ဘာသာဗေဒနှင့်ကျွန်တော် (၆)

ဘာသာဗေဒနှင့်ကျွန်တော် (၆)
March 19, 2018 Leanne Win
ဘာသာဗေဒနှင့်ကျွန်တော် (၆)

ကျွန်တော်က ဘာသာဗေဒ ပညာ တော်က ဘာသာဗေဒ ပညာ  ရပ်၏  ပဓာနနယ်ပယ်များဖြစ် သော စကားသံဖွဲ့မှုပညာ(ဝဏ္ဏဗေဒ)၊ သဒ္ဒါ၊ အတ္ထဗေဒဟူသော နယ်ပယ်တို့ တွင် အနက်အဓိပ္ပါယ်ကို လေ့လာ သော အတ္ထဗေဒ (semantics) ကို ပို၍အာရုံပြုမိသည်။ မဟာဝိဇ္ဇာဘွဲ့ အတွက် ကျမ်းပြုစဉ်က ဓလေ့သုံး စကားများ၏ အနက်အဓိပ္ပါယ်သက် ရောက်ပုံကို အတ္ထဗေဒရှုထောင့်မှ လေ့လာခဲ့သည်။ ထိုသို့လေ့လာနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် ပညာရှင်များ ရေးသားပြုစုထားသော  အတ္ထဗေဒ စာအုပ်များကို လက်လှမ်းမီသမျှ လေ့လာဖတ်ရှုသည်။

ကျမ်းပြုစဉ်က ဆရာမကြီး ဒေါ်ခင်ခင်အေးက Stephen Ullmann \ Words and Their Use စာအုပ်ကို ဖတ်ဖို့ လမ်းညွှန်သည်။ စာအုပ်လည်း ငှား လိုက်သည်။ ထို့နောက် ထိုပညာရှင် ၏ Semantics ESihf Principle of Semantics စာအုပ်များကို ဆက် ဖတ်ဖြစ်သည်။ ချယ်ရီမဂ္ဂဇင်းအတွက် ဆောင်းပါးများရေးသောအခါ ထို စာအုပ်များမှ အတ္ထဗေဒသဘော တရားများကို အခြေခံ၍ အနက် အဓိပ္ပါယ်အကြောင်း ဆောင်းပါး တော်တော်များများရေးဖြစ်သည်။ မြန်မာဘာသာစကားသာဓကများနှင့် ပေါ့ပေါ့ပါးပါးရေးခဲ့ခြင်းဖြစ်ပါသည်။  ၁၉၉ဝပြည့်နှစ်ကျော်ကာလ တွင် ဘာသာဗေဒကို ပို၍အာရုံစိုက်မိ အောင် တွန်းအားပေးသော အခြေ အနေတစ်ခုပေါ်လာသည်။ ဦးထွန်း မြင့်သည် မဟာဝိဇ္ဇာတန်းကို ဘာသာ ဗေဒ၊ သဒ္ဒဗေဒသင်ကြားပို့ချပေးနေ စဉ် ပညာရေးဝန်ကြီးဌာန၏ တာဝန် ပေးချက်အရ ဂျပန်နိုင်ငံ၊ တိုကျိုနိုင်ငံ ခြားဘာသာတက္ကသိုလ်သို့ မြန်မာစာ ဧည့်ပါမောက္ခအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ရသည်။ မြန်မာ စာပါမောက္ခဆရာမကြီး ဒေါ်ပိုက ဦးထွန်းမြင့်နှင့် တိုင်ပင်ပြီး မဟာဝိဇ္ဇာ တန်းမှာ ဘာသာဗေဒသင်ကြားရန် ကျွန်တော့်ကို တာဝန်ပေးသည်။ ထို အချိန်တွင် ရန်ကုန်နိုင်ငံခြားဘာသာ သိပ္ပံမှာ မြန်မာဘာသာဌာနမှူးဖြစ် နေသော ဆရာမဒေါ်နုနုဆွေက သူ ဘာသာဗေဒလာသင်လိုကြောင်း ဆန္ဒပြုသည်။ ဆရာမကြီးဒေါ်ပိုက ဘာသာဗေဒသင်ဖို့အတွက် ကျွန်တော့် ကို တာဝန်ပေးပြီး သဒ္ဒဗေဒသင်ဖို့ ဒေါ်နုနုဆွေကို တာဝန်ပေးသည်။ ဦးထွန်းမြင့် ဂျပန်သွားခါနီး ‘ငါ့ စာအုပ်တွေ မင်းကိုအပ်ခဲ့မယ်ကွာ။ ကြိုက်သလို ဖတ်ပေတော့’ ဟု ပြော ပြီး သူ့ဘာသာဗေဒစာအုပ်တွေ ကျွန်တော့်လက်အပ်သည်။ ကျွန်တော် က စာအုပ်တွေကို ပီနန်အိတ်များဖြင့် သယ်လာခဲ့ပြီး မြန်မာစာဌာနက ကျွန်တော့်ဗီဒိုထဲမှာ ထားသည်။ ဘာသာဗေဒစာအုပ် တော်တော်များ များကိုလည်း ဖတ်ဖူးသွားပါသည်။

သင်ကြားရေးအတွက်လည်း အထောက်အကူဖြစ်ပါသည်။ ၂ နှစ် အကြာ ဦးထွန်းမြင့်ပြန်လာတော့မှ သူ့စာအုပ်တွေကို ပြန်အပ်လိုက်သည်။  ဆရာကြီးဦးရွှေသွင်နှင့် ဆရာမ ကြီး ဒေါ်ခင်ခင်အေးတို့ ကြီးကြပ် သော မဟာဝိဇ္ဇာကျမ်းများကို စစ် ဆေးရာတွင် ကျွန်တော့်ကို အတွင်း စာစစ် (internal examiner) တစ် ဦးအဖြစ် တာဝန်ပေးသည့်အတွက် ဘာသာဗေဒကျမ်းများကို စစ်ဆေး ရသော အတွေ့အကြုံရခဲ့သည်။ ဦးထွန်းမြင့် ဂျပန်သွားနေစဉ် မန္တ လေးတက္ကသိုလ်မှာ တင်သွင်းသော ဘာသာဗေဒ မဟာဝိဇ္ဇာ ကျမ်းတစ် ကျမ်းကို ပြင်ပစာစစ် (external examiner) အဖြစ် စစ်ဆေးရန် ကျွန်တော့်ကိုဖိတ်သည့်အတွက် သွား စစ်ရသည်။ သို့ဖြင့် ပြင်ပစာစစ် အတွေ့အကြုံလည်း ရပါသည်။ ကျွန်တော် ပြင်ပစာစစ်အဖြစ် ပထမ ဆုံးစစ်ဆေးရေသော ဘာသာဗေဒ ကျမ်းမှာ မနီလာဦးတင်သွင်းသော ကျမ်းဖြစ်ကြောင်း မှတ်မိနေပါသည်။  ထိုကာလတွင် မြန်မာစာဌာနက ဖိတ်ခေါ်သဖြင့် အင်္ဂလိပ်စာဌာနမှ ပညာရှင်ဆရာများ မြန်မာစာဌာန တွင် ဘာသာဗေဒ၏ ပညာရပ်ခွဲများ အကြောင်း ပို့ချပေးပါသည်။ ဆရာ ဦးသီဟက လူမှုဘာသာဗေဒ (sociolinguistics) ၊ ဆရာ ဦးဟန် တင်က သဒ္ဒါ grammar)၊ ဆရာ ဒေါက်တာမျိုးမြင့်က ရေးဟန်ပညာ (stylistics) တို့ကို မိတ်ဆက်ပို့ချ ပေးပါသည်။ [အင်္ဂလိပ်စာပါမောက္ခ ဆရာလဲ နတ်ကံကြီး (Mr. Leonard KanGyi)က ကဗျာအကြောင်း ပို့ချ ပေးပါသည်။]

ဘာသာဗေဒနှင့် ပတ် သက်၍ အသိအမြင်တိုးပွားအောင် ဆောင်ရွက်သော အစီအစဉ်တစ်ခု ဖြစ်ပါသည်။  ကျွန်တော်က ဘာသာဗေဒ၏ ပညာရပ်ခွဲတစ်ခုဖြစ်သော ရေးဟန် ပညာ (ဟန်ဗေဒ) (stylistics) ကို လည်း စိတ်ဝင်စားသည်။ ကျွန်တော် သည် စကားပြေသဘောတရား အတတ်ပညာကို စိတ်ဝင်စားသည့် အလျောက် ဇောက်ချလေ့လာပြီး ၁၉၇၉ ခုနှစ်တွင် ‘စကားပြေသဘော တရား စကားပြေအတတ်ပညာ’ စသည်ဖြင့် စာအုပ်တစ်အုပ် ပြုစုခဲ့ရာ ထိုစာအုပ်တွင် ‘စကားပြေဟန်’ အခန်း၌ ရေးဟန်အကြောင်း ဆွေး နွေးခဲ့ပါသည်။ ထိုစဉ်ကပင် ရေး ဟန် အကြောင်းရေးသားထားသော စာအုပ်များကို လေ့လာခဲ့ပါသည်။ မှတ်မှတ်ရရ EL.Lucus၏ Style ဆိုသော စာအုပ်ကို ကိုဇော် (ဦးဇော် မြင့်၊ ဇော်ဇော်အောင်)ထံမှ ငှားဖတ် ဖူးသည်။

Alan Warner ၏ Short Guide to English Style စာအုပ်ကိုလည်း အချိန်ယူ၍ လေ့ လာခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်ကျော် ကာလတွင် ဂျပန်နိုင်ငံမှ လာရောက် ၍ မြန်မာစာပေလေ့လာနေသော ယူရီတကာဟာရှီ (Ms.UriTakahas- hi)) ခေါ် ဂျပန်အမျိုးသမီးကလေး သည် ကျွန်တော့်ကို သိပ္ပံမောင်ဝ၏စာများအကြောင်း မေးမြန်းရင်း ခင်မင်သွားသည်။ ဦးထွန်းမြင့်မတိုင်မီ တိုကျိုနိုင်ငံခြား ဘာသာတက္ကသိုလ်သို့ မြန်မာစာ ဧည့်ပါမောက္ခအဖြစ် သွား ရောက်တာဝန်ထမ်းဆောင်ရသော ပါမောက္ခဆရာမကြီး ဒေါ်စီစီဝင်း ဂျပန်မှာရှိနေစဉ် ကျွန်တော်လိုချင် သောစာအုပ်မှာဖို့ ပြောသည့်အတွက် ကျွန်တော်ကstyle အကြောင်း စာအုပ်များ ဖတ်ချင်ကြောင်း ဆရာမ ကြီးကိုပြောရာ ထိုအချိန်က ဂျပန်မှာ ဆရာမကြီးများနှင့်အတူ ရှိနေသော ယူရီက ကျွန်တော်လိုချင်သော စာအုပ်များကို သူရှာပေးပါရစေဟု ပြောပြီး ကျွန်တော့်ဆီကို စာအုပ် ၂ အုပ်ပို့ပေးသည်။

Leech ၏ Linguistic Guide to English Poetry နှင့်Leech & Short တို့၏ Style in Fiction စာအုပ်များဖြစ် သည်။ ပညာရေးတက္ကသိုလ် စာအုပ် ဆိုင်မှ ဝယ်သောစာအုပ်များတွင်W.Turner ၏ Stylistics စာအုပ် ပါဝင်သည့်အတွက် လေ့လာရသည်။၏Stylistics စာအုပ်ကို မြန်မာစာဌာန စာကြည့်တိုက်မှ ငှားဖတ်သည်။ နောက်ပိုင်းမှာ အတ္ထဗေဒနှင့် ရေး ဟန်ဆိုင်ရာ စာအုပ်တော်တော်များ များဖတ်ဖြစ်ပါသည်။

မြန်မာနိုင်ငံသုတေသန ကွန် ဂရက်စာတမ်းဖတ်ပွဲတစ်ခုတွင် ‘ဘာ သာစကားဖွံ့ဖြိုးတိုးတက်မှုတွင် ဥပစာ တင်စားမှု၏ အခန်းကဏ္ဍ’ ခေါင်း စဉ်ဖြင့် ကျွန်တော်စာတမ်းဖတ်ဖြစ် သည်။ ဥပစာတင်စားမှုပါသောအဖွဲ့ များ (figuretive expressions)   ၏ အရေးပါမှုကို ဘာသာဗေဒ၊ အတ္ထဗေဒအမြင်ဖြင့် ဖော်ထုတ်လေ့ လာခြင်းဖြစ်သည်။ ထိုစာတမ်းဖတ် စဉ်က မော်လမြိုင်ကောလိပ် ကျောင်း အုပ်ကြီး ဦးခင်မောင်တင့် (ဆရာ တက္ကသိုလ်ဘုန်းနိုင်)က စိတ်ဝင်စား စွာ ပါဝင်ဆွေးနွေးသည်ကို မှတ်မိ နေပါသည်။ ထိုကာလတွင် ဘာသာဗေဒ မဟာဝိဇ္ဇာ ကျမ်းခေါင်းစဉ်နှင့် ပတ် သက်၍ ပြဿနာတစ်ခုပေါ်ပေါက် သည်။ ဦးထွန်းမြင့်က ကျမ်းခေါင်းစဉ် များ ပို့ချပေးရာတွင် ‘နတ်ရှင်နောင် ရတုများမှ ဝါကျဖွဲ့ပုံ (ဘာသာဗေဒ လေ့လာချက်)ဟူသော ခေါင်းစဉ်မျိုး လည်းပါသည်။

ထိုအခါ  ‘ကဗျာထဲက ဝါကျကိုလေ့လာခိုင်းရတာ၊ ကဗျာမှာ ဝါကျရှိလို့လား’ ဟူသော အသံများ ကျယ်ကျယ်လောင်လောင် ထွက်လာ သည်။ မြန်မာစာဌာနမှ အကြီးပိုင်း ဆရာ၊ ဆရာမများ အပါအဝင် ကဗျာမှာ ဝါကျရှိသည် ဟူသော အချက်ကို လက်မခံနိုင်ကြခြင်းဖြစ် သည်။ ထိုမျှမက ထိုခေါင်းစဉ်သည် ဘာသာဗေဒသမားများက သက် သက်စတန့်ထွင်ခြင်းဖြစ်သည်။ မြန်မာစာကို ထိခိုက်အောင်လုပ်ခြင်း ဖြစ်သည်ဆိုတာမျိုးတွေ ပြောလာကြ သည်။ စင်စစ်မှာ ထိုပြဿနာသည် ပြဿနာမဟုတ်သော ပြဿနာဖြစ် သည်။ စကားပြေဖြစ်စေ၊ ကဗျာဖြစ် စေ ဘာသာစကားဖြင့် ရေးဖွဲ့ရသည်။ ဘာသာစကား၏ အခြေခံမှာ ဝါကျ ဖြစ်သည်။ ဝါကျဖွဲ့၍ ဘာသာစကား ကိုသုံးရသည်။ ထို့ကြောင့် စကားပြေ တွင် ဝါကျရှိသကဲ့သို့ ကဗျာတွင် လည်း ဝါကျရှိကြောင်း စဉ်းစားကြည့် လျှင် သိနိုင်ပါသည်။ ကဗျာမှာ ဝါကျမရှိဟု ယူဆသူများမှာ ဘာသာ စကားအမြင် အားနည်းသူများ ဖြစ်သည်။ အလင်္ကာကျမ်းများမှာ ဒေါသ၊ ဂုဏ်၊ အလင်္ကာတို့ကို ရှင်းပြ ရာတွင် ကဗျာထဲက ဝါကျများဖြင့် သာဓကဆောင်ထားပုံများကို ‘ကဗျာ ဝါကျပြဿနာ’ဟူသော ဆောင်းပါး တစ်ပုဒ်ရေးပြီး ကျွန်တော်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထိုအခါကျမှ ထိုအသံများတိတ်သွားပါတော့သည်။

 မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*