ညစ်ညမ်းတဲ့ ပြက်လုံးကို မပြက်ဘဲ သစ်ဆန်းတဲ့ ပြက်လုံးကိုပဲ အဓိကထား တင်ဆက်နေတဲ့ မေတ္တာရွှေစင် အငြိမ့်အဖွဲ့

ညစ်ညမ်းတဲ့ ပြက်လုံးကို မပြက်ဘဲ သစ်ဆန်းတဲ့ ပြက်လုံးကိုပဲ အဓိကထား တင်ဆက်နေတဲ့ မေတ္တာရွှေစင် အငြိမ့်အဖွဲ့
March 19, 2018 Asian Fame Media
ညစ်ညမ်းတဲ့ ပြက်လုံးကို မပြက်ဘဲ သစ်ဆန်းတဲ့ ပြက်လုံးကိုပဲ အဓိကထား တင်ဆက်နေတဲ့ မေတ္တာရွှေစင် အငြိမ့်အဖွဲ့

လူငယ်၊ လူကြီးစုစည်းညီညွတ်မှုတွေနဲ့အတူ အနုပညာလမ်းခရီးကို လျှောက်လှမ်း နေတဲ့ အငြိမ့်အဖွဲ့ကတော့ မေတ္တာရွှေစင်အငြိမ့်အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီအငြိမ့်အဖွဲ့မှာ တော့ ချစ်ချော၊ ပွမ်ပွမ်၊ မေတ္တာမြင့်မြတ်ဟိန်း၊ ရှုးရှဲ၊ ဒိုမီနိုတို့က လူရွှင်တော်များအဖြစ် တင်ဆက်ကြပြီး ဝမ်းကေဇင်ကတော့ခေါင်းဆောင်မင်းသမီးအဖြစ်အတွဲညီညီနဲ့သွားနေကြတာပဲဖြစ်ပါတယ်။မေတ္တာရွှေစင်အငြိမ့်အဖွဲ့ကိုစတင်တည်ထောင်ခဲ့သူကတော့ လူရွှင်တော်ကြီး ဦးမေတ္တာပဲဖြစ်ပါတယ်။

အခုလက်ရှိမှာလည်းသူ့ရဲ့ကြီးကြပ်မှုတွေနဲ့အတူမေတ္တာရွှေစင်အငြိမ့်အဖွဲ့ကရှေ့ဆက်နေကြတာပါပဲ။မေတ္တာရွှေစင်အငြိမ့်အဖွဲ့ကလူကြီလူငယ်မျှအောင်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်လူငယ်တွေလိုအပ်ရင်လည်းလူကြီးတွေကထောက်ပြမှုတွေနဲ့အတူအကောင်းဆုံးလုပ်ဆောင်ကြ တယ်လို့ သိရပါတယ်။

“အဖွဲ့မှာကလူငယ်၃ယောက်နဲ့လူကြီး၂ယောက်ပါတယ်ပေါ့။လူကြီး၂ယောက်ရံပေးတဲ့အတွက်ကျွန်တော်တို့မှာအမှားလည်းမရှိတော့ဘူး။လူကြီးတွေကလည်းကျွန်တော်တို့ကိုလွှတ်ပေးပါတယ်။ပြောစရာရှိတာပြောလုပ်စရာရှိတာလုပ်ပေါ့။ပွဲပြီးတော့မှဒါကတော့မလုပ်သင့်ဘူး။ဒါကတော့မပြောသင့်ဘူးဆိုတာကိုပြန်ပြောပြကြတယ်။ထိန်းကွပ်ပေးပါတယ်။ဦးချစ်ချောတို့ဆိုရင်လည်းဒီပြက်လုံးကတော့ကောင်းတယ်၊ဒီပြက်လုံးကတော့မကောင်းဘူးဆိုတာမျိုးကို ပြောပြတယ်။သူတို့လည်း နေရာ မယူဘူး။ လူငယ်တွေကိုနေရာပေးတယ်”လို့အဖွဲ့နဲ့ ပတ်သက်လို့လူကြီးနဲ့လူငယ်တို့အကြားကအပြန်အလှန်နားလည်မှုရှိကြပုံတွေအကြောင်းကိုမေတ္တာရွှေစင်အငြိမ့်အဖွဲ့မှမေတ္တာမြင့်မြတ်ဟိန်းက ပြောပါတယ်။

အငြိမ့်အဖွဲ့တစ်ဖွဲ့တည်မြဲဖို့ဆိုတာငွေကြေးအရှုပ်အရှင်းကင်းကင်းနဲ့လုပ်ဆောင်ရတာမျိုးပဲဖြစ်ပြီးသူတို့အဖွဲ့အနေနဲ့ကတော့ငွေကြေးပိုင်းဆိုင်ရာကိုအဓိကဂရုတစိုက်နဲ့တစ်ယောက်နဲ့တစ်ယောက်အမြင်ရှင်းအောင်လုပ်ဖြစ်တယ်လို့လူရွှင်တော်ပွမ်ပွမ်ကလည်းပြောပါတယ်။

“ငွေကြေးပေါ်မှာတအားမက်မောလာရင်အဖွဲ့ကမမြဲတော့ဘူး။ကျွန်တော်တို့ကတော့ငွေကြေးနဲ့ပတ်သက်ပြီး မပြောကြတော့ဘူး။ ပေး သလောက်ပဲယူတယ်။ စိတ်တူကိုယ်တူပဲလုပ်ကြတယ်” လို့ လူရွှင်တော်ပွမ်ပွမ်က ပြောပါတယ်။ မေတ္တာရွှေစင်အငြိမ့် အဖွဲ့က ပြက်လုံးပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့လည်း အထူး ဂရုစိုက်လေ့ရှိကြပြီး အောက်လုံးတွေကို မပြက်ဘူးလို့ လည်းသိရပါတယ်။

“ပြက်လုံးကိုသန့်သန့်လေးပဲ ပြက်ပါတယ်။ ညစ်ညမ်းတဲ့ဟာသကို မပြောပါဘူး။ သစ်ဆန်းတဲ့ ဟာသကိုပဲပြက်ပါတယ်။ ကျွန်တော် တာဝန်ယူပါတယ်။ ညစ်ညမ်းပြက်လုံး မပါစေရပါ ဘူး” လို့ ပြက်လုံးပိုင်းနဲ့ ပတ်သက်လို့ လူရွှင်တော် ချစ်ချောက ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*