မှင်စာမှတ်တမ်း(၁၀)

မှင်စာမှတ်တမ်း(၁၀)
March 13, 2018 Leanne Win
မှင်စာမှတ်တမ်း(၁၀)

တစ်နေ့သောအခါ … မှင်စာချုပ် နေ့သောအခါ … မှင်စာချုပ်  ကြီး၏ ခြေတော်ရင်း၌ လက် မရွံ့မှင်စာ ခ, စားချင်ယောင်ဆောင် ၍ အိပ်ငိုက်နေစဉ်၊ သူ၏ လက်ပါး က အိပ်ငိုက်နေမှန်းမသိသော မှင် စာချုပ်ကြီးသည် သူ၏ဝသီအတိုင်း တိုင်းပြည်ပြုပြင် ပြောင်းလဲရေးတရား များ မြွက်ကြားနေပေသည်။

“တိုင်းနိုင်ငံတစ်နိုင်ငံ ပျက်စီးရာ  ပျက်စီးကြောင်း၊ ဆုတ်ယုတ်ရာ ဆုတ် ယုတ်ကြောင်း တရားတွေထဲမယ်။ တံစိုးလက်ဆောင်လက်ခံရယူခြင်း ဆိုသဟာလည်း ပါဝင်သကွဲ့၊ ဟုတ် စ …မှင်စာငယ်ဓ (မှင်စာအိပ်ငိုက်နေ၍ မကြား။)  “တံစိုးလက်ဆောင်ကို လက်ခံ ရယူခြင်းဟာ အဆိပ်တုံးကို မျိုချမိ ခြင်းနဲ့လည်း တူသကွဲ့ ဟုတ်စ … မှင်စာငယ် …

“(မှင်စာကား အိပ်ငိုက်မပျက်။) “တံစိုးလက်ဆောင်ကြောင့် …နိုင်ငံ့လက်ရုံးနဲ့ တူနေပေသော နိုင်ငံ့ဝန်ထမ်းကြီးများ စာရိတ္တပျက် သုဉ်း လူမစင်တုံးများ ဘဝသို့ ရောက် တတ်သကွဲ့ …၊ ဟုတ်စ …  မှင်စာငယ် …” (မှင်စာအိပ်ငိုက်လို့ ကောင်း ဆဲ။) မှင်စာချုပ်ကြီးသည် ခါတိုင်း ကြားနေကျ၊ “ဟုတ်ပါ့၊ မှန်ပါ့” သံ မ ကြားသဖြင့် ငုံ့ကြည့်လိုက်ရာ အိပ် ငိုက်နေသော မှင်စာကို တွေ့သွား တော့သည်။ မှင်စာချုပ်ကြီးသည် မှင် စာကို လက်ရွယ်ပြီး …

“ဟဲ့ ဗာလနံ၊ အကြီးအကဲက  အရေးကြီးတဲ့တရားဟောနေချိန်မှာ အိပ်ငိုက်နေရလားဟဲ့၊ သယ် … ငါလုပ်လိုက်ရ” သည်တော့မှ မှင်စာလန့်နိုးပြီး ခေါင်းမော့လာသည်။

“အကြီးအကဲပြောသမျှ ဟုတ်ပါ့ နဲ့ မှန်ပါ့ချည်း လုပ်နေရတဲ့ အတူတူ yes, sir … yes,sir နဲ့ လျက်ဆားရောင်း နေရတဲ့ အတူတူ အိပ်ငိုက်နေတာက အန္တရာယ်ကင်းပါတယ်။ အိပ်မငိုက် ဘဲနဲ့ အကြီးအကဲရဲ့ သြဝါဒတွေကို နားထောင်နေရာက မတော်တဆ လျှာခလုတ်တိုက်ပြီး ညသယျငမ လုပ်မိရင်၊ နိုးပါ …လို့ ငြင်းဆန်မိရင် ငရဲကျ တာထက် အခြေအနေပိုဆိုးသွားနိုင် ပါတယ်ခင်ဗျာ”

“နင်က အကောင်သာ ငယ်တာ၊ ဆင်ခြေဆင်လက်တော့ အတော်များ သားပဲ မှင်စာငယ် …ကဲ အိပ် ငိုက်နေလို့ …ငါ ဘယ်လိုသြဝါဒ ပေးနေတယ်ဆိုတာ နင်မကြားလိုက် ဘူးပေါ့” “တံစူးဆိုတာတော့ ကြားလိုက် ပါတယ်။ ဘယ့်နှယ်ဗျာကျက်သရေမ ရှိ၊ ကျက်သရာမရှိ။ တံစူးချွန်ဆိုတာ လူသေကောင်မီးရှို့ရာမှာ လူသေ ကောင်ကို မီးမြန်မြန်လောင်အောင်  ထိုးဆွပေးရတဲ့ ဝါးချွန်ကြီးခင်ဗျ။ အ ကြီးအကဲက စဏ္ဍာလတရားဟောနေ တာလား …

အမင်္ဂလာစကားတွေ မိန့်တော်မမူပါနဲ့”‘ဟဲ့အကောင် ငါပြောတာက တံစိုးလို့ ပြောတာ၊ တံစူးမဟုတ်ဘူး၊ တံစိုးလက်ဆောင် …

တံစိုးလက် ဆောင်ဆိုတာ လာဘ်ထိုးတဲ့ လက် ဆောင်ပစ္စည်းကိုခေါ်တာဟဲ့” “သြ … တံစိုးလက်ဆောင် လား၊ တံစိုးလက်ဆောင်ဆိုတာ လော ကမှာ မရှိမဖြစ်တဲ့၊ လောကကို သာ ယာစေတဲ့၊ လူသားတွေကို နှလုံးစိတ် ဝမ်းအေးချမ်းစေတဲ့ …”

“ဟေ့ကောင် တော် …တန် …တိတ်”ဟု မှင်စာချုပ်ကြီးက ဒေါ နှင့်မောနှင့်အော်လိုက်တော့မှ မှင်စာ ပါးစပ်ပိတ်သွားသည်။  မှင်စာချုပ်ကြီးက …ယခုအ ခါ ရန်ကုန်တိုင်း တစ်နေရာတွင်း အ ဂတိမိုက်မှား၊ လာဘ်အစားကြမ်းနေ သော အရပ်လူကြီးတစ်ဦး သောင်း ကျန်းနေကြောင်း ရှေးဦးစွာပြောပြ သည်။

“ဆင်းရဲလို့ လာဘ်စားတာ၊ စား ပစေပေါ့ဗျာ၊ သူများစားပေါက်ပိတ် အောင် လုပ်တာ အလွန်ငရဲကြီးပါ တယ်++ဟု မှင်စာက ရဲရဲဝံ့ဝံ့အတွန့် တက်လိုက်သည်။  “ဟဲ့ကောင် လျှာမရှည်နဲ့၊ အဲဒီ အရပ်လူကြီး မောင်မောင်တုပ်ဆိုတဲ့ ငနဲဟာ လာဘ်စားတဲ့နေရာမှာ ပြိုင် စံရှားအောင် လက်ရဲဇက်ရဲနိုင်နေ တယ်။ လမ်းပေါ်မှာ ဂေါ်လီပစ်နေ ကြတဲ့ နှပ်တွဲလောင်းနဲ့ ကလေးတွေ ဆီကတောင် (ကာစတန်)အကောက် ကောက်နေသတဲ့။ လမ်းလျှောက်ပြီး ရောင်းတဲ့ အိုးကလေးဘယာကြော် ကုလားကလေးဆီကတောင် လမ်း ခွန်ကောက်သတဲ့။ မောင်မောင်တုပ် တို့ လာဘ်စားတဲ့နေရာမှာ …ပဲ ကြီးလှော်လျှောက်ရောင်းတဲ့ လမ်း လျှောက်ဈေးသည်ဆီကတောင် လေ ထုညစ်ညမ်းမှုအကြောင်းပြပြီး အခွန် ကောက်သတဲ့”

“ဒီမော့ခရေစီနိုင်ငံဆိုတာ အခွန်များများကောက်ရတယ်မဟုတ် လား အကြီးအကဲရဲ့””လျှာမရှည်ပါနဲ့လို့ ပြောနေတာ မကြားဘူးလား။ မင်းတာဝန်က အဲဒီ လာဘ်အစားကြမ်းနေတဲ့ အရပ်လူ ကြီးမောင်မောင်တုပ်ကို မှတ်လောက် သားလောက်အောင် သွားဆုံးမဖို့ပဲ” “အရပ်လူကြီးမောင်မောင်တုပ်  ဆိုတာ ရနောင်မောင်မောင်တုပ် ထက်များ လက်ဆပြင်းနေရင်တော့ ပြဿနာပဲ”ဟု ညည်းကာ မှင်စာ သည် တာဝန်ထမ်းဆောင်ရန် ရန် ကုန်တိုင်းဒေသကြီးထဲမှ စီးပွားရေး မြို့နယ်တစ်ခုဖြစ်သော (…)မြို့ နယ်ဆီသို့ အသွင်ယူ၍ ထွက်လာ ခဲ့လေသည်။ ပထမဆုံးမောင်မောင် တုပ်၏ ကိုယ်ရေးရာဇဝင်ကို လေ့ လာကြည့်ရာ မောင်မောင်တုပ်သည် ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့နောက် မောင် မောင်တုပ်သည် စည်ပင်ဌာနနှင့် လျှပ်စစ်ဌာနတို့မှာပါ အမှုထမ်းဖူး ကြောင်း လေ့လာတွေ့ရှိရပြန်သည်။  “တကယ့်လူလည် …

ပန် ကာထိပ်က ဝက်အူမူလီခေါင်းပါလား” ဟု မှင်စာက နှုတ်ခမ်းမဲ့ပြီး ရေရွတ် လိုက်သည်။  မောင်မောင်တုပ်၏ ပတ်ဝန်း ကျင်ကို လေ့လာကြည့်ပြန်သောအခါ မောင်မောင်တုပ်ကို ဓာတ်သိများက “ဗုံးသမား”ဟု နာမည်ပြောင်းပေး ထားကြသဖြင့် မှင်စာသည် …

“ဘုရား …ဘုရား ဗုံးသမား ဆိုပါကလား၊ တော်တော်ကြောက် စရာကောင်းတဲ့နာမည်ပဲ”ဟုပင် ရေ ရွတ်မိလေသည်။  ဆက်လက်စုံစမ်းကြည့်ရာ  မောင်မောင်တုပ်၏ ရပ်ကွက်ထဲမှ လူလည်တစ်ဦးက …

“ဗုံးသမားမဟုတ်ရပါဘူးဗျာ။ ပ စောက်နဲ့ ပုံးတဲ့  ပုံးသမားပါ။ ဘာပုံး လဲဆိုတော့ တရုတ်တို့ ထိုင်းတို့က လာတဲ့ မုန့်ပုံးတွေပေါ့။ ပုံးကို ဗုံးလို့ အသံထွက်တာဆိုတော့ ပုံးသမားက နေ ဗုံးသမားဖြစ်သွားတာပါ”ဟု ရှင်း ပြသည်။  “သူက ပုံးထဲမှာပါတဲ့ ဘီစကွတ် တွေ၊ ကွတ်ကီးတွေ၊ ကိတ်ခြောက်မုန့် တွေကို ကြိုက်တယ်မှတ်တယ်”ဟု အသွင်ယူထားသော မှင်စာက မှတ် ချက်ချသည်။  “ဘယ်ဟုတ်မှာတုံးဗျာ … မောင်မောင်တုပ်က လာဘ်ငွေယူ တဲ့နေရာမှာ ပရိယာယ်သုံးတယ်ဗျ။ သူ့ကို မုန့်ပုံးနဲ့ လာကန်တော့ကြ တယ်လို့ထင်အောင် လာဘ်ငွေကို မုန့်ပုံးအသစ်ထဲမှာ ထည့်ပြီးလာပို့ခိုင်း တာခင်ဗျ။ ဥာဏ်နီဥာဏ်နက်တော် တော်များတဲ့သူနော် …

“အင်း …လူကြီးလုပ်နေတော့ လည်း ဥာဏ်များမှဖြစ်မှာပေါ့ဗျာ”ဟု မှင်စာက အလိုက်သင့်ပြန်ပြောသည်။  တစ်နေ့တွင် …အရပ်လူကြီး မောင်မောင်တုပ်၏ အိမ်ရှေ့သို့ မော်တော်ဆိုင်ကယ်တစ်စီးဆိုက်လာ ပြီး ဆိုင်ကယ်သမားက အနီရောင် မုန့်ပုံးတစ်ပုံးကို လာပေးသည်။  “ဆရာကြီးရဲ့ တပည့်ဟောင်း တစ်ယောက်က ပူဇော်လိုက်တာပါ။ သူကိုယ်တိုင်လာမကန်တော့နိုင်တာ ကို ခွင့်လွှတ်ပါတဲ့”ဟု ပြောသော ပုံး ထဲမှာ ငွေအသပြာပါကြောင်း သိနေ သော မောင်မောင်တုပ်၏ မျက်နှာ ကြီးမှာ “စလေဦးပုည”၏ စာသားကဲ့ သို့ “မျက်နှာငွေလ၊ ရွှင်ပျပျ” ဖြစ်သွား လေသည်။  မောင်မောင်တုပ်သည် မုန့်ပုံး ကို အိပ်ခန်းထဲသို့ ယူလာပြီး ဖွင့် ကြည့်လိုက်ရာ ဦးစွာ စာတစ်စောင် တွေ့ရသည်။  ဦးမောင်မောင်တုပ် သုံးဆောင် ရန် ဆက်သလိုက်ပါသည်။  မုန့်ပုံးထဲရှိ ပလတ်စတစ်အိတ် ထဲမှာတော့ မုန့်လည်း မပါ။ ငွေ လည်းမပါ။ အရောင်အသွေးမျိုးစုံ၊ အနံ့ဆိုးမျိုးစုံနှင့် ခွေးချေးခြောက်များ စွာကို တွေ့လိုက်ရသည့် သကာလ၊ မောင်မောင်တုပ်သည် မူးဝေလဲကျမ တတ်တုန်လှုပ်သွားလေသတည်း။  ။

ကြူးနစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*