‘နှစ်’တေးစီးရီးကို MTV ရိုက်ကူးပြီး Online မှာ တင်ပေးသွားမယ့် အဆိုတော်အောင်ထက်

‘နှစ်’တေးစီးရီးကို MTV ရိုက်ကူးပြီး Online မှာ တင်ပေးသွားမယ့် အဆိုတော်အောင်ထက်
March 13, 2018 AsianFame MediaGroup
‘နှစ်’တေးစီးရီးကို MTV ရိုက်ကူးပြီး Online မှာ တင်ပေးသွားမယ့် အဆိုတော်အောင်ထက်

အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် ပရိသတ်အခိုင် အမာရရှိလာတဲ့ အဆိုတော်အောင်ထက်တော့ မကြာသေးခင်ကပဲ ”နှစ်” လို့ အမည်ပေးထားတဲ့ သူရဲ့တစ်ကိုယ်တော် Audio CD လည်း ထွက်ရှိခဲ့ပြီဖြစ်ပါ တယ်။ ချစ်သူများနေ့က ထွက်ရှိခဲ့တဲ့ ”သူပဲပိုင်တဲ့ ၂၄ နာရီ ” တေးစီးရီးမှာ တေးရေးဆရာမင်းချစ်သူ ရေးပေးတဲ့ သီချင်းတစ်ပုဒ် ပါဝင်သီဆိုထားကြောင်းလည်း သိရပါတယ်။ ”သူပဲပိုင်တဲ့၂၄ နာရီ” တေးစီးရီးကတော့ အဆိုတော်ဖြိုးပြည့်စုံ စီစဉ်တာဖြစ်ပြီး သီချင်းများအားလုံးကို တေးရေးဆရာမင်းချစ်သူ ကရေးစပ်ထားကြောင်းလည်း သိရပါတယ်။ နောက်ထပ်လည်း အဆိုတော်ဖြိုးပြည့်စုံနဲ့ လက်တွဲလုပ်သွားဖို့ရှိပြီး သူရဲ့ ”နှစ်” တေးစီးရီးကိုလည်း MTV ရိုက်ကူးဖို့လုပ်နေကြောင်း ခုလိုပြောပြခဲ့ပါတယ်။

”ပြီးတော့ ချစ်သူများနေ့က ထွက်ရှိထားတဲ့ သူပဲပိုင်တဲ့ ၂၄ နာရီ တေးစီးရီးမှာ ပါဝင်ထားပါတယ်။ ဒီတေးစီးရီးကတော့ ဖြိုးပြည့်စုံစီစဉ်ပြီး သီချင်းတွေ အားလုံးကတော့ ဆရာ မင်းချစ်သူရေးပေးထားတာပါ။ နောက်ထပ်လည်း အတွဲခွေတွေရော လုပ်ဖို့ရှိပါတယ်။ ဖြိုးပြည့်စုံနဲ့လည်းအခွေလုပ်ဖို့ရှိပါသေးတယ်။ ပြီး တော့ ကျွန်တော်ရဲ့ နောက်ဆုံးထွက် ရှိထားတဲ့ ”နှစ်” တေးစီးရီးကို MTV ရိုက်ကူးဖို့ ကြိုးစားနေပါတယ်။ MTV ကတော့ တစ်ပုဒ်ချင်းပဲ အရင်ထွက်ဖြစ်ဖို့များတယ်ဆို တော့ ဘယ်တော့ ထွက်မယ်ဆိုတာတော့ မပြောတတ် သေးပါဘူး။ ဖြန့်တာတော့ အွန်လိုင်းကနေပဲ ဖြန့်ဖြစ်ဖို့ စီစဉ်နေပါတယ်။

အနုပညာလောကကို သီချင်းအဆို ပြိုင်ပွဲကနေ ရောက်ရှိ လာတဲ့ သူကတော့ ပြိုင်ဝင်ကာလကတည်းက ပရိသတ်တွေ တစ်ခဲနက် အားပေးမှုရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ပရိသတ်ချစ် တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ သူကိုယ်တိုင် အပြင်မှာ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ပြီး ဖျော်ဖြေရတဲ့ သူရဲ့ခံစားမှုကို မေးမြန်းခဲ့ ရာ . . . ”အပြင်မှာ Show ပွဲတွေ သီဆိုတဲ့အခါကျရင် သီချင်း ချစ်သူ ပရိသတ်တွေ၊ ကျွန်တော့်ကိုချစ်ခင်အားပေးကြတဲ့ ပရိ သတ်တွေလာပြီးတော့ အားပေးကြတာပေါ့။ အဲ့ဒီလိုမျိုးဆိုတော့ သူတို့ ကလည်း သီချင်းတွေလိုက်ဆိုကြတယ်။ အဲ့ဒီလိုသီချင်းတွေ လိုက်ဆိုကြတယ်၊ အားပေးကြတယ်ဆိုတော့ ကျွန်တော် ပိုပြီး တော့တောင် ပျော်ပါတယ်။ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတာ ကတော့ ပျော်စရာကောင်းပါ တယ်” လို့ သူက ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*