေ့လျောစွာနှင့်ပင် သူတစ်ပါးလက် သို့ လက်ဆင့်ကမ်း၍နေပြီ။  ရင်ထဲတွင် သံယောဇဉ်ဝိုင်းလေး ကို ပြေးမြင်မိသည်။ ချစ်ဇနီးသည်နှင့် အတူ ဆွဲကြိုးလေးစရန်ပေးပြီး ဝယ်ခဲ့ ရင်း ယခုတော့ သူစိမ်းများလို ခံစား နေမိ၏။ တမာပွင့်လေးများက ကျွန် တော်ပန်းချီရေးဆွဲချိန် မွှေးပျံလို့ နေ ခဲ့သည်။   မချိုသီဆိုသော တမာလမ်း တေးသီချင်းလေးနှင့်အတူ ချိုပြုံး လည်း လွမ်းနေရသလို ကျွန်တော့်ရင် မှာလည်း ခံစား၍ လွမ်းနေမိ၏။ တမာရိပ်ကလေး ပျောက်ခဲ့ရပြီ။ တမာရနံလေးနှင့် ဝေးကွာခဲ့ရပြီ။ မြောက်လေပြည်လေညှင်းနှင့်အတူ တမာနံ့သင်းသင်းနှင့် ရင်ထဲမှာ နှလုံး အိမ်ထဲမှာ ကဗျာ၊ စာပေ၊ ပန်းချီကား လေးတွေနှင့်အတူ ရှိနေမိသည်။ တမာ ရနံ့နှင့်တူသော ချစ်သူ၏ ကိုယ်သင်း နံ့လေးများနှင့် သနပ်ခါးကြိုက်တတ် သည့် ဇနီးသည်၏ ပါးပြင်လေးပေါ် က ရနံ့လေးနှင့်အတူ လမ်းရဲ့ ရင်ခုန် သံများနှင့်အတူ ဝေ့ဝေ့စွာတီးတိုးသံ များနှင့် “ကိုလေး” ခေါ်သံကဗျာ ကာရန်ပါသော ဂီတသံများကို ခံစား နေမိလေ၏။

သြော်…ခင်တွယ်ခဲ့ သည့် နှစ်တွေ …နှစ်တွေ..ပန်းချီကားလေးရောင်းရတိုင်း ပန်းချီ ကားလေးအတူတူ ကြည့်ကြတိုင်း ဝါနီပြာဆေးရောင်လေးတွေ မပြယ် တိုင်းပါပေ …မေကြီး …ရေ။  မင်းချစ်သော သမီးလေး ၃ ယောက်စလုံး ယဉ်ကျေးမှုတက္ကသိုလ် ပန်းချီ ဘာသာရပ်များနှင့်အတူ ချင်း ချောင်း ပန်းချီကျောင်းမှာ သင်ယူခဲ့ သော ပညာများဖြင့် လက်ရာကိုယ်စီ များဖြင့်  မင်းဝေအောင်၏ အနုပညာ ပြခန်းမှာ ဆရာကြီးဦးသုခ၏ ပန်းချီ ပြပွဲလေးတွေမှာ ပြသခွင့်ရခဲ့လေပြီ။ …

“မင်း …လာကြည့်မှာလား ချစ်သူမေကြီးရယ်”ဟုသာ ဖိတ်လိုက် ပါရစေ။ မိုးတိမ်လွှာများမှတစ်ဆင့် ညိုမှောင်၍နေသော ကောင်းကင်ပြာ လေး မင်း ပြောလိုက်ပါလားကွယ်လို့ တမ်းတမ်းတတမှန်းကာ ကြိုနေမိ၏။ တို့ရင်မှာဖြင့် သမီးငယ်လေးက ယဉ် ကျေးမှု တက္ကသိုလ်ပန်းချီပညာရပ်မှာ လေးနှစ်တာ ပညာတွေ ဆည်းပူးသင် ယူခဲ့သော်လည်း မင်းချစ်သော သမီး လေးက မင်းမရှိတော့သည့် အချိန်က စလို့ ခုဆိုတစ်နှစ်ပြည့်ခဲ့ပြီ။ တောင် ပုလုတောရကျောက်ဆင်။ ယခုတော့ ဝမ်းတွမ်းသိမ်တောင်မှာ သီလရှင် ဘဝလေးနှင့် သူဖြစ်တည်ရှိ၍ မိဘ ကျေးဇူးဆပ်နေလေပြီ။  သူ့ပန်းချီလက်ရာလေးများက သူ့သခင်ကို လွမ်းသလို ခံစားနေသည့် ပန်းချီကားလေးက ဖော်မဲ့စွာနှင့်ပင် သမီးငယ်၏ လက်ရာဖြစ်သော ဗျိုင်း ကလေးတွေ လယ်တောထဲက ပုံပြင် ပန်းချီကားလေးတွေက သူရေးဆွဲခဲ့ သောနှစ်များက သူ့သခင်ကို လွမ်း နေလေပြီ။  မေကြီးရေ …နွေကုန်လို့ မိုး အပြီးစ ဆောင်းတောင်ရောက်တော့ မည်ပ။ ဆောင်းရင်ပြင်က အေးမြရစ် ခွေရှိသော်လည်း ရင်ထဲမှာ နွေဦးရာသီ တွေ မိုးတိမ်တို့သည်က ရင်ထဲမှာပြေး လွှားကာ နေခဲ့ရင်း နွေလေပြည်ညှင်း က တစ်ခါတစ်ခါပင့်သက်ရှူမိခဲ့ရင်၊ မိုးတိမ်တို့လို တရွေ့ရွေ့ပြေးလွှားကာ ပျောက်ကွယ်သွားခဲ့ကြရင်၊ ယခု တော့ မြူနှင်းတွေက မိုးသားတိမ်တွေ ကို အနိုင်ယူကာ နှင်းလေးတွေ နှင်း လေးတွေ ရင်မှာအေးသလို ပူနွေးသ လို ပြန်လည်ကာ မတည်ငြိမ်လျက်  အတွေးရင်ထဲမှာဖြင့် ဘဝကြောင်း တွေနှင့် နှောင်းခဲ့ပြီပေါ့။  နွေရေ …မိုးရေ ..ဆောင်း ရေဆိုပြီး တကြော်ကြော်အော်၍ စုတ်တံလေးတွေ ဆေးရောင်စုံတွေက မှတ်တမ်းတင်ထားတယ်ကွဲ့။ ပန်းချီ ကားလေးတွေပေါ်မှာ ဘဝကုန်ဆုံးခဲ့ ရပြီ။ သူနှင့်အတူ ..မေကြီးနှင့်အတူ  ..

‘ဟင်းနော်ကိုကို’ ထမင်းဆိုင်လေး တွေ ပို့စကတ်ကလေးတွေ မောင်ပန်း မွှေး၏ ကဗျာများနှင့်အတူ အချိန်ရ တုန်းပျော်ရဦးမည်။ နေလုံးကြီးရယ်  ဝင်နဲ့ကွယ်။ ဆေးပန်းချီရေးဆွဲခဲ့ရင်း ဘဝဖော်လေးတစ်ဦးပေမို့ မောင့် သက်ထား မေကြီးကို မြင်လေချင်စမ်း သည်။  မင်းချစ်သောသမီးတွေ ဆွဲ သည့် ပန်းချီကားလေးတွေကို ပြန် လာကြည့်ပါဦးလား မေကြီးရယ်။ မင်းနှင့်အတူ ခံစားရအောင်လို့ ဖိတ် ခေါ်ရင်း ၇ဝ ကျော် စိတ်အားမာန် နှင့်အတူ ပြန်လည်ဆုံစည်းကြရန် ဝေးကွာခဲ့သော်လည်း ငယ်အမည် မဗျိုင်းလေး လေပေါ်မှာ ပျံသွားခဲ့ သည့် လယ်ကွင်းထဲမှာ တမာလမ်းမှာ တောင်စွယ်တန်းပေါ်မှာ ပျံကာ ပျံ ကာသွားသည့်သူ၊ အဘွားပေးသည့် နာမည်လေးကို လွမ်းတတ်သူ မောင့် သည်းပြင်မှာ ဆေးရောင်တွေလို ပျောက်ကွယ်၍ မပါလေပြီမို့။  ကဗျာဆရာ ဆရာတင်မိုးက တွေ့ဆုံတိုင်း၊ ဆရာကျော်အောင် ကလည်း တွေ့ဆုံတိုင်း “မဗျိုင်းလေး နေကောင်းရဲ့လား”တဲ့။ နှုတ်ဆက်ခဲ့ ရင်၊ အစ်ကိုတင်မိုးရေးဖွဲ့ပေးသော ချိုသက်ဝတ်ရည် ရာသက်ရှည်၏ ဆို သည့် ကဗျာလေးက မဗျိုင်းလေးနှင့် ကျွန်တော်တို့ကို (၃၃)လမ်း ရွှေကြည် အေးလက်ဖက်ရည်ဆိုင်မှာ ရေးဖွဲ့ ပေးခဲ့ရင်း ယခုတော့ ဝေးကွာသွားခဲ့ သည့် ကဗျာဆရာတင်မိုး၊ အစ်ကို ကျော်အောင်တို့ကို သတိတရနှင့် အတူ မဗျိုင်းလေးခေါ်သော မေကြီး စန်းက ယခုဝေးကွာခဲ့တာ မိုးလရာသီ ကျော်ခဲ့ပြီ။  ညိုမှောင်ရီပြာသော မိုးသား လေပြည်က မြောက်ပြန်လေနှင့်အတူ ဝေးဝေးပြီ။ တမာနံ့မသင်းသည့် ရန် ကုန်ဧရာဝဏ်ကနေ ဝေးဝေးက အညာနွေတို့၊ တမာရနံ့တွေကို အတူ တူ ဖြတ်သန်းခဲ့ရင်း =တမာလမ်းရဲ့ အညာသူလေးကို မေ့လို့လား+ဆိုသော တေး အပိုဒ်ကလေးက ကျွန်တော့်ရင် မှာမေ့လို့လား။

အညာသူလေးကို မေ့ လို့လားတဲ့။  ကျွန်တော့်ရင်ထဲမှာဖြင့် ချစ်သူ နှင့်ဝေးကွာသွားခဲ့သည့် တစ်နှစ် ကျော်အချိန် ခရီးနှင်ခဲ့ရင်း အတိတ် မှာ ကျန်ရစ်ခဲ့သော ဘဝများစွာတို့ သည်က ..။  ဘဝလည်ပြန်ခေတ်ဟောင်း တေးတွေကို ခံစားမိရင်း သဲသောင် ပြင်က ခြေရာတွေလို ရေစပ်စပ်မှာ ကျန်ခဲ့လေပြီမို့။  ကျိုးပျက်သွားသည့် စုတ်တံ လေးတစ်ချောင်းလို ဆေးရောင်လေး နှင့်  ဝေးကွာသွားခဲ့သလို ရေးဆွဲခဲ့ သည့် နှစ်လရာသီတွေက နွေဥသြရဲ့ တေးသံဥသြသံလို့ လက်ပံပင်ပေါ်မှာ နေသော ဥသြသံလို ဝေး …ဝေး က ပြန်ကြားနေခဲ့ရင်း ပြန်လည်ဆုံ ဆည်းခွင့်မသာလေပြီမို့ ကိုယ့်ဘဝမှာ ဖြင့် ဆေးရောင်လေးတွေ အဖော်ပြု ရင်း နှစ် ၄ဝ က ဂီတသံတွေကို ဖွင့် ရင်း မမေရှင်၏တေးသံသာလို မတင် တင်မြ၏ တေးသီသလို မမထား၏ တေးသွားထဲကလို အိုမင်းရင့်ရော် သည်ထိတို့လိုစာသားများ။ မဟာကပ် ကမ္ဘာစကြဝဠာတိုင်းတို့လို စာသား များကိုပါ ပြန်လည်ကြားယောင်နေ မိရင်း မောင်ကျော်ဇော၏ ဝေးဝေး မှာ ကျန်ခဲ့သည့် အတိတ်မှာ ကျန်ခဲ့ သည့် နှင်းတွေလို ဆေးရောင်စုံပန်းချီ ကားတွေက တစ်ဆင့်၊ စက္ကူဖြူက လေးရယ် ပြောလိုက်ပါ။ မိုးတိမ်လေး တွေရယ် ပြောလိုက်ပါ။ မဗျိုင်းလေး ကိုဖြင့် …သူသိပါစေရယ်လို့ … ရင်ထဲမှာဖြင့် …။

ပန်းချီတင်လှဝင်းထင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*