စင်ကာပူ နိုင်ငံမှာ Show ပွဲပြုလုပ်မယ့် ဆယ့်ကျော်သက် အဆိုရှင်မလေး မေသက်ထားဆွေ

စင်ကာပူ နိုင်ငံမှာ Show ပွဲပြုလုပ်မယ့် ဆယ့်ကျော်သက် အဆိုရှင်မလေး မေသက်ထားဆွေ
March 20, 2018 AsianFame MediaGroup
စင်ကာပူ နိုင်ငံမှာ Show ပွဲပြုလုပ်မယ့် ဆယ့်ကျော်သက် အဆိုရှင်မလေး မေသက်ထားဆွေ

သီချင်းဆိုပြိုင်ပွဲများမှ တစ်ဆင့် ပရိသတ်အခိုင်အမာရရှိလာသူက တော့ ဆယ်ကျော်သက်အဆိုရှင် မ လေး မေသက်ထားဆွေပါ။ မြန်ဆန် တဲ့ ဖက်ရှင်တစ်ခုနဲ့မြန်မာသံသီချင်းတွေကိုပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်မှု ကြောင့် ပရိသတ်အချစ်ကို ရရှိထား သူလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်စဉ် ကာလများမှာ စီနီယာအဆိုတော်များ ရဲ့သီချင်းများကို သီဆိုမှုနဲ့ ပရိသတ် အကြိုက်တွေ့ခဲ့သလို လက်ရှိအနေ အထားမှာတော့ ကိုယ်ပိုင်သီချင်း တွေနဲ့ပါ ပရိသတ်အားပေးမှုရရှိလာ သူလည်း ဖြစ်ပါတယ်။ အဆိုတော် မေသက်ထားဆွေလို့ လူသိများခဲ့တာ ကတော့ စန္ဒကိန္နရီကြောင့်ဖြစ်သလို စန္ဒကိန္နရီရဲ့ အောင်မြင်ခြင်း ငါးနှစ် ပြည့်အထိမ်းအမှတ်အဖြစ် စင်ကာ ပူနိုင်ငံမှာ Show ပွဲ ပြုလုပ်မှာဖြစ် ကြောင်း ခုလိုပြောပြခဲ့ပါတယ်။

”စန္ဒကိန္နရီ သီချင်းလေးနဲ့ သမီး သီချင်းပြိုင်ခဲ့တဲ့ကာလ ငါးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ သမီးက စင် ကာပူနိုင်ငံမှာ Show ပွဲပြုလုပ်မှာဖြစ် ပါတယ်။ Show ပွဲကတော့ မတ်လ ၁၈ ရက်နေ့ဖြစ်ပါတယ်။ အဲ့ဒီ Show ပွဲမှာ သမီးနဲ့အတူ စင်ကာပူနိုင်ငံ မှာ ရှိတဲ့ ဦးမင်းအောင်ခိုင်၊ အန်တီသီရိ သိန်းတန်၊ ပြီးတော့ သမီးရဲ့ညီမလေး ဖြစ်တဲ့ ဖြူစင်ဝင်းသန့်တို့က သမီးနဲ့ အတူ ပါဝင်အားဖြည့်ပြီးတော့ သီဆို ဖျော်ဖြေမှာဖြစ်ပါတယ်။ စန္ဒကိန္နရီ ငါးနှစ်ပြည့်ဆိုကတည်း ဒီစန္ဒကိန္နရီ သီချင်းကတော့မပါမဖြစ် ပါရမှာပေါ့ နော်။ သီချင်းပုဒ်ရေ ၂ဝ လောက် တော့ ရွေးထားပါတယ်။ အဲ့ဒီသီချင်း အပုဒ် ၂ဝ ကတော့ သမီးငယ်ငယ် လေးကတည်းက ပြိုင်ပွဲဝင်ခဲ့တဲ့ သီ ချင်းတွေ၊ သမီးထွက်ထားတဲ့အခွေ တွေထဲက သီချင်းတွေနဲ့အသစ်တစ် ဖန်ပြန်လည်ဖျော်ဖြေပေးသွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

ဆိုကရေးတီးပြိုင်တွေဝင်ခဲ့စဉ်ကလည်း မြန်မာသံစဉ်တွေကိုမှ ဦး စားပေးသီဆိုခဲ့သလို ကိုယ်ပိုင်သီချင်း တွေနဲ့ အနုပညာလောကမှာနေရာ တစ်ခုခိုင်မာလာတဲ့အချိန်မှာလည်း မြန်မာသံစဉ်ကို ဦးစားပေးသီဆိုသူ လည်းဖြစ်ပါတယ်။ မြန်မာသံသီချင်း များကို ဦးစားပေးသီဆိုခြင်းအ ကြောင်းကိုလည်း . . .
”ငယ်ငယ်တုန်းက ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တဲ့အချိန်တုန်းကတော့ သမီးနှစ်ဖက်လုံး မျှတအောင် သီဆို ခဲ့ပါတယ်။ သမီးကိုယ်တိုင်ကလည်း မြန်မာသံသီချင်းတွေရော စတီရီယို သီချင်းတွေကိုရော ကြိုက်ပါတယ်။ ဒါပေမဲ့ ဒီစန္ဒကိန္နရီသီချင်းအပါအဝင် မြန်မာသံစဉ် သီချင်းတွေနဲ့ လူသိများ ခဲ့တဲ့အတွက် မြန်မာသံစဉ်ဘက်ကို ပိုပြီးတော့အားသန်တယ်။ ပိုပြီးတော့ လည်းဆိုဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*