ရင်သွေးလေးကိုယ်ဝန်လွယ်ထား ရတာကြောင့်မိတ်ကပ် သင်တန်းတွေ ရပ်ထားလိုက်တယ် သဇင်

ရင်သွေးလေးကိုယ်ဝန်လွယ်ထား ရတာကြောင့်မိတ်ကပ် သင်တန်းတွေ ရပ်ထားလိုက်တယ် သဇင်
March 5, 2018 Leanne Win
ရင်သွေးလေးကိုယ်ဝန်လွယ်ထား ရတာကြောင့်မိတ်ကပ် သင်တန်းတွေ ရပ်ထားလိုက်တယ် သဇင်

သြစတြေးလျနိုင်ငံမှာ ခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင်နေတဲ့ သရုပ်ဆောင်သဇင်က အခုလတ်တလောမှာ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေပြီး ဒီဇိုင်နာအိကျော်ဇင်နဲ့ ဂျပန်ဒီဇိုင်နာတို့ ပြုလုပ်တဲ့ ဖက်ရှင်ပွဲကို တက်ရောက်လာတာ တွေ့ရပါတယ်။ အိမ်ထောင် သက်တမ်း ၆နှစ်ရှိပြီဖြစ်တဲ့ သဇင်က အခုဆိုရင် ကိုယ်ဝန် ၁ဝပတ် လွယ်ထားရပြီဖြစ်ပြီး ကလေးတအားချစ်တတ်တဲ့သူဖြစ်တဲ့အတွက် ဝမ်းသာနေကြောင်းကိုလည်း သဇင် က…

“အစ်မတအားဝမ်းသာပါတယ်။ အရင်ကတည်းကလည်း ကလေးတအားချစ်တယ်။ သူများ ကလေးတွေကိုလည်း တအားချစ်တယ်။ ကလေးမှမဟုတ်ဘူး။ တိရစ္ဆာန်လေးတွေဆိုလည်း တအားချစ်တယ်။ အခုလို ကလေးရသွားတော့ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ အစ်မက တော့ သမီးမိန်းကလေးလိုချင်တာပေါ့။ ဒါပေမယ့်လည်း ဘုရားပေးတဲ့ကံပေါ့။ ဘာလေးပဲရရပါ” လို့ပြောပါ တယ်။ ရင်သွေးလေးကို သြစတြေးလျနိုင်ငံမှာ မွေးဖွားသွားမှာဖြစ်ပြီး အခုလတ်တလောမှာကိုယ်ဝန်သည်နဲ့ ပတ်သက်ပြီး စာအုပ်တွေဖတ်ကာ လေ့လာဖြစ်နေကြောင်းကိုလည်း သဇင်က…

“ကိုယ့်ရဲ့အရှေ့မှာရှိတဲ့ စီနီယာတွေ၊ အရင်ဆုံးကိုယ့်မိဘကိုကြည့်ရမှာပေါ့။ အများကြီး လေ့လာစရာ တွေတော့ ရှိတာပေါ့။ အခုကတော့ ကလေးတော့မမွေးဖွားလာသေးပေမယ့် ကိုယ်ဝန်ကိုစောင့် ရှောက်ရမယ့်ဟာတွေ အစားအသောက်တွေ နေထိုင်ပုံတွေကို ဖတ်ပြီးလေ့လာဖြစ်တာပေါ့။ သူငယ်ချင်းဆရာဝန်တွေကိုလည်း မေးဖြစ်တယ်။ အခုကတော့ နေလို့သိပ်မကောင်းသေးဘူး။ ပွဲတောင်မှ အစ်မရဲ့ပွဲမို့လို့ ခဏတစ်ဖြုတ်တက်ဖြစ်တာ။ ဘယ်မှမသွားဖြစ်ဘူး။ အိမ်မှာပဲ နေဖြစ်တာများတယ်” လို့ ပြောပါတယ်။ သဇင်က သြစတြေးလျနိုင်ငံမှာ မိတ်ကပ်ပညာကိုလည်း သင်ကြားခဲ့ပြီး မြန်မာနိုင်ငံမှာ မိတ်ကပ်သင်တန်းကို ဖွင့်လှစ် သင်ကြားလျက်ရှိပါတယ်။ ကိုယ် ဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့အတွက် နိုင်ငံခြားမှာ သင်ကြားခဲ့ခြင်းဖြစ်ကြောင်းကို သဇင်က….

“အစ်မက ဟိုဘက်မှာ ကျောင်းတက်တော့ စဉ်းစားတာပေါ့။ အဓိကကတော့ ကိုယ်ဝါသနာပါတဲ့ သင်တန်းတက်တာ ပိုကောင်းတာပေါ့။ အစ်မတို့ကျတော့ ဒီဟာက သိပ်ပြီးမစိမ်းဘူးလေ။ ဝါသနာပါတယ်။ နောက်တစ်ခုက အရင်ကတည်းက သူများကို ပြင် ပေးရတာကြိုက်တယ်။ အဲဒါကြောင့်လုပ်ဖြစ်သွားတာ။ စိတ်လည်းရှည်တယ်” လို့ ပြောပါ တယ်။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ မိတ်ကပ်ပညာသင်တန်းတွေ သင်ကြားဖို့ ရှိနေပေ မယ့်လည်း လတ်တလောမှာ သဇင်ကကိုယ်ဝန်ရှိနေတဲ့အတွက် သင်တန်းတွေ ရပ်ထား တယ်လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*