မှင်စာမှတ်တမ်း (၉)

မှင်စာမှတ်တမ်း (၉)
March 5, 2018 Leanne Win
မှင်စာမှတ်တမ်း (၉)

 

တစ် နေ့သ၌ မှင်စာတို့ ဦးသျှောင် ကြီးသည် ဘာစိတ်ကူးပေါက်သည် မသိ။ သူ၏လက်ရုံး တပည့်ကျော် အထူးအေးဂျင့်ဖြစ်သော ကျွန်ုပ်တို့၏ ဇာတ်လိုက်၊ ဟီးရိုးကလေး မှင်စာကို နိုင်ငံရေးဘောဂဗေဒအခြေခံ မူကြို သင်ခန်းစာများကို ဟောကြားနေလေ ၏။  “ဒီမော့ခရေစီ နိုင်ငံများမှာ အစိုးရရဲ့ ငွေကြေးလည်ပတ်မှု အသက်ဝိညာဉ်ဟာ အခွန်တော်ပြည့် ပြည့်ဝဝ ရခြင်းမရခြင်းအပေါ်မယ် မူတည်သကွဲ့။ ဆိုရှယ်လစ်နိုင်ငံ များ မှာတော့ ငွေကြေးလည်ပတ်မှု အသက် ဝိညာဉ်ကို နိုင်ငံတော်က ချုပ်ကိုင် ထားတော့ အခွန်တော်က ပြဿနာ သိပ်မရှိလှဘူး။ ဒီမော့ ခရေစီနိုင်ငံ ထူထောင်နေ …”

“အကျွန်ုပ်တို့ နာနာဘာဝလော ကမှာ နိုင်ငံရေးစကားပြောတာ မဆီ လျော်မလျောက်ပတ်ပါဘူး အကြီး အကဲခင်ဗျား”ဟု မှင်စာက ကြားဖြတ် ဟန့်တားလိုက်သောအခါ မှင်စာဦး သျှောင်ကြီးသည် ကျွဲမြီးတိုသွားပုံရ သည်။  “ဟဲ့အကောင်မှင်စာငယ်၊ ငရို့ ဟာ နာနာဘာဝ၊ ဝိနာဘာဝတို့ရဲ့ ကာမဒေဝ လောကနိုင်ငံတော်မှာ ရှင်သန်နေကြတာ မဟုတ်လား။ နိုင်ငံတော်ရှိရင် နိုင်ငံရေးရှိရမှာပေါ့။ နိုင်ငံရေးစကား ပြောရမှာပေါ့။ လူ တွေမှ နိုင်ငံရေးသတ္တဝါမဟုတ်ဘူး။ မှင်စာတွေလည်း နိုင်ငံရေး သတ္တဝါ ဆိုတာ အချင်းမှင်စာငယ် မသေ မချင်းမှတ်လေလော့” မှင်စာဦးသျှောင်ကြီးက လေသံ ပြင်းပြင်းပြောလိုက်သဖြင့် မှင်စာ ကလေးလည်း အလိုက်သိစွာဖြင့် စောဒက မတက်ရဲရှာတော့ချေ။ ဦးသျှောင်ကြီးက “အဟမ်း”ဟု ချောင်းဟန့်ပြီးနောက်  ….

“ငရို့တစ်တွေ မှီတင်းရှင်သန် ရာ အမိမြန်မာနိုင်ငံတော်ကြီးမှာ အခုဆိုရင် ဒီမော့ခရစီစနစ်ကို အစ ပျိုးထူထောင်နေတယ်ဆိုတာတော့ အချင်းမှင်စာငယ် သိပြီးသားပဲ။ ဒီမော့ခရေစီစနစ်ကို အင်အားချည့် နဲ့အောင် တစ်ဖက်တစ်လမ်းကနေ ကဖျက်ယဖျက် လုပ်နေသူတွေက တော့ အခွန်တော်မဆောင် အခွန် တော်ရှောင်တဲ့ လူလည်လူလိမ် လုပ် ငန်းရှင် တချို့ပေါ့လကွာ။ အထေ နလျေငသည လုပ်တာပေါ့လကွယ်” “အင်္ဂလိပ်ဝေါဟာရ ညှပ်မသုံး ပါနဲ့ခင်ဗျာ။ မျိုးချစ်စိတ်ဓာတ် ရှင် သန်ထက်မြက်ခြင်းကို ဖျက်ဆီးရာ ကျပါတယ်”ဟု မှင်စာက အကြီးအကဲ ကို သတိပေးလိုက်၏။ အကြီးအကဲ လုပ်သူမှာ အာဏာရှင်စရိုက် စွဲမြဲနေ သူဖြစ်ပေရာ ဆတ်ဆတ်ထိ မခံချေ။  “ဟဲ့အကောင် ငါ့ဘာသာငါ အင်္ဂလိပ်စကားပဲ ညှပ်သုံးသုံး၊ ဘင်္ဂါလီ စကားပဲ ညှပ်သုံးသုံး မင်းအပူမပါဘူး”

“ဘင်္ဂါလီစကားတော့ ညှပ်သုံး တော်မမူပါနဲ့။ အကြီးအကဲကို ပြည် ပအားကိုး ပုဆိန်ရိုးဆိုပြီး အမျိုး သားရေးဝါဒီတွေက ဝိုင်းဖဲ့ကြရင် အကျွန်ုပ်လည်း မကယ်နိုင်ဘူး။ အမျိုးသားရေးဝါဒီတွေက လက်ရဲ ဇက်ရဲ ပါးစပ်ရဲတွေနော့”

“အောင်မယ် မိကျောင်းမင်း ရေကင်းပြနေပြန်ပြီ။  အမျိုးသားရေး ဝါဒီတွေရော အမျိုးသမီးရေးဝါဒီတွေ ပါ ငါ့ဘော်ဒါတွေချည်းပဲဆိုတာ မင်း မှတ်ထားလိုက်။ ပြောနေစကားကြော ရှည်ပါတယ်ကွာ။ ငရို့နိုင်ငံထဲက အခွန် တော်မဆောင် အခွန်တော်ရှောင်  တဲ့ လူလည်လူလိမ်တွေကို ရှာဖွေ ထောက်လှမ်းပြီး ဆုံးမခဲ့ စမ်းကွယ်။ အမြန်ဆုံးသွား အမြန်ဆုံးဆောင်ရွက် ချေ။ အောင်မြင်ရင် မင်းကို ရာထူး တိုးပေးမယ်” မှင်စာသည် နာနာဘာဝပင် ဖြစ်သော်ငြား အခွန်တော်နှင့်ပတ် သက်၍ ဗဟုသုတကြွယ်ဝသည်။ ဒင်း (သင်း)တို့က အခွန်မဆောင် အခွန် ရှောင်တော့ အခွန်တွေက ဆင်းရဲသားလူထုကြီးအပေါ် ဧရာမ ဝန်ထုပ်ဝန်ပိုးကြီးလို ပိကျလာပါလေ ရော့။ ဒင်း (သင်း)တို့ဟာ တရားဥပ ဒေစိုးမိုးမှုဆိုတာကို ပြက်ရယ်ပြုကြ သလို၊ ဆင်းရဲသားလူထုကြီးကို နူရာ ဝဲစွဲ လဲရာသူခိုးထောင်း ဘဝရောက် အောင် တွန်းပို့ကြတယ်။ အဆိုးဆုံး ကတော့ ဒင်း (သင်း)တို့ဟာ နိုင်ငံ့ဝန် ထမ်းတွေနဲ့ တရားဥပဒေကာကွယ် ထိန်းသိမ်းတဲ့ တပ်ဖွဲ့တွေရဲ့  အကျင့် စာရိတ္တကို ငွေနဲ့ပေါက်ပြီး ဖျက်ဆီး နေကြတာပဲ။ (ကိုင်း) တွေ့ကြရော ပေါ့ကွာ++ သို့တပြီးကား အကျွန်ုပ်တို့၏ မှင်စာသည် အခွန်တော်ရှောင်ရာ တွင်

“အရှောင်အတိမ်းဂျက်စီဂျိမ်း” ဘွဲ့ရ စီးပွားရေးသမားလူဝကြီး ဦးကုပ် တိုထံသို့ ရောက်သွား၏။ ဘော်ဒီဂတ် အဆင့်ဆင့်ကို ကိုယ်ဖျောက် ကျော် ဖြတ်ကာ အခွန်တော်အရာရှိချုပ် အသွင်ယူ၍သူ၏ ရုံးခန်းထဲသို့ ဝင်ချ လာသော မှင်စာကို ဦးကုပ်တိုက အလန့်တကြားကြည့်သည်။  “အလို ဘုရား ဘုရား ဆရာက ဖုန်းကလေးဘာကလေးမှ ကြိုမဆက် ထားဘဲကိုးခင်ည။  ရုံးအဝင်ဝကနေ ကျွန်တော်ကိုယ်တိုင် ထွက်ကြိုရတာ ပေါ့ခင်ညာ’ ဟု ဦးကုပ်တိုက မျက်နှာချို သွေး၏။ မှင်စာက ထိုင်ရာမှ ထမလို လုပ်နေသော ဦးကုပ်တိုအား ရင်ဘတ် ကိုတွန်း၍ ပြန်ထိုင်စေလိုက်သည်။

“ဒီမယ် ဦးကုပ်တို၊ ခင်ဗျားကြီး ရဲ့ ရှောင်လင်သိုင်းကွက်တွေ မေ့ပစ် လိုက်တော့။ ခင်ဗျားကြီး ရှောင်လို့မရ တော့ဘူးမှတ်။ ၃ နာရီအတွင်း ခင် ဗျားကြီး ဆယ်နှစ်ဆယ်မိုးမက ရှောင် ရှားထားခဲ့တဲ့ အခွန်တော်ငွေတွေကို ရုံးမှာတစ်ပြားမကျန် သွားဆောင်ပါ။ ခင်ဗျားကြီးလို့လို လူလည်လူလိမ် တွေကြောင့် နိုင်ငံနဲ့လူထုမှာ ဒုက္ခ ရောက်လှပြီ”

“နေ နေ နေပါဦးဆရာ ကျွန်တော် ကျွန်တော်” မှင်စာက ဦးကုပ်တိုအား စကား ပြောခွင့်မပြု။ အသေအချာ ချိန်ကိုက် ပြီး ဖြတ်ရိုက်လိုက်ရာ ဦးကုပ်တို ရှေ့ သွားတစ်ချောင်း ကျွတ်သွားသည်။ ဦးကုပ်တို ကြောက်အားပိုပြီး အသံ တောင် မထွက်နိုင်။  “ဒီမော့ခရေစီရဲ့ အသီးအပွင့် တွေကို ပြည်သူလူထုက မစားသုံးရဘဲ ခင်ဗျားကြီးတို့ချည်း ဖြတ်စားလျှပ်စား လုပ်နေတာကြာပြီ။ သုံးနာရီအတွင်း အခွန်တော်တွေ အကြေအလည် မဆောင်ရင် ခင်ဗျားကြီး ပါးစပ်ထဲက ကျန်တဲ့သွားတွေ အကုန် ပြောင်ပြီ သာမှတ်” မှင်စာက ဦးကုပ်တို၏စားပွဲကို ပတ်လျှောက်ကာ ဦးကုပ်တိုနောက် ကျောဘက်သို့ ရောက်သွား၏။ ဦးကုပ်တိုက နောက်ဘက်သို့လှည့် ကြည့်ရာ အခွန်တော်အရာရှိကြီးကို မတွေ့ရတော့ချေ။ ဦးကုပ်တိုမှာ အ ကြောက်လွန်ပြီး ရှူးရှူးတွေ ထွက်ကျ လာသည်။ ဘဲလ်ကိုတီး၍ သူ၏ ဘော်ဒီဂတ်များကို ခေါ်ယူသည်။  ဘော်ဒီဂတ်နှစ်ဦး ဝင်လာသော အခါ ပါးစပ်ကိုလက်ကိုင်ပဝါဖြင့် အုပ်ထားသော ဦးကုပ်တိုအား တွေ့ ကြရလေသည်။

“အမိန့်ရှိပါခင်ဗျာ””ဘာအမိန့်ရှိရမှာလဲကွ။ ငါ့ လုံခြုံရေးအတွက် မင်းတို့ကို ခန့်ထား တာအလကားပဲ။ မင်းတို့ကို အလုပ် ဖြုတ်လိုက်ပြီ။ သွားတော့ ဂိုးတော့ ဂိုး၊ ဂိုး” ဦးကုပ်တိုသည် ဒေါသလည်း ဖြစ်၊ ဘာမှန်းမသိရသော ရန်သူကို ကြောက်လည်းကြောက်နေသည်။ သည်အတိုင်းနေလို့ကလည်း မဖြစ်။ ပြုတ်ထွက်သွားသော ရှေ့သွားတစ် ချောင်းကို အမြန်ဆုံးပြန်စိုက်ရလိမ့် မည်။ သွားဆရာဝန်ထံ သွားရန်ပြင် ဆင်နေစဉ် သူ၏လက်ကိုင်ဖုန်းက မြည်လာသည်။ ဖုန်းဖွင့်လိုက်သောအ ခါ သူနှင့်ပုလင်းတူဘူးဆို့၊ အကြံတူ ဥာဏ်တူ လုပ်ဖော်ကိုင်ဖက်သူဌေး ဦးရွှေသွား၏အသံကို ကြားရသည်။  “မိတ်ဆွေကြီးရေ ခင်ဗျားဆီကို အခွန်တော်အရာရှိဆိုတဲ့လူ လာ သေးလားဗျ”ဟု ဦးရွှေသွားက မေး သည်။ ဦးကုပ်တိုမှာ တစ်သက်လုံး သူတစ်ပါးအပေါ် နိုင်စားလာခဲ့ရာမှ သွားကျိုးအောင် အရိုက်ခံရသဖြင့် အရှက်ကြီးရှက်နေ၏။  “ဘယ်သူမှ မလာပါဘူးဆရာ ရွှေ။ ဘာဖြစ်လို့လဲ””အဲဒီကောင်က အန္တရာယ် ကြီးတယ်နော်။ သုံးနာရီအတွင်း အခွန်ငွေတွေ တစ်ပြားမကျန် သွား ဆောင်ဖို့ပြောပြီး ကျုပ်ကို ကိုယ်ထိ လက်ရောက် စော်ကားသွားတာ။ အခုကျုပ်မှာ ရှေ့သွားတစ်ချောင်း ပြုတ်ထွက်သွားပြီ။ အဲဒီကောင်ကို အမိဖမ်းပြီး … အီး ဟီး။ မလုပ်မပါနဲ့၊ ကြောက် ပါပြီဗျ။ အခွန်သွားဆောင် ဆောင်ပါ့ မယ်” ဤတွင် တစ်ဖက်မှ ဖုန်းအ ဆက်အသွယ်ပြတ်သွား၏။ ဦးကုပ်တို လည်း ဇောချွေးတွေ ပြန်ကာ “ဗုဒ္ဓ ကယ်ပါ့ဘုရား၊ ဒုက္ခတွေကများ”ဟု သွေးရူးသွေးတန်း မြည်တမ်းမိလေ သတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*