ကမ္ဘာကျော် ပတ္တမြားမြေ သို့လာလည်စေချင်

ကမ္ဘာကျော် ပတ္တမြားမြေ သို့လာလည်စေချင်
March 14, 2018 Leanne Win
ကမ္ဘာကျော် ပတ္တမြားမြေ သို့လာလည်စေချင်

ကမ္ဘာကျော် ပတ္တမြားမြေ မိုးကုတ်  မြို့မှာ ရှမ်း၊ ပလောင်(တအာင်း)၊ လီဆူအပါအဝင် တိုင်းရင်းသားပေါင်း စုံ အေးချမ်းသာယာ အတူတကွနေထိုင် ကြတဲ့မြို့လေးဖြစ်ပါတယ်။ တောင် ပတ်လည်ဝိုင်းလျက်ရှိပြီး အထပ်မြင့် အဆောက်အအုံတွေနည်းပါးတဲ့ မိုး ကုတ်မြို့ရဲ့အလှဟာ တွေ့မြင်ရသူတို့ အတွက် အံ့အားသင့်စရာနေချင်စ ဖွယ်မြို့လေးဖြစ်ပါတယ်။ မိုးကုတ်မြို့ နှစ်  ၈ဝဝ ပြည့်ပွဲတော်ကြီးကို မတ်လ  ၂၉ – ၃ဝ -၃၁ ရက်နေ့မှာ သုံးရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီ မိုး ကုတ်မြို့နှစ် ၈ဝဝ ပြည့်အထိမ်း အ မှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုကို မြို့လယ်အင်းဘေးမှာ စိုက်ထူသွားမှာဖြစ်ပြီး အနုပညာရှင် များရဲ့ ဖျော်ဖြေပွဲများ၊ စာပေပွဲတော် များနဲ့ ပျော်ပွဲရွှင်ပွဲများကို  စည်ကား သိုက်မြိုက်စွာကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာမင်းများလက်ထက်က ပတ္တမြားမြေအကြောင်း မြန်မာ့ပတ္တမြားကို  ဘယ်အချိန် ကစလို့ တူးဖော်လုပ်ကိုင်လာခဲ့တာ ဘယ်သူမှမသိခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံနဲ့ သီရိလင်္ကာ(သီဟိုဠ်) နှစ်နိုင်ငံမှာသာ ပတ္တမြားထွက်ခဲ့ပါ တယ်။ အဲဒီနှစ်နိုင်ငံအနက် မြန်မာ နိုင်ငံမှာ ပတ္တမြားပိုမိုထွက်ရှိရုံသာမ က မြန်မာ့ပတ္တမြားဟာ သီရိလင်္ကာမှ ပတ္တမြားထက်များစွာ ပိုလို့အရည် အသွေး ကောင်းမွန်ပါတယ်။

ဒါ ကြောင့် ကမ္ဘာအရပ်ရပ်ရှိ ရှေးဘုရင် များရဲ့ ပတ္တမြားရတနာများမှာ မြန် မာ့ပတ္တမြားများ မုချပါဝင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံမှာ ပတ္တမြားတူးဖော်လာခဲ့တာ အနှစ်ထောင်ချီရှိနေပြီလို့ ကောက် ချက်ချနိုင်ပါတယ်။ ရှေးအခါက ပတ္တမြားမြေကို သွားလာဖို့ လှည်းလမ်းပင်မရှိသေး ဘဲ လားဝန်တင်များနဲ့သာ ခက် ခက်ခဲခဲသွားလာရပါတယ်။ လမ်းခရီး မှာလည်း အန္တရာယ်များလှပြီး လူ အသွားအလာအရောက်အပေါက် နည်းတာကြောင့်  ပတ္တမြားမြေနဲ့ မြေ ပြန့်ဒေသများဟာ တသီးတခြားစီလို ဖြစ်နေပါတယ်။

အခုတော့ သွားလာ မှုလမ်းပန်းဆက်သွယ်ရေးကောင်း မွန်တာကြောင့် မိုးကုတ်မြို့နဲ့ မြေပြန့် ဒေသဟာ အချိန်ခဏအတွင်း လွယ် ကူစွာသွားလာနေကြပြီဖြစ်ပါတယ်။ မြန်မာ့ပတ္တမြားတွင်းများ အ ကြောင်း ရှေးဦးစွာသိရှိတဲ့ နိုင်ငံခြား သားများမှာ တရုတ်လူမျိုးများဖြစ် တယ်လို့သိရပါတယ်။  တရုတ်လူမျိုး တွေဟာ ခရစ် တစ်ဆယ့်သုံးရာစုနှစ် လောက်မှစပြီး တရုတ်နိုင်ငံတောင် ပိုင်း ယူနန်နယ်ဘက်မှတစ်ဆင့် ဗန်း မော်၊ မိုးမိတ်၊ မိုးကုတ်နယ်များကို အဆင့်ဆင့်ရောက်ရှိလာကြပါတယ်။  သူတို့ယူဆောင်လာတဲ့ တရုတ်နိုင်ငံ ထွက်ပစ္စည်းများကို ပတ္တမြားကျောက် နဲ့ လဲလှယ်ရောင်းဝယ်ကြပါတယ်။  တရုတ်လူမျိုးတို့ဟာ ကျောက်စိမ်းကို ပိုမိုနှစ်သက်မက်မောကြတဲ့အတွက် နောက်ပိုင်းမှာ ပတ္တမြားမြေကို အလာနည်းသွားကြောင်း သိရပါ တယ်။

  နောက်ပိုင်းမှသာ ပေါ်တူဂီ ခရီးသွားများနဲ့ ဥရောပမှ ခရီး သွားများက ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့အကြောင်းကို သိရှိပြီး နှစ်အလိုက်ရောက်ရှိလာကြောင်း မှတ်တမ်းများအရ သိရပါတယ်။ သက္ကရာဇ် ၉၅၉ ခု၊ တော်သ လင်းပြည့်ကျော် ၁၂ ရက်နေ့၊ ရတ နာပူရတွင်၊ ရွှေဝမြို့ကြီး တည်တော် မူပါသည်။  မိုးကုပ်ကျပ်ပြင်သည်။  ရတနာတမည်ဖြစ်သည်။  ရွှေဝမြို့ ကြီး အဝင်အပါဖြစ်စေရမည်။ မိုး မိတ် စော်ဘွားစီရင်စုဖြစ်သည်။  မိုးကုတ်ကျပ်ပြင်ကို နှုတ်ယူရမည်။ မိုးကုတ်ကျပ်ပြင်အစား တကောင်း မြို့ကို အရံအကာနှင့်တကွ အပ်တော် မူသည်။  မိုးမိတ်မြို့က သိမ်းစေ၊ မိုးကုပ်ကျပ်ပြင်မှာ ရွှေဝမြို့ကြီးတည် ရာ ရတနာတမည်ဝင်စေ။ ကျောက် တူးအကြီး ငယ်သားအဝင်အပါတို့ကို ဝန်တို့က စာရင်းချယူ၍ ရွှေတိုက် တော်သွင်းရမည်။ မိုးမိတ်မြို့က မခန့် မထားနှင့်၊ နှုတ်တော်မူသည်။  တ ကောင်းမြို့ကို အစားလဲတော်မူ၍၊ အပ်တော်မူလေပြီးသည်။  ရွှေဝမြို့ ကြီးတွင် ထမ်းရွက်စေ။ သက္ကရာဇ် ၉၅၉ ခုသီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့နာခံတော်ပြော့ကြီးမှူး။ အထက်ပါ မှတ်တမ်းအရ ပတ္တမြားမြေဟာ မိုးမိတ်စော်ဘွားပိုင် မှ မြန်မာမင်းက တိုက်ရိုက်အုပ် ချုပ်တဲ့ မြန်မာပိုင်နယ်ဖြစ်လာရပါ တယ်။ ဒါဟာ မြန်မာမင်းများလက် ထက်က ပတ္တမြားမြေအကြောင်း အ ချက်အချို့သာ ဖြစ်ပါတယ်။

ဗြုံးဆေးရခြင်းအကြောင်း ဗြုံးများကို ဆေးဖို့ ရေကိုချောင်း များမှတစ်ဆင့် မြောင်းငယ်များ သို့ မဟုတ် ဝါးလုံးနဲ့ သွယ်ယူရပါတယ်။ ကျောက်များနဲ့စီပြီး ပြုလုပ်ထားတဲ့ ရေပန်းခွက်ခေါ် ချိုင့်တိမ်ထဲမှာ ဗြုံးများကို ထည့်ပြီးသွယ်ယူလာတဲ့ ရေနဲ့ ပေါက်ပြားကိုအသုံးပြုကာ မွှေ နှောက်ရပါတယ်။ ရေပန်းခွက်ထဲမှာ ဗြုံးများကို ရေနဲ့မွှေနှောက်နေစဉ် ကျောက်တုံး ကျောက်ခဲကြီးများ တွေ့ပါက ဖယ် ရှားပြီး တွင်းဘေးမှာ စုပုံထားပါတယ်။ ဗြုံးအတွင်းရှိ သေးငယ်ပေါ့ပါးတဲ့ အနည်အနှစ်နဲ့ ကျောက်မှုန်မြေမှုန် များကိုမူ ရေနဲ့မျောပါသွားတဲ့အထိ မွှေနှောက်ရပါတယ်။  လေးလံတဲ့ ကျောက်စရစ်ခဲနဲ့ ရတနာများကို တောပေါက်ပြားခြစ်ယူပြီး ဇလုတ် တွင်းသို့ ဆွဲချရပါတယ်။   မျက်စိလျှံပြီး မတွေ့လိုက်တဲ့ ရတနာများကို သဲဖတ်အတွင်းမှာ လက်နဲ့ယက်ပြီး ထပ်မံရှာဖွေခြင်းကို သဲဖတ်ရှာတယ်လို့ ခေါ်ပါတယ်။  တစ်ဖန်ဇလုတ်မှ တစ်ဆင့်မျောပါ သွားတဲ့အနည်များ၊ ဗြုံးများကို  မြောင်းမြီးအဖျားပိုင်းမှာ ပုတ်တော နဲ့ ကျုံးပြီးဆေးကြောခြင်းကို ခနဲ ဆေးသည်ဟု ခေါ်ကြပါတယ်။  ခနဲ ဆေးခြင်းအလုပ်ကို အစဉ်အလာအား ဖြင့် အမျိုးသမီးများသာပြုလုပ်ကြ ပါတယ်။
ကျောက်တွင်းတူးဖော်ပုံအမျိုးမျိုး ဗြုံးကိုတွေ့ရတဲ့နေရာ၏ မြေ ပြင်လက္ခဏာကိုလိုက်ပြီး ကျောက် တွင်းတူးဖော်နည်းများ ကွဲပြားသွား ပါတယ်။ အထူးသဖြင့် လူရဲ့ ခွန် အားနဲ့ ကျွမ်းကျင်မှုကိုအသုံးပြု၍ တူးဖော်ရတဲ့ လက်တွင်းများမှာ မြေ မျက်နှာပြင်ရဲ့ ပုံသဏ္ဌာန်ကိုလိုက်ပြီး လုပ်နည်းလုပ်ဟန် ကွဲပြားသွားပါ တယ်။

ထုခွဲခြင်း ထုံးကျောက်သားများမှာ တွယ် ကပ်နေတဲ့ကျောက်များကို တူနဲ့ ထုခွဲပြီး ကော်ထုတ်ယူပါတယ်။  အဲဒီ နည်းဟာ အလွန်ရှေးကျတဲ့အပြင် ကျောက်များကို နာစေတဲ့အတွက် အခုအခါမှာ အဲဒီနည်းကို အသုံးမပြု ကြတော့ပါဘူး။
မြေတွင်းတူးဖော်ခြင်း ဒီနည်းက ချိုင့်ဝှမ်းများမှာ လုပ် ကိုင်တဲ့နည်းဖြစ်ပါတယ်။ တွင်းများကို မြေအောက်ရှိ ဗြုံးသားများတွေ့ရတဲ့ နေရာအထိနက်ရှိုင်းအောင် တူးဖော် ရပါတယ်။ ဒီနည်းနဲ့ တူးဖော်တဲ့ တွင်းများမှာ သုံးမျိုးရှိပါတယ်။  ယင်း တို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ တွင်းလုံး

၂။ လေးပင်တွင်း

၃။ ကိုးပင်တွင်း
တွင်းလုံး မြေနိမ့်ချိုင့်ဝှမ်းအတွင်း လူတစ် ယောက် ဝင်ဆံ့နိုင်ရုံမျှ မြေတွင်းတူး ဖော်ခြင်းပဲဖြစ်ပါတယ်။ မြေရဲ့ တွင်းဝ၊ တွင်းပေါက်ရဲ့ ပုံသဏ္ဌာန် မှာ စက်ဝိုင်းပုံရှိပါတယ်။  အဲဒီတွင်း လုံးများကို မြေအောက်ရှိ ဗြုံးသားများ တဲ့အနက်ကို ရောက်တဲ့တိုင်အောင် တူးဖော်ရပါတယ်။ ဗြုံးများကို တွေ့ တဲ့အခါ ဗြုံးကြောကိုလိုက်ပြီး ဘေးသို့ လိုဏ်ခေါင်းများပြုလုပ်ပြီး တူးဖော်ရ ပါတယ်။  တွင်းလုံးမှ မြေသား၊ ဗြုံး သားနဲ့ ရေများ မြေပြင်သို့ ဆွဲတင် ဖို့အတွက် မောင်းတံကို တပ်ဆင်ထား ရပါတယ်။ ဆေးကြောဖို့အတွက် ဗြုံးများကို မြေလွတ်တစ်နေရာမှာ စုပုံထားရပါတယ်။

လေးပင်တွင်း လေးပင်တွင်းဟာ  စတုရန်းကိုး ပေ ကျယ်ဝန်းတဲ့လေးထောင့်ပုံ အ ပေါက်ဝရှိ တွင်းဖြစ်ပါတယ်။  ဒီတွင်း များမှာ အလွယ်တကူမြေမပြိုနိုင် အောင် တွင်းရဲ့နံရံများမှာ တွင်းဝမှ အောက်သို့တိုင်အောင် တိုင်များ၊ ထုပ်များနဲ့ ခိုင်ခိုင်မာမာပြုလုပ်ထား ပါတယ်။  ဒါကြောင့် လေးပင်တွင်း များကို ကွက်သစ်မဟုတ်တဲ့ အကွက် ဟောင်းများမှာလည်း ပြုလုပ်နိုင်ပါတယ်။

ကိုးပင်တွင်း ကိုးပင်တွင်းဟာ လေးပင်တွင်း ကဲ့သို့ လေးထောင့်သဏ္ဌာန်တွင်းဖြစ် ပါတယ်။  ဒါပေမဲ့ ပိုပြီးကျယ်ဝန်းပါ တယ်။  တွင်းနံရံမှာလေးပင်တွင်းမှာ ကဲ့သို့ တွင်းထိပ်ဝမှ အောက်ခြေအထိ တိုင်များ၊ ထုပ်များနဲ့ခိုင်ခံ့အောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် တွင်း ထိပ်ဝမှာ သစ်များတန်းပြီး စတုရန်း အကွယ်ငယ် ကိုးကွက်ဖြစ်ပေါ်လာ အောင် အကွက်ဖော်ထားပြီး အဲဒီ အကွက်များအတိုင်း အောက်ခြေအ ထိ တိုင်များစိုက်ထူထားပါတယ်။  ဒီတွင်းမျိုးကို စတုရန်းကွက်ငယ် ကိုး ကွက်ပါဝင်ခြင်းကြောင့် ကိုးပင် တွင်းလို့ခေါ်ခြင်းဖြစ်ပါတယ်။  ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာ  မိုးကုတ်မြို့လေးဟာ တိုင်းရင်းသား တို့ရဲ့ ချစ်စရာ လူနေမှုပုံစံများ၊ ဓ လေ့များကိုကြည့်ရှုလေ့လာနိုင်ဖို့ ကမ္ဘာကျော် ပတ္တမြားမြေကို လာ လည်စေချင်ပါတယ်။

သော်ဏီကို

ကိုးကား – ဆရာမောင်မောင်လေး

ရေးသားတင်ပြသည့် မြန်မာတို့၏ ပတ္တမြားမြေ စာအုပ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*