မြို့တည်နှစ် ၈ဝဝ ပြည့် ပွဲတော်နဲ့ မိုးကုတ်သူ မိုးကုတ်သား အနုပညာရှင်များရဲ့ ဂုဏ်ယူ ကြည်နူး စကားသံများ (၂)

မြို့တည်နှစ် ၈ဝဝ ပြည့် ပွဲတော်နဲ့ မိုးကုတ်သူ မိုးကုတ်သား အနုပညာရှင်များရဲ့ ဂုဏ်ယူ ကြည်နူး စကားသံများ (၂)
March 12, 2018 AsianFame MediaGroup
မြို့တည်နှစ် ၈ဝဝ ပြည့် ပွဲတော်နဲ့ မိုးကုတ်သူ မိုးကုတ်သား အနုပညာရှင်များရဲ့ ဂုဏ်ယူ ကြည်နူး စကားသံများ (၂)

မြန်မာနိုင်ငံထဲက အထင်ရှားဆုံးမြို့နဲ့ ရာဇဝင်သမိုင်း ရှည်လျားခမ်းနားတဲ့မြို့ကတော့ ပတ္တမြားမြေမည်တွင်ရာ မိုးကုတ်မြို့ပဲဖြစ်ပါတယ်။ အခုနှစ် မတ်လထဲမှာတော့ မိုးကုတ်မြို့တည်နှစ် ၈ဝဝ ပြည့်မြောက်ခဲ့ပြီး အထိမ်းအမှတ်ပွဲတော်ကြီးအဖြစ် စည်ကားသိုက်မြိုက်ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်တော့မှာပါ။ ဒီမိုးကုတ်မြို့တည်နှစ် ၈ဝဝ ပြည့်ပွဲတော်ကြီးဟာ ထူးခြားမှုတွေရော အသွင်သဏ္ဌာန်ကောင်း အနှစ်သာရပြည့်ဝ မှုတွေပါ ပေါင်းစုံဖြစ်တည်လျက် ကျန်ရစ်စေမယ့် ကမ္ဘာသိ မြန်မာသိ ဒေသန္တရ ယဉ်ကျေးမှုပွဲတော်မျိုးလို့ ဆိုရမှာပါ။ ဒါကြောင့်မို့ အသွင်သဏ္ဌာန် ခမ်းနားထူးခြားမှုပြည့်စုံနေတဲ့ မိုးကုတ်မြို့တည် နှစ် ၈ဝဝ ပြည့် ပွဲတော်ကြီးအပေါ် မိုးကုတ်သူ မိုးကုတ်သား အနုပညာရှင်များရဲ့ ဂုဏ်ယူကြည်နူးစကားသံများကို မေးမြန်းစုစည်းဖော်ပြလိုက်ပါတယ်။

ဖွေးဖွေး

 

 အဓိကတော့ဖွေးဖွေးက မိုးကုတ်မြို့သူပေါ့နော်။ဖွေးဖွေးငယ်ငယ်ကတည်းကပဲ မိုးကုတ်မြို့ရောက်ဖူးတာများတယ်။ ဒီအရွယ်ရောက်တော့ ရန်ကုန်မြို့မှာပဲ နေတာများတယ်။မိုးကုတ်မြို့ နှစ် ၈ဝဝ ပြည့် ပွဲတော်ကိုလည်းလာခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ်။မိုးကုတ်မြို့က မခိုင်ကြီးတို့၊ ကစ်ကစ်တို့၊ ဖွေးဖွေးတို့ အန်တီပေါက်တို့ အကုန်ပါကြမယ်။ တရားပွဲတွေလည်းပါမယ်။ ကျောက်သွေးပြိုင်ပွဲတို့၊ မိုးကုတ်ဒေသရိုးရာအစားအသောက်ပွဲတော်လည်းရှိပါမယ်။ဒီမှာလည်း ရာသီဥတုပူနေပြီလေ။မိုးကုတ်မြို့မှာကျတော့ တအားအေးတယ်။ ဖွေး ကိုယ်တိုင်လည်း မရောက်တာကြာပြီဆိုတော့ ဖွေးနဲ့အတူ ဖွေးပရိသတ်တွေနဲ့ အတူပါဝင်ဆင်နွှဲချင်ပါတယ်။

 

* * * * * * * * * * * * * * * * * * * * 

Nကိုင်ရာ

 

ညီမက အနုပညာအလုပ်တွေ မလုပ်ဖြစ် တဲ့အချိန်မှာ အိမ်ကမိသားစုအတွက် အချိန် ပေးဖြစ်နေတယ်။ အခုအနုပညာကို ဒီမိုးကုတ်မြို့ နှစ် ၈ဝဝ ပြည့်ပွဲမှာ ပြန်လည်ပြီး မိုးကုတ်သူ တစ်ယောက်အနေနဲ့ ဖျော်ဖြေရေး အစီအစဉ်မှာ ပါဝင်ကူညီထားပါတယ်။ ညီမတို့မိုးကုတ်မြို့ဟာ နှစ် ၈ဝဝ ပြည့်အနေနဲ့ ကြုံတောင့်ကြုံခဲ ဖြစ်ရတဲ့ အချိန်ကာလလေးပါ။ ဒီလိုကြုံတောင့်ကြုံခဲ အချိန်လေးမှာ မိုးကုတ်မြို့သူ တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်။ ညီမတို့ မိုးကုတ်မြို့ဟာ အခုဆိုရင် အလွန်အေးချမ်းတယ်။ ညီမတို့က မိုးကုတ်မြို့မှာ မွေးဖွားလာတော့ မိုးကုတ်မြို့ရဲ့အလှအပတွေကို နှစ်သက်တယ်။ ဒီလိုပွဲလုပ်တဲ့အတွက် မိုးကုတ်မြို့ကို လာရောက် လည်ပတ်တဲ့သူတွေ များပြားလာမယ်။ အလုပ် အကိုင်၊ အခွင့်အလမ်းတွေ ပေါများလာမယ်။ အဲဒီအတွက် မိုးကုတ်မြို့ နှစ် ၈ဝဝ ပြည့်ပွဲဟာ အလွန်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်တယ်လို့ မိုးကုတ် မြို့သူတစ်ယောက်အနေနဲ့ ပြောချင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*