ခေတ်သမိုင်း မှန်ကူကွက်များထဲ စိတ်ခြေရာကောက် ရသပုံဆောင်ခဲ ဒဏ်ရာရ ပန်းသီးများ

ခေတ်သမိုင်း မှန်ကူကွက်များထဲ စိတ်ခြေရာကောက် ရသပုံဆောင်ခဲ ဒဏ်ရာရ ပန်းသီးများ
March 15, 2018 AsianFame MediaGroup
ခေတ်သမိုင်း မှန်ကူကွက်များထဲ စိတ်ခြေရာကောက် ရသပုံဆောင်ခဲ ဒဏ်ရာရ ပန်းသီးများ

ြ့မန်မာ့သမိုင်းရာဇဝင်ထဲ တွင် အထင်ကရ ဒီမို ကရေစီ လူထုတော်လှန်ရေးဖြစ် သော ရှစ်လေးလုံး အရေးတော်ပုံ၏ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုမင်းကိုနိုင်၏ ဘဝသရုပ် ဖော် ရသအနုပညာဖြင့် ပုံဖော်ခြယ် မှုန်းရေးဖွဲ့ထားသည့် ‘ဒဏ်ရာရပန်း သီးများ’ အမည်ရှိ လုံးချင်းဝဝတ္ထု စာအုပ်ကို ထုတ်ဝေခွင့်ရရှိခဲ့တာ ကြောင့် ကျေးဇူးတင်မဆုံး၊ ဂုဏ်ယူ ပီတိဖြစ်မဆုံး ကျွန်တော်ဖြစ်ခဲ့သည်။ ဤစာအုပ်နှင့်ပတ်သက်၍ အနုပညာ ၏ နက်နဲခြင်းထက် ခေတ်သမိုင်း၏ လျှို့ဝှက်ခက်ခဲကြမ်းတမ်းလှသော အတိတ်သမိုင်းမှန်ကူကွက်များ အကြောင်း အချို့စာဖတ်သူတို့ အတွက် အပိုင်းအစများသဖွယ် မိတ် ဆက်ပေးချင်စိတ် ဖြစ်ပေါ်လာမိ၏။

ဤဝတ္ထုသည် လက်ရေးစာမူ ဘဝကပင် ၈၈ အရေးတော်ပုံ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျောက် ဖမ်းဆီးခံရမည့် အရေး ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလများ၌ ဤစာမူသည် အန္တရာယ်များလှသည်ဟုပင် သတ် မှတ်ခံခဲ့ရပြီး ဤဝတ္ထုရေးသူ ကိုမင်း ကိုနိုင်နှင့် ပတ်သက်သမျှ ထိုအချိန် ကာလက စာရွက်စာတမ်းတစ်ရွက် မကျန် သက်ဆိုင်ရာက အလိုရှိနေ ချိန်ဖြစ်၍ အလုံခြုံဆုံး နေရာရွေးရင်း သိုဝှက်ရင်း၊ ပျောက်ဆုံးပြီဟုတောင် မှတ်ယူရတော့မည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သေးသည်။

”ကိစ္စတုံးပြီထင်တာဗျ။ နှမြော လွန်းလို့ အင်မတန်ခံစားရတယ်။ ပြန် ရေးမယ်ကြံပေမယ့် ကျောရိုးနဲ့ အခန်းစဉ်တချို့ကိုပဲ မှတ်မိတာ။ တကယ်က ရေးဖွဲ့မှုနဲ့ ဇာတ်ကောင် တွေရဲ့ အတွေးတွေကို အားကိုးရေး ခဲ့တာဆိုတော့ ဇာတ်အိမ်မှတ်မိရုံနဲ့ အရသာမရှိ တန်ဖိုးမပြည့်နိုင်တော့ ဘူး” ဟုဝတ္ထုရေးသူ စာရေးဆရာ ကိုမင်းကိုနိုင်က ပြန်ပြောပြခဲ့ဖူးသည်။
ထိုသို့ပင် အမှောင်ခေတ် ငရဲ ခန်းထဲမှ ဤဝတ္ထုစာမူ၏ အသက်ရှင် သန်မှု အနေအထားမျိုး ဆိုက်ရောက် ခဲ့သည်ကပင် အနုပညာမှတ်ကျောက် တင် ဘဝနေ့စွဲများဖြစ်ခဲ့ပြီ ပြောရ မည်လား။ ကံကြမ္မာက ကျီစားခဲ့ခြင်း ထင်၏။ စာရေးဆရာကိုမင်းကိုနိုင် ခမျာ ညီမဖြစ်သူက အသိမ်းလွန် အထုပ်တွေထဲမှ မွှေနှောက်ရှာဖွေပြီး ဤဝတ္ထု လက်ရေးစာမူတစ်ထပ်ကို လက်တွင်း ပြန်လည်အပ်နှံလာသည် တွင် စိတ်လှုပ်ရှားကာ ကိုယ့်စာမူ ကိုယ်ပြန်ဖတ်နေရင်း ကိုယ့်ဝတ္ထုမှာ ကိုယ်တိုင် ပရိသတ်လုပ် ဝေဖန်နေ ရင်းက ဤဝတ္ထု၏ ထုတ်ဝေသူဖြစ်လာ မည့် ကျွန်တော့်ကို စာမူပေးဖတ်ခိုင်း၊ ဝေဖန်ခိုင်းသည်။

ထိုသို့ဝေဖန်ဖို့ရာမှာ ဤစာမူ နှင့် စာရေးသူ၏ စာပေအနုပညာ လက်ရာထက် လက်ရေးကို ဗလာ စာအုပ်မှာ ကြည့်ရုံမျှနှင့်ပင် အတော် စိတ်မောသွားရသည်။ ပဲတီပင်ပေါက် လက်တစ်ဆုပ်ကို ကြဲချ၍ မည်သည့် အက္ခရာပေါ်မည်နည်းဟု ပုံဖော်ကြ ရသည်ကမှ သက်သာမည့်အဖြစ်ပေ မို့ ကွန်ပျူတာစာစီအပ်ပြီးမှ ဖတ်ရှု မည်ကြံခဲ့သေးသည်။ ကွန်ပျူတာစာစီ စာရိုက်သူတွေအနေနှင့် လက်ရေးကို မဖတ်နိုင်ဟု လက်မှိုင်ချကြက အခက်ဟုတွေးရင်း စာစီ မအပ်မီ လက်ရေးမူကို အားစိုက် ဖတ်ရှုရာက ဝတ္ထုထဲမျောပါမိရကာ ဝတ္ထုထဲမှ သူ့ ဇာတ်ကောင်တွေကို ရင်းနှီး စာနာ သွားခဲ့မိတော့သည်။ မိန်းမငယ်နှစ်ဦး ၏ ဘဝကိုတစ်လှည့်စီ ပုံဖော်ရေး သားပြထား၏။ ထိုမိန်းကလေးနှစ်ဦး ၏အကြောင်း၊ ထိုနှစ်ဘဝမှာ တူညီ ချက်တစ်ခုရှိသည်။ ထိုတူညီချက်ကို ဝတ္ထုရေးသူ အာဘော်အရ ဆိုရလျှင် ‘ဒဏ်ရာရ ပန်းသီးများ’ ပင်။

လူ့အဖွဲ့အစည်းက နှာခေါင်းရှုံ့ ရတဲ့ ကြွက်တွင်းလို၊ အမှိုက်ပုံလိုနေရာ တွေဆီ ရောက်နေရသည့် ဒဏ်ရာရ ပန်းသီးလေးနှစ်လုံး၊ သူတို့နှင့် ပတ် သက်မိသော အမျိုးသားငယ် နှစ်ဦး။ သတ္တိလား၊ တွေဝေစိတ်လား၊ ရှေ့တိုး ခြေလှမ်းလား၊ နောက်ဆုတ်ခြင်းလား ကိုယ်တိုင်မဝေခွဲနိုင်သေးသည့် ငယ် ရွယ်သူတို့၏ အတွေးများ။ စာနာနား လည်စိတ်၊ နှစ်သိမ့်အားပေးမှုတွေ နှင့် ချစ်မြတ်နိုးမှုအတူ လူ့သဘာဝ စိတ်မနော၊ အတွေးအမြင် အယူ အဆတို့ကို အနီးကပ် တွေ့ရှိစာနာ မိရသလိုပင် ဖြစ်ရသေးသည်။ မိန်း ကလေး စာဖတ်သူတို့အဖို့ဆိုလျှင် မည်သို့ရှုမြင်ကြလေမလဲ ဆိုသည်ကို လည်း တွေးမိသေး၏။ ဝတ္ထုထဲက ဇာတ်ကောင် မိန်းမငယ်တစ်ဦး၊ တစ်နည်းဆိုညွှန်းသော် ဒဏ်ရာရနေ သော ပန်းသီးလေးတစ်လုံးထံမှ ဖွင့်ဟလာ၍ ကြားသိလိုက်ရသည့် ‘ရှင်ကျွန်မကို ရေကူးသင်ပေးမလိုလို နဲ့ ရေနှစ်သတ်တယ်’ဆိုသော စကား။

ရင်ထဲကိုရောက်ခဲ့ရသော စကားလုံးများစွာ၊ ဇာတ်ကောင်တွေ ၏ အပြန်အလှန် ပေးစာတွေနှင့် ဝတ္ထုမှာ ရသခံစားမှု စိတ်အလျဉ်ဖွဲ့စီးမျောပါဖတ်ရှုပြီးချိန်မှာ လှိုက်လှိုက် လှဲလှဲ ဖြစ်ပေါ်မိသည်က ဤမျှ ပဲတီပင်ပေါက်သဏ္ဌာန် လက်ရေး စာမူကို ဖတ်ရသည်ပင် လက်မှ မချချင် ဖတ်လို့မဝချင် ဖြစ်ရသည် ဆိုလျှင် ပုံနှိပ်စာလုံးများဖြင့်သာ ဖတ်လိုက်ကြရပါလျှင် ဟူသော အတွေးဖြစ်မိ၏။

နှစ်ပေါင်းများစွာ ပုန်းလျှိုးကွယ် လျှိုး ရှိနေခဲ့ရသည့် စာမူနည်းတူ လူ မသိသူမသိ ရှိနေကြရသည့် ဝတ္ထု ဇာတ်ကောင်များကိုပါ စာချစ်သူများ ထံ မိတ်ဆက်ပေးကာ ရင်းနှီးကြစေ ချင်မိသည်။ သူတို့၏ဘဝက ပေး သည့်အသိ၊ ဘဝက သင်ကြားသည့် ဘာသာဗေဒစကားတွေနှင့် ဘဝ သရုပ်ဖော် စစ်စစ်လုံးချင်းဝတ္ထု တစ်အုပ်ကို ဖတ်ရှုကြရင်းက ဒဏ်ရာ ရပန်းသီးများကို စာနာနားလည်ကြ စေချင်မိသည်။

ဤသို့ဆန္ဒပြင်းပြင်းပြပြ ဖြစ် လာသည့်အလျောက် စာချစ်သူ ပရိသတ်ထံ ဤဝတ္ထုကို တစ်မုဟုတ် ချင်း ရောက်ရှိစေလိုခဲ့၊ အားထုတ်ခဲ့ သည့်တိုင် ဝတ္ထုစာမူဘဝမှာ ပုန်းလျှိုး နေခဲ့ရသည့် အလေ့အထအရ လူလုံး မပြလိုသေးသည့်အလား တစ်နှစ်နီး ပါးမျှ အကြောင်းအမျိုးမျိုးဖြင့် ကြန့် ကြာနေခဲ့သေး၏။ မည်သို့ဆိုစေ ဘဝ သရုပ်ဖော် စာပေအနုပညာ လက်ရာ ကောင်းဝတ္ထုအဖြစ် ကျွန်တော် ဖတ်ရှုနှစ်သက်မိခဲ့သည့် ဤဝတ္ထုကို ပုံနှိပ်စာအုပ် ဝတ္ထုလုံးချင်းအဖြစ်နှင့် စာဖတ်ပရိသတ်တို့ ဖတ်ရှုနိုင်ခွင့် ရရှိ ပြီဖြစ်၍ အလွန်အမင်း ဝမ်းမြောက် ကြည်နူးမိရပါတော့၏။

စာပေအနုပညာဂါရဝဖြင့်

ကိုမျိုး (မြန်မာစာ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*