ပျော်ရွှင်ရတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားကြောင်း နန်းမြတ်ဖြိုးသင်း ပြော

ပျော်ရွှင်ရတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားကြောင်း နန်းမြတ်ဖြိုးသင်း ပြော
March 5, 2018 Leanne Win
ပျော်ရွှင်ရတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားကြောင်း နန်းမြတ်ဖြိုးသင်း ပြော

နန်းမြတ်ဖြိုးသင်းရဲ့ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘မောင်မစ္စက ဝိညာဉ်’ရုပ်ရှင်ဇာတ် ကားကြီးက မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင်မှုအပြင် အသံနဲ့ပါတစ်ကားလုံး ပါဝင်ခဲ့ရတာ ဖြစ်တဲ့အတွက်တအား ပင်ပန်းခဲ့ရကြောင်း နန်းမြတ်ဖြိုးသင်းက ပြော ပါတယ်။နန်းမြတ်ဖြိုးသင်းရဲ့ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘မောင်မစ္စက ဝိညာဉ်’ရုပ်ရှင်ဇာတ် ကားကြီးက မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင်မှုအပြင် အသံနဲ့ပါတစ်ကားလုံး ပါဝင်ခဲ့ရတာ ဖြစ်တဲ့အတွက်တအား ပင်ပန်းခဲ့ရကြောင်း နန်းမြတ်ဖြိုးသင်းက ပြော ပါတယ်။

“ဒီဇာတ်ကားက နန်းမြတ်ရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီး ပါ။ အနုပညာစလုပ်ကတည်းက ရုပ် ရှင်ကားကြီး ရိုက်ရဖို့အတွက် အမြဲ တမ်းမျှော်လင့်ခဲ့တယ်။ ဒီဇာတ်ကားကိုရိုက်ကူးတဲ့အချိန်မှာ နန်းမြတ် မျှော်လင့်ခဲ့တာ ပြည့်စုံခဲ့တဲ့နေ့တစ်နေ့လေးပါ၊ ဒီဇာတ်ကားမှာက နန်းမြတ်အသံနဲ့ပါသရုပ် ဆောင်ခဲ့ရတာက ထူးထူးခြားခြား အမှတ်တရဖြစ်ပါတယ်။ အဓိကကတော့Post production အပိုင်းပါ။ အသံသွင်းတဲ့ အပိုင်းတွေ၊ ဝင်ပူးတဲ့အခန်းတွေ လုပ်ရတာတော်တော်ပင်ပန်း တယ်။ အခုကြည့်တဲ့ခါမှာတော့ ကွန်ပျူတာနဲ့ ထပ်လိုက်တော့ သိပ်မသိရဘူး။ ဒါပေမဲ့ ကိုယ် လုပ်တဲ့ အခါမှ သူတို့ အိုက်တင် ကိုမှတ်ရ တယ်၊ မှတ် ပြီးရင်အဲဒီအိုက်တင်အတိုင်းထပ်လုပ်ရ တာဆိုတော့ စိတ်လည်း တော်တော် ပင်ပန်း တယ်။ ကိုယ့်ရဲ့ပထမ ဦးဆုံးကား ဆိုတော့ ကိုယ့်အတွက်တာဝန်ပိုကြီးတယ်”လို့ပြော ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း မှာတော့ အနုပညာအလုပ် တွေလည်း ဆက်လက် လုပ်ကိုင် ခွင့် ရခဲ့တဲ့အတွက်လည်းတအားပျော်ရွှင်ခဲ့ရကြောင်း၊ လောလောဆယ်မှာတော့ လွတ်လွတ် လပ်လပ်နေချင်သေးတဲ့အတွက် ကလေး ယူဖို့ အစီအစဉ်မရှိ သေးကြောင်း နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။

“ကိုယ့်အနေနဲ့ အနုပညာရှင် တစ်ယောက်သမီးတစ်ယောက်ဘဝကနေ ဇနီး သည်တစ်ယောက်ဖြစ်သွားတဲ့ အချိန် မှာ ကိုယ်ကစဉ်းစားရတယ်။ ကိုယ့်အနုပညာဘက် မှာလည်း မယုတ်လျော့သွားအောင်၊ ကိုယ့် မိသားစုပေါ်မှာလည်း မလစ်ဟင်းသွားအောင် စဉ်းစားပြီးမှ ဒီလမ်းကို လျှောက်ခဲ့တာ။ နန်းမြတ် ပျော်ရွှင်တဲ့ ဘဝလေး ကိုပိုင်ဆိုင်ရတယ်။ သူ့ရဲ့ ပံပိုးမှု လည်း အများကြီးပါ ပါတယ်။ ညီမတို့အခု နှစ်ဖက်မိဘနဲ့ အတူတူနေပါ တယ်။ ဟိုဘက် အိမ်သွားနေ လိုက်၊ ဒီဘက် အိမ်သွားနေ လိုက်၊ နှစ်ဖက်အိမ်ဆိုတော့သူလည်း သက် သောင့် သက်သာနေရ တယ်၊ ကိုယ်လည်း စိတ်ဖြောင့် ဖြောင့်နဲ့အလုပ်လုပ်လို့ရ တယ်။ ကလေးယူဖို့ကလို ပါသေးတယ်။ အလုပ်လည်း လုပ်ချင်သေး တာလည်းပါ တယ်။ လွတ် လွတ်လပ်လပ် နေရတဲ့ ဘဝလေးမှာလည်း နေချင်သေးတယ်။ အဲဒါ့ ကြောင့်လောလောဆယ် အခြေ အနေမှာတော့ ကလေးယူဖြစ်မယ်မထင်ပါဘူး” လို့နန်းမြတ် ဖြိုးသင်း ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*