မိန်းကလေးတွေဘဝကို ဘယ်လိုရင်ဆိုင်ကြသလဲဆိုတာ အနုပညာပုံဖော် မီးမောင်းထိုးပြမယ့် မျက်နှာဖုံးများဇာတ်ကား ရိုက်ကူးပြီ

မိန်းကလေးတွေဘဝကို ဘယ်လိုရင်ဆိုင်ကြသလဲဆိုတာ အနုပညာပုံဖော် မီးမောင်းထိုးပြမယ့် မျက်နှာဖုံးများဇာတ်ကား ရိုက်ကူးပြီ
March 15, 2018 AsianFame MediaGroup
မိန်းကလေးတွေဘဝကို ဘယ်လိုရင်ဆိုင်ကြသလဲဆိုတာ အနုပညာပုံဖော် မီးမောင်းထိုးပြမယ့် မျက်နှာဖုံးများဇာတ်ကား ရိုက်ကူးပြီ

အောင်ခေတ်မင်း ရုပ်ရှင်ထုတ် လုပ်ရေးကထုတ်လုပ်ပြီး သရုပ် ဆောင်၊ ဒါရိုက်တာမင်းဦးက ရိုက် ကူးပုံဖော်မယ့် မျက်နှာဖုံးများ ရုပ်ရှင် ဇာတ်ကားကန်တော့ပွဲပေးပွဲကို မတ်လ ၅ ရက်နေ့ မနက် ၇ နာရီခွဲက ရွှေတိဂုံ ဘုရားအောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ကျော်ထက်အောင်၊ မင်းဦး၊ ရပ်ဆဲလ်၊ အိချောပို၊ စိုးပြည့် သဇင်၊ အေးဝတ်ရည်သောင်း၊ မေတို့ နဲ့အတူ အခြားသောအနုပညာရှင် များစွာတို့ ပါဝင်ရိုက်ကူးသွားမှာဖြစ် ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ရိုက်ကူးပုံဖော်သူ ဒါရိုက်တာမင်းဦး က . . .

”Beauty Saloon မှာ အလုပ် လုပ်ကြတဲ့ ကောင်မလေးတွေရဲ့ ဘဝ ကို အစ်ကိုရိုက်ကူးပြချင်တာပါ။ တ ကယ် အပြင်မှာလည်းရှိတာမျိုးတွေ၊ လက်ရှိ current ဖြစ်နေတဲ့အရာမျိုး တွေနဲ့ ထင်ဟပ်ပြီးရိုက်ကူးမှာပါ။ အလှပြင်ဆိုင်မှာရှိတဲ့ မိန်းကလေးတွေ ရဲ့ဘဝကိုရိုက်ကူးပြချင်တာ။ မိန်းကလေး တွေဆိုပေမယ့်လည်း သူတို့တွေက လောကကြီးမှာရပ်တည်ဖို့ယောက်ျားလေးတစ်ယောက်ရှိမှမဟုတ်ဘူး။ ဖြစ် လာတဲ့ဒုက္ခသုက္ခတွေ အားလုံးကို ခံနိုင် ရည်ရှိတယ်။ လောကကြီးမှာ အောင် မြင်အောင်ဆက်လုပ်နိုင်တယ်ဆိုတဲ့ သတင်းမက်ဆေ့ခ်ျတစ်ခုပေးချင်တာ။ အဲဒီလိုလူမျိုးတွေအများကြီးရှိတယ်။မိန်းကလေးတွေက အားနည်းသူတွေ ဖြစ်ကြပေမယ့် ဒီလောကကြီးမှာ သူ တို့ရဲ့ဘဝတွေကို ဘယ်လိုအင်အားတွေ နဲ့ ရပ်တည်သွားလဲဆိုတာ ပြချင်တာ။ ဒီဇာတ်ကားက အပြင်လောကမှာ ဖြစ်နေတဲ့ မိန်းကလေးတွေကို ကိုယ် စားပြုတဲ့ဇာတ်လမ်းမျိုးဆိုတော့ အစ်ကို ဒီဇာတ်ပေါ်မှာထားတဲ့ စေတ နာကလည်း မှန်တယ်လို့ အစ်ကိုထင် ပါတယ်။ ဒီအတွက်လည်း ဒီဇာတ် ကားကို အကောင်းဆုံးဖြစ်အောင် ပုံ ဖော်မှာ။ ပရိသတ်ကလည်း လက်ခံလိမ့် မယ်လို့ အစ်ကိုထင်ပါတယ်။ လက်ခံ လာအောင် ကြိုးစားမှာပါ”လို့ ပြော ပြခဲ့ပါတယ်။ သရုပ်ဆောင်မင်းဦးက ဒါရိုက်တာအဖြစ် ချူဆီဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို ပထမဆုံးစတင်ရိုက် ကူးခဲ့တာဖြစ်ပြီး ဒီဇာတ်ကားကတော့ ဒုတိယမြောက်ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*