ဇာတ်ကားများ ပြန်ရိုက်ပေးပါ အားပေးပါ့မယ်လို့ ပြောကြတဲ့ ပရိသတ်များအတွက် ရဲမင်းပိုင်ရဲ့ စကားလက်ဆောင်

ဇာတ်ကားများ ပြန်ရိုက်ပေးပါ အားပေးပါ့မယ်လို့ ပြောကြတဲ့ ပရိသတ်များအတွက် ရဲမင်းပိုင်ရဲ့ စကားလက်ဆောင်
March 6, 2018 Asian Fame Media Group
ဇာတ်ကားများ ပြန်ရိုက်ပေးပါ အားပေးပါ့မယ်လို့ ပြောကြတဲ့ ပရိသတ်များအတွက် ရဲမင်းပိုင်ရဲ့ စကားလက်ဆောင်

 

အက်ရှင်မင်းသားကြီး ရဲမင်းပိုင်က ဒါရိုက်တာစတီးလ် ရိုက်ကူးနေတဲ့ ”လူခေါ်ခေါင်းလောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ရဲအရာရှိတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ရမယ်လို့သိရပါတယ်။ ဒီဇာတ်ကားက မြန်မာပြည် မြေပေါ် ရောက်တဲ့အချိန်မှာ ပထမဆုံး ရိုက်ကူးရတဲ့ ဇာတ်ကားဖြစ်ကြောင်းကို ရဲမင်းပိုင်က –

”အလုပ်စတင်ပြီး စလုပ်တဲ့ ဇာတ်ကားကတော့ ဒီဇာတ်ကားဖြစ်တယ်ပေါ့နော်။ ၁၄ နှစ်ကြာမှ ပြန်ပေါ်လာတဲ့ ဇာတိကား ပေါ့။ ဒါပေမဲ့ ပထမဆုံးပြောထားတာက ခင်ဇာခြည်ကျော်တို့ ထုတ်လုပ်ရေးက ကြိုးဝိုင်းဆိုတဲ့ ဇာတ်ကားရိုက်ဖို့တော့ ပထမဆုံး ကမ်းလှမ်းထားတာပေါ့နော်။ အခုဇာတ်ကားကတော့ မြန်မာပြည်မြေပေါ်ရောက်တဲ့အခါမှာ ပထမဆုံးစရိုက်ရတဲ့ဇာတ်ကားပေါ့။ ဒီကြားထဲမှာ ရိုက်လိုက်တဲ့ ရှော့ဖလင်ကတော့ ဖိုက်တင်ထိုးပြတဲ့အနေအထားပေါ့နော်။ ဖိုက်တင်ထိုးနိုင်ပါသေးတယ်ဆိုတာကို ပရိသတ်သိအောင် ဒါရိုက်တာဂျိုးက သူပြချင်တဲ့ပြကွက်ကို စပြတာပေါ့” လို့ပြောပြပါတယ်။ အခုဆိုဇာတ်ကားများပြန်လည် ရိုက်ကူးပြီဆိုတော့ သူ့ကို ဇာတ်ကားများပြန်ရိုက်ပေးပါ အားပေးပါမယ်လို့ပြောလာကြတဲ့ ပရိသတ်တွေ အတွက် စကား လက်ဆောင်ကို ရဲမင်းပိုင်က အခုလိုပြောပါတယ်။ ”အစ်ကိုကတော့ သရုပ်ဆောင်သမားတစ်ယောက်ဆိုတော့ အစ်ကိုမှာ လှုပ်ရှားမှုတွေ ရင်ခုန်မှုတွေဆိုတာကတော့ မရှိပါဘူး။ အစကတည်းက အစ်ကိုက အေးအေးဆေးဆေး လုပ်တက်တဲ့ အနေ အထားဆိုတော့ အေးအေးဆေးဆေးပဲရှိပါတယ်။ ပျော်တယ်ဆိုတဲ့ အနေအထားကတော့ လူတိုင်းကတော့ အနုပညာလုပ်ရလို့ ပျော်တယ်ရွှင်တယ်ဆိုတဲ့ စိတ်တွေတော့ရှိကြတာပေါ့။ အစ်ကိုကတော့ ပျော်တယ်လို့ပြောရမှာပေါ့။ စိတ်ကတော့ပုံမှန်ပါပဲ အေးဆေး ပါပဲ။ ပရိသတ်တွေကတော့ ဦးရဲမင်းပိုင် ရုပ်ရှင်ပြန်ရိုက်ပေးပါ။ အားပေးပါမယ်ဆိုတဲ့ စကားလေးတွေကြားရတော့ ဝမ်းသာတယ် လေ။ အဲဒီအတွက်အခုဟာက သူတို့အတွက် ပထမဆုံးဖျော်ဖြေပေးနိုင်တဲ့ ဇာတ်ကားလေးလဲဖြစ်နိုင်ပါတယ်။ သူတို့လဲ ကြည့်ရှုခံစားရ တဲ့အခါမှာ ပျော်ရွှင်မှုလေးတွေဖြစ်သွားမှာပေါ့။ အဲဒီအတွက်ကိုလည်း ကြည်နူးမိပါတယ်” လို့ ရဲမင်းပိုင်က ပြောပြပါတယ်။ နောက်ထပ် လဲ ရုပ်ရှင်ဇာတ်ကားများ ဗီဒီယိုဇာတ်ကားများ ဆက်လက်ရိုက်ကူးသွားဖို့တွေရှိကြောင်းသိရပါတယ်။

ဇင်မာနွယ် ၊

ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*