ခေတ်ပေါ် ၀တ္ထု

ခေတ်ပေါ် ၀တ္ထု
March 5, 2018 Leanne Win
ခေတ်ပေါ် ၀တ္ထု

“ရေလွတ်ဘယ်ဈေးလဲအစ်မ”

“ရေလွတ်အကောင်လိုက် ခုနစ် ထောင်၊ တစ်ခြမ်းသုံးထောင်နဲ့ယူ” “ဘုရားဘုရား ကြက်ဈေး ကလည်း အသက်ဘေးထွက်လောက် တယ်။ အိမ်ကလင်တော်မောင်ရဲ့ ပန်းရန်အလုပ်ကြမ်း တစ်နေ့ဝင်ငွေစာ လောက်ရှိပါလား”ဟုတ်တယ်ညီမလေးရေ…

အစ်မတို့လည်းမတက်ချင်ပါဘူး။ ဒိုင် မှာယူရတာကိုက ခြောက်ထောင့် ငါးရာဈေး” “ခြေထောက်ခေါင်းကရော” “ဟိုဘက်မှာ တစ်ဗန်းငါးရာနဲ့ယူ”( ၂ ) “ကန်စွန်းရွက် ဘယ်လိုရောင်း လဲ” “တစ်စီးတစ်ရာ၊ နှစ်ရာဖိုး သုံးစီး”

“အရင်က တစ်စီးငါးဆယ်ပါ” “အရင်ကဈေးမပြောနဲ့လေ …

ကန်စွန်းရွက်က အရင်လို အလေ့ကျပေါက်ပြီး လမ်းဘေးမှာ လိုက်ခူးလို့မရတော့ဘူး။ စိုက်ခင်းထဲ သွားဝယ်ရတာ”( ၃ ) “ပဲဆီတစ်ဆယ်သားပေးပါ အစ်မ။ ဒီမှာသုံးရာ”

“ပဲဆီက အချိန်နဲ့မရောင်းတော့ ဘူးညီမ။ ဟိုမှာပါကင်ဘူးတွေနဲ့ပဲ ရောင်းတော့တယ်”

“ဘူးက ဘယ်ဈေးလဲ” “ဘူးအသေးက ခုနစ်ရာ ဘူးကြီး က တစ်ထောင့်ငါးရာ”

“ခက်တာပဲ၊ အိမ်ကကျေးဇူး ရှင်တွေကို ဆီမထည့်ဘဲ ရေနဲ့လုံးချက် ပြီးကျွေးလို့ရရင် အကောင်းသား”

“ဟိုလေ ညီမကိုအချိန်နဲ့ သုံးရာ ဖိုးလောက်ရောင်းပါလား’ “ကဲ လာလာ ပဲဆီတော့မရဘူး နော်။ စားဆီပဲရမယ်”( ၄ ) “ဘူးသီးတစ်စိတ်ယူလိုက်မယ် နော်။ ပိုက်ဆံကို ပစ်ပေးလိုက်မယ် ကန်တော့ကန်တော့”

“တစ်စိတ်နှစ်ရာမရတော့ဘူး၊ သုံးရာဖြစ်နေပြီ” “ရှင်… စိတ်ညစ်လိုက်တာ ကုန်ဈေးနှုန်းကလည်း မိုးပေါ်ထောင် ပစ်တဲ့ကျည်ဆန်လိုပဲ ဘယ်အချိန်ပြန် ကျမယ်မသိဘူး ဟူး…”

“စိတ်ညစ်မနေပါနဲ့ဟယ်။ ငါတို့ လည်းပိုညစ်တာပဲ။ ဝယ်ရင်းဈေး ကိုက တက်နေတာဆိုတော့”

သြော်…”( ၅ ) “လျှော့ပါဦးရှင်၊ မီးသွေးတစ် ပိဿာ ကိုးရာဆိုတာမများလွန်းဘူး လား။ ကျွန်မတို့က ဆန်ကိုဒီအတိုင်း စားလို့မရဘူး”

“ကျွန်တော်လည်း မတက်ချင်ပါ ဘူးအစ်မရယ်။ ကုန်အဝင်ကိုက နည်းနေလို့” “ဒီလိုခေတ်ကြီးထဲမှာ လူလာ ဖြစ်ရတာကိုက မဟာအမှားပါ။ မတတ်နိုင်ဘူး။ ကံကိုသာအပြစ်ဖို့ရ တော့မှာပဲ။ နောက်ဆို ဘုရားမှာ ဆုတောင်းပါတယ်။ အာဟာရပြီးတဲ့ လူ ဖြစ်ရပါလို၏လို့”( ၆ ) “ဟဲ့ နင်ကလည်း လုပ်တော့ မယ်၊ ဟိုတစ်ခါဒီဈေးမဟုတ်ပါဘူး။ အလကားရတဲ့အပင်က ခူးပြီးရောင်း တာတောင် ဒီလောက်ဈေးကြီးရလား တက်ပြီးရင်း တက်ရင်းပဲ”

“နှစ်ရာဖြစ်နေတာ ကြာပါပြီ”

“နေပါဦး နင့်မန်ကျည်းရွက်က ဆန်လိုတစ်ပြည်ကို ဘယ်လောက်နဲ့ ဝယ်နေ ရလို့တုံး။ ကုန်ကားတွေအ ဝင်နည်းနေလို့လား၊ ဒေါ်လာဈေး တက်လို့ လိုက်တက်နေတာလား။ ကြက်တွေဝယ်သလို ဒိုင်မှာလိုက်ဝယ် နေရလို့လား”

“မဟုတ်ပါဘူးဗျာ”

“ကဲ ဒါဖြင့်ဘာလို့လဲ။ နင့် မန်ကျည်းပင်က ဈေးတက်ခိုင်းနေလို့ လား ပြောစမ်းပါဦး”

” သြော် အန်တီရယ်..မန်ကျည်း ပင်ကတော့ ဈေးမတက်ခိုင်းပါဘူး ဗျာ။ ဒါပေမဲ့ ကျွန်တော် ဆာရင် ဒီ မန်ကျည်းရွက်ကို ဒီအတိုင်း ထိုင်စား လို့မှ မရတာ”

“အဲ…”

ဇွန်ဝေ(ဟင်္သာတ)
ဆရာမ မစန္ဒာ၏ “စက်ဝိုင်း”ဝတ္တုကို ခံစားရေးဖွဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*