နာဂချစ်စိတ် အဖေချစ်စိတ်တို့ဖြင့် နာဂဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ဖြစ်နေသူ အဆိုတော် သရုပ်ဆောင်မာရီကိုးလ်

နာဂချစ်စိတ် အဖေချစ်စိတ်တို့ဖြင့် နာဂဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ဖြစ်နေသူ အဆိုတော် သရုပ်ဆောင်မာရီကိုးလ်
March 20, 2018 AsianFame MediaGroup
နာဂချစ်စိတ် အဖေချစ်စိတ်တို့ဖြင့် နာဂဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ဖြစ်နေသူ အဆိုတော် သရုပ်ဆောင်မာရီကိုးလ်

ဖခင်ဖြစ်သူ နာဂလူမျိုးဖြစ်စေ ချင်သည့် နာဂဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် နာဂချစ်စိတ် အဖေချစ် စိတ်တို့ဖြင့် လုပ်ဆောင်နေခြင်းဖြစ် ကြောင်း အဆိုတော်သရုပ်ဆောင်မာ ရီကိုးလ်က မတ်လ ၉ ရက်နေ့ စစ် ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် တွေ့ဆုံစဉ်ပြောကြားသည်။

”ကျွန်မရဲ့ အဖေက နာဂလူမျိုး ပါ။ အဖေ့ကိုလည်း ချစ်တယ်။ အမေ့ ကိုလည်း ချစ်တယ်။ အဖေကတော့ အခုဆုံးသွားပါပြီ။ အဖေက နာဂလူ မျိုးတွေအတွက် တအားကိုဖြစ်စေချင် တယ်။ အဖေက စစ်သားပါ။ စစ်သား ဖြစ်တော့ နာဂတွေအတွက် အဖေက ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ အဖေက အမြဲတမ်းပြောလေ့ရှိတယ်။ နာဂလူ မျိုးတွေ အောင်မြင်စေချင်တယ်။ ဖွံ့ ဖြိုးတိုးတက်စေချင်တယ်။ လူမျိုးတွေ က တအားနိမ့်ကျနေတာဆိုတော့ လေ။ အဲဒါကို ကျွန်မစိတ်ထဲ အမြဲရှိ တယ်။ အဲဒီချစ်တဲ့စိတ်နဲ့ပဲ နာဂဖွံ့ ဖြိုးရေးတွေကို လုပ်နေတာပါ”ဟု ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ် တော်က မတ်လ ၉ ရက်ညနေပိုင်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့ ဂုဏ်ပြုပွဲတွင် စစ်ကိုင်းတိုင်းအ တွင်း စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြ သော အမျိုးသမီး ၃ ဦးကို ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်ခဲ့ရာ နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သံတမန် အဖြစ်ခန့်အပ်ခြင်းခံရသူ အဆိုတော် သရုပ်ဆောင်မာရီကိုးလ်ကိုလည်း ပေးအပ်ခဲ့သည်။

”နာဂဒေသကို ကာကွယ်ဆေး ထိုးဖို့သွားတယ်။ ကလေးတွေက မမြင်မတွေ့ဖူးတော့ ထွက်ပြေးကြ တယ်။ ဆရာဝန်တွေ ဆေးအဖွဲ့တွေ အတွက် တော်တော်လေးအဆင် မပြေဖြစ်ခဲ့ရတယ်။ ဝယ်ယူလာတဲ့ဆေး ဆုံးရှုံးမှုတွေလည်းဖြစ်ခဲ့တယ်။ ဒါ တွေကို ကျန်းမာရေးအသိပညာများ ဝေငှရအောင်လို့ နာဂအများစုချစ်တဲ့ ကျွန်မကို ကျန်းမာရေးစောင့်ရှောက်မှု ပြုရာမှာ အထောက်အကူရအောင် ဆိုပြီး ကျွန်မကို တာဝန်ပေးခဲ့တာပါ။သံတမန်အနေနဲ့ခန့်အပ်လိုက်တာပါ။ကျွန်မကိုယ်တိုင်ကလည်း နာဂတွေ ကို ချစ်တယ်။ ဘယ်နေရာဘယ်ဒေသ ဘယ်နိုင်ငံရောက်ရောက် ကိုယ့်ရဲ့ နာဂဆိုတာကို ဖော်ကျူးလေ့ရှိတယ်။ကျွန်မကိုယ်တိုင်က နာမည်ကြီးချင်လို့ ပေါ်ပြူလာဖြစ်ချင်လို့လုပ်ခဲ့တာ မ ဟုတ်ပါဘူး။ လူကြီးတွေအနေနဲ့လည်း နာဂဒေသဖွံ့ဖြိုးဖို့အတွက် ကျွန်မနဲ့ အတူ တစ်ဖက်တစ်လမ်းကပံ့ပိုးမှုဖြစ် နိုင်တယ်လို့ ယုံကြည်ပြီး သံတမန် အဖြစ် ခန့်အပ်တာလို့မြင်ပါတယ်။” ဟု မာရီကိုးလ်က လက်ရှိနာဂဒေသ အခြေအနေကိုရှင်းပြသည်။

”နာဂဒေသက အတော်လေးတိုး တက်လာပါပြီ။ အရင်က ၂ ည အိပ် ၃ ရက်လောက်သွားမှ ရောက်တဲ့ နေရာက အခုဆိုကားလမ်းပေါက်လို့ တစ်ရက်လောက်ဆို ရောက်နေတဲ့ နေအထားပါ။ အဓိကကတော့ နာဂ ဒေသမှာ ပညာရေး တအားအားနည်း ပါတယ်။ နာဂလူမျိုးတွေက တောင် ကုန်းတွေမှာ ရွှေ့ပြောင်းတောင်ယာ စိုက်တဲ့စနစ်နဲ့နေတော့ သူတို့ရွှေ့တဲ့နေရာတိုင်းကိုလည်းလမ်းဖောက်တာတို့ဘာတို့ဆိုတာကိုလည်း မလုပ်ပေး နိုင်ဘူးပေါ့နော်။ အဲဒီလိုဟာမျိုးတွေ ကို အသိပညာပေးနိုင်မယ်ဆိုရင် ကောင်းလာပါမယ်။ ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးနည်းစနစ်မဟုတ် ဘဲ ဘယ်လိုနည်းနဲ့ စိုက်လို့ရနိုင်မလဲ ပညာရေးဗဟုသုတတွေ ပေးဖို့လိုပါ တယ်”ဟု ဆက်လက်ပြောပြသည်။

လှိုင်ဝင်းကို

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*