ဝတ်မှုံရွှေရည်ကို Tomboy ပုံစံနဲ့ တွေ့ရတဲ့အခါ ရင်တွေခုန်တယ် နေခြည်ဦး

ဝတ်မှုံရွှေရည်ကို Tomboy ပုံစံနဲ့ တွေ့ရတဲ့အခါ ရင်တွေခုန်တယ် နေခြည်ဦး
March 14, 2018 Leanne Win
ဝတ်မှုံရွှေရည်ကို Tomboy ပုံစံနဲ့ တွေ့ရတဲ့အခါ ရင်တွေခုန်တယ် နေခြည်ဦး

နေခြည်ဦးရဲ့ ပွဲဦးထွက် “ရန်သူ” ရုပ်ရှင်ဇာတ်ကားရိုက်ကူးတဲ့အခါ Tomboy ပုံစံ သရုပ်ဆောင် ဝတ်မှုံရွှေရည်နဲ့ တွဲဖက်ရိုက်ကူးခဲ့ပါတယ်။ ဝတ်မှုံရွှေရည်ကို မိန်းကလေး တစ်ယောက် အနေနဲ့မတွေ့ရဘဲ ကျားကျားလျားလျားပုံစံနဲ့ တွေ့မြင်ရတဲ့အပေါ် နေခြည်ဦးရဲ့ စိတ်ခံစားချက်က…

“မကစ်ဆိုတာက တအားချောတဲ့ မင်းသမီးတစ်ယောက်ပါ။ သူ့ကို ယောက်ျား လျာတစ်ယောက် Tomboy တစ်ယောက်အနေနဲ့ မြင်တွေ့ရတော့လည်း တအားကို ရင်ခုန်မိပါတယ်။

မကစ်က မိတ်ကပ်တွေ၊ ဆံပင်တွေတင်မကဘဲ သူ့ရဲ့ သရုပ်ဆောင်မှာMood တွေပါ အကုန်ပြောင်းသွားတော့ သူ့ရဲ့ ပုံစံကို ကြည့်ပြီး နေခြည်လည်း ရင်ခုန်ရတယ်။ မကစ်ရဲ့ ပရိသတ်တွေရော နေခြည်ရဲ့ ပရိသတ်တွေပါ ဒါလေးကို အကြိုက်တွေ့ကြတယ်။ ဒီလိုမျိုး မတူညီတဲ့ ကာရိုက်တာတစ်ခုကို ချပြတဲ့အချိန်မှာ မကစ် တကယ်ကိုတော်ပါတယ်။ ဒီဇာတ်ကားစရိုက်ကူးတုန်းကလည်း သူ့ကို ဝတ်မှုံရွှေရည်လို့ကို မမြင် တော့ဘဲနဲ့ ကာရိုက်တာ ဆန်းကြယ်ကိုပဲ တောက်လျှောက်မြင်ခဲ့ရတယ်’ လို့ နေခြည်ဦးက ဆိုပါတယ်။

ဒါရိုက်တာ မီးပွားရိုက်ကူးတဲ့”ရန်သူ” ရုပ်ရှင် ဇာတ်ကားမှာတော့ နေခြည်ဦးနဲ့အတူ နေမင်းနဲ့ ဝတ်မှုံရွှေရည်တို့က အဓိကပါဝင်ထားပြီး ပြင်ဦးလွင်မြို့ က  တက္ကသိုလ်ကျောင်းသားဘဝပုံစံမျိုးကို အခြေခံ ရိုက်ကူးထားတယ်လို့ သိရပါတယ်။Beauty Blogger နေခြည်ဦး အတွက် သရုပ်ဆောင်တစ်ယောက်အဖြစ် ပထမဆုံးတွေ့ကြုံရတဲ့ အခက်အခဲတွေက …

“နေခြည်ရဲ့ ပထမဆုံး ဇာတ်ကားရိုက်ကူးမှု အတွေ့ အကြုံက ငွေနဲ့လည်း တန်ဖိုးဖြတ်လို့မရသလို အချိန်နဲ့လည်း တန်ဖိုးဖြတ်လို့ မရပါဘူး။ ဘယ်အရာနဲ့မှ တန်ဖိုးဖြတ်လို့မရတဲ့ အတွေ့အကြုံ သစ်တွေကို ရရှိခဲ့ပါတယ်။ နေခြည့်အတွက် အတွေ့အကြုံတစ်နှစ် လောက်ပဲ ရှိသေးတဲ့အချိန် ရိုက်ကူးမှုမှာ တွဲခေါ်ကူညီခဲ့တဲ့ မကစ်တို့၊ ကိုနေမင်းတို့ကလည်း တကယ်ကို တော်ကြပါတယ်။ ကိုယ်ကိုယ်တိုင်က အသစ်ဖြစ်တဲ့အတွက် ပထမဆုံး ရိုက်ကူးတဲ့ ဇာတ်ကားက ပိုပြီးလည်း တာဝန်ကြီးတယ်။ ဇာတ်ကားစရိုက် ကူးကတည်းက Stress တွေလည်း တအားများခဲ့တယ်။ ဒါရိုက်တာ ဦးမီးပွားဆိုတာလည်း အနုပညာလောကမှာ တအားစည်းကမ်းကြီးတယ်။ သူမကြိုက်ရင် ချက်ချင်းပြန်လုပ်ခိုင်းတယ်ဆိုတော့ နေခြည့်မှာ အဲဒီPressure ကရှိတယ်။

နောက်ပြီး မကစ်ဆိုတာကလည်း ထိပ်တန်းမင်းသမီးတစ်ယောက် ဆိုတော့ ဒီလိုမင်းသမီးမျိုးနဲ့ နေခြည်တွဲပြီး ဇာတ်ကားရိုက်ခွင့်ရတာဟာ တကယ့်ကိုမဟာအခွင့်အရေးကြီးပါပဲ။ ဒီလို စိတ်ပူမှုတွေအများကြီး ရှိနေတဲ့ကြားမှာ တကယ်တမ်းရိုက်ကွင်းပေါ်လည်းရောက်ရော နေခြည့် ကို အသစ်တစ်ယောက်အနေနဲ့မြင်မပေးဘဲ၊ သရုပ်ဆောင် လုပ်ဖော် ကိုင်ဖက်ကောင်း တစ်ယောက်အနေနဲ့မြင်ပြီး လက်တွဲကူညီပေးတယ်။ သြသိ မဝင်တာကအစ နေခြည့်ကို ချက်ချင်းထောက်ပြတယ်။ ဒီလိုမျိုး နေခြည့်ကို နွေးနွေးထွေးထွေး ဆက်ဆံကြတာကို တကယ်ကိုကျေးဇူး တင်ပါတယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*