တော်ပြီ

တော်ပြီ
March 12, 2018 Leanne Win
တော်ပြီ

ကျုပ် ဒုတိယနှစ် ကျောင်းသားဘဝ နန်းရှေ့ဘားမှာ သူငယ်ချင်းတွေနဲ့ သောက်ကြတော့ အရက်ခွက်ကို မော့ချပြီး ဘေးကရေခွက်ကို အမြန်ကောက်မော့တယ်။ ဒါပေမဲ့ ရေခွက်မဟုတ် အရက် တွေဖြစ်နေတယ်။ တော်ပြီ။ တော်ပြီ။ နှဲသံက တတော်တော် တတီတီ မြည်နေတယ်။ ပထမနှစ်သင်တန်းသားရဲ့အသံမို့ တတော် တော်တတီတီ။ တော်ပြီ။ ကျုပ်တစ်ကနေစပြီး ရေတွက်နေ လိုက်တာ ၁၉၉၃အရောက်မှာ ရပ်သွားတယ်။ တော်ပြီ။ အလှူထမင်း ရုံမှာ ကျုပ်ဝင်စားတော့ ဝက်သားတုံးကြီးတွေ အဆီတဝင်းဝင်းနဲ့။ တော်ပြီ။ ကျုပ်ကိုတွေ့ရင် ပြုံးပြတတ်တဲ့ကောင်မလေး သူ့ဦးလေးကြီးတွေက ရွာပြန်ပို့လိုက်ပြီ။ တော်ပြီ။ ဒီအ ကြောင်းတွေ စိတ်မဝင်စားဘူး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်။ ချက်ဆိုနား ခွက်က မီးတောက်ရမယ်။ ဟောဒီမှာ ကြည့်။ (သူ့ပါးစပ်ပြဲကြီး ကိုဟ၍ ပြသည်။) အံသွားတွေ တစ်ချောင်းမှ မရှိတော့ဘူး။ တော်ပြီ။ ဒါပေမဲ့ တစ်ထောင်တန် တစ်ရွက်လောက်ပါ ရင်ပေးခဲ့ဦး။ တော်ပြီ။ တော်ပြီလား။ တော်ပြီ။ လူကြီးတွေဟာ လူငယ်တွေရဲ့ ဖတ်စာအုပ်တွေပါပဲ။ ဒါပေမဲ့ တော်ပြီ။ ဟော လာပြန်ပြီ။ ပထမနှစ်သင်တန်း သားရဲ့ နှဲသံတတော်တော်တတီတီ။ တော်ပါပြီကွာ။ အိုင်းရစ်ပန်းများက ဒေါ်လာ ၅၃.၉သန်းတဲ့။ ဗင်းဆင့်ဗင်ဂိုးရဲ့ ပန်းချီကားလေ။

တော်ပါပြီ ဗျာ။ ဒီနားလေးမှာ ၅ဝ တန်တစ်ရွက်များ မတွေ့မိလိုက်ကြဘူးလား။ ငါးဆယ်တန်တော့ မတွေ့ပါဘူးကွာ။ ၅ဝဝ တန်တစ်ရွက်တော့ စောစောက မြင်လိုက်တယ်။ တော်ပြီ။ ကြီး တော်ရဲ့နွားတွေကို ကျောင်းခဲ့တာ ရာသီတွေ အလီလီပြောင်းခဲ့ပါပြီ။ တော်ပြီ။ ဝါကိုပင်မဆိုရလို့ ငိုကြတဲ့များဒကာတဲ့။ ဘယ့်နှယ်တုံး ဘိုးကုရဲ့။ တော်ပြီ။ လူတစ်ယောက်အကြောင်း အကုန်သိသွားရင် ပျင်းစရာ ကောင်းမနေဘူးလား။ ဟောပြောရင်းဆိုရင်း အရက်တစ်ခွက် မော့သောက်လိုက်ပြီ။ တော်ပါပြီ။ ညဥ့်ကနက်ပြီ။ ၁၂ နာရီထိုးပြီ။ ကင်း တဲမှ သံချောင်းခေါက်သံ ၁၂ ချက် ထွက်ပေါ်လာတယ်။ဒုတိယနှစ် ကျောင်းသားဘဝ နန်းရှေ့ဘားမှာ သူငယ်ချင်းတွေနဲ့ သောက်ကြတော့ အရက်ခွက်ကို မော့ချပြီး ဘေးကရေခွက်ကို အမြန်ကောက်မော့တယ်။ ဒါပေမဲ့ ရေခွက်မဟုတ် အရက် တွေဖြစ်နေတယ်။ တော်ပြီ။ တော်ပြီ။ နှဲသံက တတော်တော် တတီတီ မြည်နေတယ်။ ပထမနှစ်သင်တန်းသားရဲ့အသံမို့ တတော် တော်တတီတီ။ တော်ပြီ။ ကျုပ်တစ်ကနေစပြီး ရေတွက်နေ လိုက်တာ ၁၉၉၃အရောက်မှာ ရပ်သွားတယ်။ တော်ပြီ။ အလှူထမင်း ရုံမှာ ကျုပ်ဝင်စားတော့ ဝက်သားတုံးကြီးတွေ အဆီတဝင်းဝင်းနဲ့။ တော်ပြီ။ ကျုပ်ကိုတွေ့ရင် ပြုံးပြတတ်တဲ့ကောင်မလေး သူ့ဦးလေးကြီးတွေက ရွာပြန်ပို့လိုက်ပြီ။ တော်ပြီ။

ဒီအ ကြောင်းတွေ စိတ်မဝင်စားဘူး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်။ ချက်ဆိုနား ခွက်က မီးတောက်ရမယ်။ ဟောဒီမှာ ကြည့်။ (သူ့ပါးစပ်ပြဲကြီး ကိုဟ၍ ပြသည်။) အံသွားတွေ တစ်ချောင်းမှ မရှိတော့ဘူး။ တော်ပြီ။ ဒါပေမဲ့ တစ်ထောင်တန် တစ်ရွက်လောက်ပါ ရင်ပေးခဲ့ဦး။ တော်ပြီ။ တော်ပြီလား။ တော်ပြီ။ လူကြီးတွေဟာ လူငယ်တွေရဲ့ ဖတ်စာအုပ်တွေပါပဲ။ ဒါပေမဲ့ တော်ပြီ။ ဟော လာပြန်ပြီ။ ပထမနှစ်သင်တန်း သားရဲ့ နှဲသံတတော်တော်တတီတီ။ တော်ပါပြီကွာ။ အိုင်းရစ်ပန်းများက ဒေါ်လာ ၅၃.၉သန်းတဲ့။ ဗင်းဆင့်ဗင်ဂိုးရဲ့ ပန်းချီကားလေ။ တော်ပါပြီ ဗျာ။ ဒီနားလေးမှာ ၅ဝ တန်တစ်ရွက်များ မတွေ့မိလိုက်ကြဘူးလား။ ငါးဆယ်တန်တော့ မတွေ့ပါဘူးကွာ။ ၅ဝဝ တန်တစ်ရွက်တော့ စောစောက မြင်လိုက်တယ်။ တော်ပြီ။ ကြီး တော်ရဲ့နွားတွေကို ကျောင်းခဲ့တာ ရာသီတွေ အလီလီပြောင်းခဲ့ပါပြီ။ တော်ပြီ။ ဝါကိုပင်မဆိုရလို့ ငိုကြတဲ့များဒကာတဲ့။ ဘယ့်နှယ်တုံး ဘိုးကုရဲ့။ တော်ပြီ။ လူတစ်ယောက်အကြောင်း အကုန်သိသွားရင် ပျင်းစရာ ကောင်းမနေဘူးလား။ ဟောပြောရင်းဆိုရင်း အရက်တစ်ခွက် မော့သောက်လိုက်ပြီ။ တော်ပါပြီ။ ညဥ့်ကနက်ပြီ။ ၁၂ နာရီထိုးပြီ။ ကင်း တဲမှ သံချောင်းခေါက်သံ ၁၂ ချက် ထွက်ပေါ်လာတယ်။ တော်ပြီ။ ဒီကိစ္စ ကို ဘယ်လိုသဘောရသလဲ တော်ပါပြီဗျာ။ ဟော နားထောင်စမ်းပါ၊ တော်ပါတော့ဗျို့တဲ့။ အေးပါကွာ တော်ပြီ။

 နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*