မိမိတုန်းက မှားခဲ့တဲ့ အနုပညာ အမှားမျိုးတွေ မမှားနိုင်အောင် အကြံပေးဖြစ်တဲ့ နီနီခင်ဇော် ရဲ့ အဆို ပြိုင်ပွဲ ဒိုင် အတွေ့အကြုံ

မိမိတုန်းက မှားခဲ့တဲ့ အနုပညာ အမှားမျိုးတွေ မမှားနိုင်အောင် အကြံပေးဖြစ်တဲ့ နီနီခင်ဇော် ရဲ့ အဆို ပြိုင်ပွဲ ဒိုင် အတွေ့အကြုံ
March 14, 2018 AsianFame MediaGroup
မိမိတုန်းက မှားခဲ့တဲ့ အနုပညာ အမှားမျိုးတွေ မမှားနိုင်အောင် အကြံပေးဖြစ်တဲ့ နီနီခင်ဇော် ရဲ့ အဆို ပြိုင်ပွဲ ဒိုင် အတွေ့အကြုံ

သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ ဟန်ထူးလွင်၊ လင်းလင်း၊ ရန်ရန်ချန်းတို့နဲ့ အတူ အကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက် နေတဲ့နီနီခင်ဇော်က ရိုက်ကူးရေးတွေခဏတာပြီးသွားပြီဖြစ်လို့ သူမရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဘက်ကို အားစိုက်နေလေရဲ့။ အကဲဖြတ်ခဲ့စဉ်တုန်းက သူမကိုယ်တိုင်ကလည်း အဆိုပြိုင်ပွဲကတက်လာတဲ့ အနုပညာ ရှင်တစ်ယောက်ဖြစ်တဲ့ အခါကျတော့ ပြိုင်ပွဲဝင်တွေကိုအကြံဥာဏ်တွေ အများကြီးပေးနိုင်ကြောင်း နီနီခင်ဇော် က ပြောပါတယ်။

”ကိုယ့်တုန်းက မှားခဲ့တဲ့ အနုပညာအမှားမျိုးတွေ မမှားနိုင်အောင်လို့ မောင်နှမတွေကို Share ခွင့်ရခဲ့ တယ်။ အခုလောလောဆယ်တော့ ပရိသတ်တွေ မကြည့်ရသေးတဲ့ Round တွေလာပါဦးမယ်။Battle Round ထပ်လာဦးမယ်။ ဧပြီလကုန်မှာ နီနီတို့ Live Show တက်ပါမယ်။ ထူးခြားတဲ့အနေနဲ့ နီနီတို့ကိုယ့်အဖွဲ့ထဲ ကလူတွေနဲ့ကိုယ် Performance လုပ်ရမှာပေါ့။ သီချင်းအတူတူဆိုရမယ့်ကဏ္ဍတွေ လည်း ရှိပါတယ်။ ဒီမှာ ပါဝင်တဲ့အဆိုတော် ၄ ယောက် စလုံးက သူ့ကဏ္ဍအသီးသီးမှာပရိသတ်လေး တွေလည်းရှိကြတော့ သူတို့ သီချင်းတွေဆိုဖြစ်မလား၊ နီနီဆိုရင်လည်း နီနီ့သီချင်းတွေဆိုဖြစ်မလား၊ ဒါမှမဟုတ် နီနီ Inspire ဖြစ်ခဲ့တဲ့ သီချင်းတွေ ပြန်ဆိုဖြစ်မလား မသိသေးဘူး။ Performance အပြိုင် အဆိုင်လုပ်ရမှာ” လို့ သူမက ပြောပြ ပါတယ်။

နီနီတို့ရဲ့ သီချင်းဆိုပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်က အရည်အချင်းရှိတဲ့ Artist တစ်ယောက် ထွက်ပေါ်လာဖို့ ရည်ရွယ်ထားတာ ဖြစ်ကြောင်းကိုလည်း နီနီခင်ဇော်က …

”ကိုယ့်ရဲ့ အဖွဲ့ဝင် တွေထဲက ဘယ်သူက Winner ဖြစ်မလဲမသိဘူး။ နီနီ့အဖွဲ့ကလား၊ ကိုကျားအဖွဲ့ကလား၊ ကိုလင်းအဖွဲ့ကလား၊ နီနီတို့ကလည်းအားရင်အားတာနဲ့တွယ်တယ်(ရယ်လျက်)။ ဒါပေမဲ့ အကုန် လုံးက ချစ်ကြတယ်။ မောင်နှမတွေလိုပဲ ရိုင်းပင်းကြတယ်။ သူ့အဖွဲ့မှာ သီချင်းလိုရင်လည်း ပေးလိုက်တယ်။ ကိုယ့်အဖွဲ့မှာ သီချင်းလိုရင်လည်းပေးလိုက်တယ်။ အခုဆို နီနီတို့ သီချင်းတွေ အများကြီးရွေးရတယ်။ နီနီတို့ပြိုင်တာထက် အဆပေါင်းများစွာ စိတ်ပင်ပန်းတယ်။ ကိုယ့်အဖွဲ့ ထဲကလူ သီချင်းဆိုမယ်ဆိုရင် ကိုယ်သာပြေးဆိုချင်လိုက်တော့တယ်။ အမှား အယွင်းဖြစ် မှာလည်း ကြောက်တယ်။ ဘာပဲပြောပြော နီနီ့အဖွဲ့ထဲက လူတွေက နီနီထက် အများကြီးတော်တယ်။ အထူး သဖြင့် မြန်မာနိုင်ငံမှာThe Voice Myanmar ကကျတော့ အရည်အချင်းရှိတဲ့ နောက်ထပ် Artist တစ်ယောက် ထွက်ပေါ်လာဖို့ အတွက်မွေးဖွားနေတာပါ။ နီနီတို့၊ ကိုကျားတို့ ဘယ်သူမှပြိုင် ဆိုင်ဖို့ မဟုတ်ပါဘူး။ နီနီတို့ထက်တော်တဲ့ နောက်ထပ် Generation တစ်ယောက်ပေါ်ပေါက်လာဖို့ပါ” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*