ပိုက်ဆံတစ်ပြားမှမရပေမယ့် ညီအစ်ကိုစိတ်ဓာတ်တွေနဲ့ သရဲလေးကောင်ပြဇာတ်ကို ကခဲ့ကြတဲ့ ကင်းကောင်

ပိုက်ဆံတစ်ပြားမှမရပေမယ့် ညီအစ်ကိုစိတ်ဓာတ်တွေနဲ့ သရဲလေးကောင်ပြဇာတ်ကို ကခဲ့ကြတဲ့ ကင်းကောင်
March 13, 2018 Asian Fame Media
ပိုက်ဆံတစ်ပြားမှမရပေမယ့် ညီအစ်ကိုစိတ်ဓာတ်တွေနဲ့ သရဲလေးကောင်ပြဇာတ်ကို ကခဲ့ကြတဲ့ ကင်းကောင်

တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ သရဲလေးကောင်ပြဇာတ်ကို ပရိသတ်တွေမှတ်မိကြဦးမှာပါ။ အဲဒီသရဲ လေးကောင်ကတော့ အရိုင်း၊ ကင်းကောင်၊ဖိုးဖြူနဲ့ကုသိုလ်တို့ပဲဖြစ်ပါတယ်။အခုအချိန်မှာတော့သရဲလေးကောင်ထဲကတစ်ဦးဖြစ်တဲ့ကုသိုလ်ကတော့ကွယ်လွန်သွားခဲ့ပြီလည်းဖြစ်ပါတယ်။မတ်လ၈ရက်နေ့ကတော့အရိုင်း၊ကင်းကောင်၊ဖိုးဖြူ၊ငှက်ပျောကြော်တို့ကBella Men Careကြော်ငြာရိုက်ကူးခဲ့ပါတယ်။ ဒီကြော်ငြာကတော့ ငရဲမင်း ၄ ဦးအနေနဲ့ ဒါရိုက်တာဝင်းလွင်ထက်ကရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ဒီရိုက်ကွင်းမှာတော့ တစ်ချိန်က သရဲလေးကောင်ကိုပြန်လည်အမှတ်ရစေခဲ့ကြပါတယ်။အထူးသဖြင့်တော့သရဲလေးကောင်ထဲကတစ်ဦးဖြစ်တဲ့သူငယ်ချင်းဖြစ်သူကုသိုလ်ကိုသတိရမိတယ်လို့ ကင်းကောင်က ပြောပြပါတယ်။

“လွမ်းတာပေါ့။ ကိုငှက်ပျောကြော်ဆိုရင် သရဲလေးကောင်ပြဇာတ်မှာပါတယ်။ ဒါပေမဲ့ ကိုလွင်မိုးရဲ့သူငယ်ချင်းနေရာကပေါ့။တကယ့်သရဲလေးကောင်ကဦးအရိုင်း၊ဦးကင်း၊ဦးဖိုးဖြူနဲ့ဦးကုသိုလ်ပါ။သြော်..သရဲလေးကောင်တောင်မှ၂၅နှစ်မှာသရဲတစ်ကောင်ကမရှိတော့ဘူးလေ”လို့သူငယ်ချင်းဖြစ်သူကုသိုလ်နဲ့ပတ်သက်ပြီးကင်းကောင်ကပြန်လည်လွမ်းဆွတ်စကားဆိုခဲ့ပါတယ်သရဲလေးကောင်ပြဇာတ်ကတော့ပရိသတ်တွေတအားသဘောကျခဲ့တဲ့ပြဇာတ်ဖြစ်ခဲ့သလိုသူတို့ကြားမှာလည်းအမှတ်တရတွေအများကြီးရှိခဲ့ပါတယ်။အဲ့ဒီအမှတ်တရတွေကိုလည်းကင်းကောင်က”သရဲလေးကောင် ပြဇာတ်က ပြဇာတ်တိုက်တော့တခမ်းတနားကြီး တိုက်ခဲ့ရတာမျိုးမဟုတ်ဘူး။လှေကားခြေရင်းတွေမှာပဲတိုက်ခဲ့ရတာ။တစ်ပြားမှရခဲ့ကြတာမဟုတ်ဘူး။ငွေရေးကြေးရေးမရဘဲနဲ့နိုင်ငံတော်ကကျင်းပတဲ့ဆိုကရေးတီးရန်ပုံငွေရှာတဲ့ပွဲမှာကခဲ့တာ။ဂုဏ်ပြုမှတ်တမ်းလွှာတော့ရတာပေါ့လေ။အဲဒီလိုပွဲမှာ တစ်ယောက်နဲ့တစ်ယောက် သာသည်နာသည်သဘောမထားဘဲ တကယ့်ညီအစ်ကိုစိတ်ဓာတ်နဲ့ ကခဲ့ကြတယ်။ ညီအစ်ကိုစိတ်ဓာတ်လည်းရှိခဲ့ကြတယ်ပေါ့။ အဲဒါတွေ သွားပြီးသတိ ရတယ်”လို့ ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*