ရွှေစင်၅ကျပ်သား အကယ်ဒမီဆုရှင်များအတွက် ရင်ခုန်မှု (၁)

ရွှေစင်၅ကျပ်သား အကယ်ဒမီဆုရှင်များအတွက် ရင်ခုန်မှု (၁)
February 27, 2018 AsianFame MediaGroup
ရွှေစင်၅ကျပ်သား အကယ်ဒမီဆုရှင်များအတွက် ရင်ခုန်မှု (၁)

၂ဝ၁၈ ခုနှစ်၊ မတ်လ ၂၃ ရက် နေ့တွင် ၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပတော့မည်ဖြစ်ရာ ရုပ်ရှင် လောကသားများနှင့် ပြည်သူတစ်ရပ် လုံး မျှော်နေကြပြီဖြစ်သည်။

ယခုနှစ်ထူးခြားတာက ရွှေစင်ရုပ် ဆုမှ ရွှေကြယ် ၅ ကျပ်သားက အား ကောင်းမောင်းသန်ရှိနေပြီဖြစ်သည်။ ထူးခြားဖြစ်စဉ်တစ်ခုပေါ့။ ပြီးတော့ ဆုအမျိုးအစား ၁၁ ဆုလုံး ချီးမြှင့် မည်ဖြစ်သည်။ ချန်လှပ်ထားခြင်း မရှိစေရဟုဆိုသည်။

တစ်ဖန် မနှစ်ကနှင့်မတူ တစ်မူ ထူးခြားတာလေးရှိပါသည်။ ဒါက တစ်သက်တာဆု ထူးချွန်မှုဆုပါ။ စွယ်စုံပညာရှင် သက်ကြီးဝါကြီး တစ်ဦးကို ချီးမြှင့်ပါမည်။ ခမ်းနားစွာ ကျင်းပ၍ ချီးမြှင့်သည့်ဂုဏ်ပြုဆု၊ ဒါကနိုင်ငံတကာမှာလည်း ချီးမြှင့် သည့် ဂုဏ်ထူးဆုပါ။ ကျွန်တော်တို့ မြန်မာ့ ရုပ်ရှင်မှာလည်း အစဉ်အလာ ကောင်းတွေ ရှိလာပါတော့မည်။

ယခင့်ယခင်နှစ်တွေက အကယ် ဒမီစာရင်းဝင် ဇာတ်ကား ၁၃ ကား၊ ၁၇ ကား၊ ကား ၃ဝ မှ ယခုနှစ်မှာ တော့ ၅၃ ကား စာရင်းဝင်ခဲ့သည်။ အကဲဖြတ်ဖွဲ့ဝင် ၃ဝ ဦးသည် တစ်နေ့ ၂ ကားနှုန်းဖြင့် တစ်လခွဲခန့် ကြည့်ရှု ခဲ့ကြသည်။ အဖွဲ့ဝင်များသည် တစ်လ ခွဲခန့် အကြာမှာတော့ မျက်လုံးထိခိုက် သူများ ရှိလာပါသည်။ အသံစနစ် မြင့်မားမှုတွေကြောင့် နှလုံးထိသူများ လည်း ရှိပါသည်။ ရုပ်ရှင်ကို တစ်ပွဲ သာ ဖျော်ဖြေရေးအသွင် ခံစားကြည့် ရှုခြင်းက တစ်မျိုးသာသာယာယာရှိ သော်လည်း ယခု ဇာတ်ကား ၅၃ ကားကို ဆက်တိုက်အာရုံစိုက်ကြည့် ရခြင်းကြောင့် ဝေဒနာတွေရခဲ့တာပါ။ တာဝန်တစ်ရပ်အနေဖြင့် ကြည့်ရပါ သည်။ တာဝန်လည်း ကြီးပါသည်။

၅၃ ကားထဲမှာ အကယ်ဒမီ စံချိန်စံညွှန်းများနှင့် တိုက်ဆိုင်သော ဇာတ်ကားများအတော်များများ ပိုရှိ လာပါပြီ။ ဒုတိယအကြိမ် ထပ်မံစိစစ် ကြည့်ရှုနေပြီဖြစ်သည်။

‘ည’

ဒါရိုက်တာ၊ သရုပ်ဆောင်များ၊ ပါဝင်ဖန်တီးများ၊ အားလုံးသော အနု ပညာရှင်၊ အတတ်ပညာရှင်များ လက်သစ်၊ မျက်နှာသစ်များ ဖန်တီး ထားသည့် ‘ည’ဇာတ်ကားတွင် အချိုးညီညီ ကြိုးစားအားထုတ်ကြ သည်။ အနုပညာ ပုံဖော်မှုများသည် ရသဆန်သည်။ လူသားဆန်မှုများကို တွေ့ရှိရသည်။ လူငယ်၊ လူသစ်တန်း များ၏ အနုပညာဖန်တီးမှုဖြစ်သည်။ အနုပညာရှင်သန်မှုများကို ပေးစွမ်း နိုင်သည်။ ကြယ်စင်များသည် ယင်း လူငယ်များအပေါ် ဖြာကျနေပါသည်။ ‘ည’ ဇာတ်ကားက ဒါရိုက်တာ ထူးပိုင်ဇော်ဦး၏ အနုပညာမြောက် လက် ရာပါ။ လူငယ်များ စုပေါင်းထားသည့် အားအင်များသည် ကြယ်စင်များကို ဆွတ်ခူးကြမည်ဆိုတာ …။

‘သရစောထိ’

လမင်းတစ်ရာ ရုပ်ရှင်ထုတ်လုပ် ရေးကပါ။ ဇာတ်ကားအမည်က ‘သရ စောထိ’၊ ကိုသူရဟုခေါ်သည့် ဇာဂနာ ၏ ဇာတ်လမ်း၊ ဇာတ်ညွှန်းပါ။ ဘကြီး အောင် (ဦးအောင်လွင်)ဟုခေါ်သည့် ဦးစံရွှေမောင် ရိုက်ကူးပါသည်။

သရုပ်ဆောင်က ထွန်းထွန်းနဲ့ ယုသန္တာတင်၊ ကိုပြည့်၊ ယဉ်လက်၊ ဦးအောင်လွင်၊ ငှက်ပျောကြော်၊ နေဆန်း၊ လူမုန်း၊ အောင်မိုး၊ စိုးမိုးကြည်၊ ဝင်းမင်းသန်း၊ သန်းသန်းဆင့်တို့ ပါဝင်သည်။

ပညာရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်ဇောင်းပေးထားသည်။ ဒီမိုကရေစီ ရက်သတ္တပတ်ဇာတ်ကားပါ။ တောင်ငူ၊ သံတောင်မှာ သွားရောက် ရိုက်ထားသလို၊ စောတန်ခူးက အရက် ကို ကြိုက်၍သောက်နေသည်။ သူငယ်ချင်းစောထိနှင့် နော်ရှားတို့ ပညာရေးကို ဦးတည်ထားသည်။ စောထိသည် ရွာမှလူငယ်များကို ပညာသင်ပေးသည်။ ထို့အတူ လက် နက်ကိုင်နယ်မြေရှိ ကလေးများကို လည်း စာသင်ပေးသည်။ ဒါ ငြိမ်းချမ်း ရေးကို ဦးတည်ခဲ့ခြင်းဖြစ်သည်။

ယဉ်လက်ကို ထူးခြားသည့်ဇာတ် ဆောင်တစ်ယောက်အသွင် မြင်ရ သည်။ သူ့၏ကြိုးစားအားထုတ်မှုဖြင့် ရသည့် အခွင့်အရေးကို အရယူသရုပ် ဆောင်ထားသည်။ ဇာတ်ရုပ်ထူးခြား စွာ ပေးထားသည်။ သူ၏ကြိုးစားမှု က ကြယ်စင်များ လင်းလက်လေမည် လားမသိ။

‘ခေါက်ထီးကလေး မလုံ့တလုံ’

သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေး က ဒါရိုက်တာ မီးပွားရိုက်ကူးထား ပါသည်။ စမ်းစမ်းနွဲ့ (သာယာဝတီ) ၏ ဝတ္ထုကို မိုးနီလွင်ဇာတ်ညွှန်းရေး ထားကာ မင်းမော်ကွန်း၊ စိုးပြည့်သဇင်၊ အေးမြတ်သူတို့ အထူးသရုပ် ဆောင်ထားသည်။

HIV ကူးစက်ရောဂါဆိုးကျိုး သည် လူ့ဘဝတစ်ခုလုံးကို ပျက်စီး စေခဲ့ကြောင်း ပေါ်လွင်အောင် ရိုက် ကူးထားသော ပညာပေးဇာတ်လမ်း တစ်ပုဒ်ဖြစ်သည်။ မိန်းကလေးတစ်ဦး ၏ အလှသည် လမ်းကြောင်းမှန်ပေါ် မရှိသည့်အခါ ယိမ်းနွဲ့ပါးဘဝ၏ အကျိုးဆက်ကား နောက်ဆုံးရလဒ် သည် ရင်ခုန်သံညှင်းသိုးသိုးနှင့် နှလုံး သားအိမ်တံခါးပိတ်သွားခဲ့ရသည်။

ကြွေရုပ်ကလေးလို လှပသော ‘ကြွေ’ဆိုသည့် ဇာတ်ဆောင်လေး သည် အလွန်လှပရာမှ တရွေ့ရွေ့ မီးစာကုန်ခန်း၊ ညိုးနွမ်းလာသည် အထိ အမူအရာကို တစ်ဆင့်စီ ချပြ သွားသော အဓိက သရုပ်ဆောင် ‘အေးမြတ်သူ’သည် ကြယ်စင်များ လင်းလက်လေမလား။

‘ထာဝရအမေ’

စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေးက ပါ။ ဒေါက်တာခင်မောင်ဝင်း၏ ဇာတ်လမ်းကို မိုးနီလွင် ဇာတ်ညွှန်း ရေးပါသည်။ ဒါရိုက်တာက အကယ် ဒမီများရှင် စင်ရော်မောင်မောင် ရိုက်ကူးပြီး နေတိုး၊ ဝတ်မှုံရွှေရည်၊ မေသန်းနု၊ ရဲအောင် စသည့် အကယ် ဒမီများရှင်များ ပါဝင်ထားကြသည်။

အမေကိုချစ်တတ်သော၊ အလေးထားချစ်ရသော ဒေါက်တာ ဦးခင်မောင်ဝင်း၊ ပုံတူခံစားချက် ရင်ဘတ်ထဲက ခံစားချက်ကို ပရိသတ် နဲ့ ပြည်သူကိုမျှဝေထားခြင်းဖြစ်သည်။

ဒေါက်တာခင်မောင်ဝင်းအဖြစ် ပုံတူကူးယူသည့် နေတိုးက အသွင် တစ်မျိုးနှင့် တွေ့ရပြီး အမေက မေသန်းနု၊ အကယ်ဒမီများရှင်၏ ကြိုးစားအားထုတ်မှု၊ ဓိရာမိုရ်၏ နောက်ခံတီးလုံးက နှလုံးသားမှ မျက် ရည်ယိုစီးမှုကို တင်စီးခြွေသည်လား။

အမေသည် ကမ္ဘာတစ်ခုဖြစ် စေသည်လား။ အမေအဖြစ် သရုပ် ဆောင်သော အကယ်ဒမီ ၅ ဆု ရှင် မေသန်းနုသည် ၆ ဆုကို မှန်းနေပေ သည်။ ပညာရေးဘက်တွင် အလွန် ထူးချွန်သော သားအတွက် ပူပင် သောကတွေနှင့်၊ သားခင်မောင်ဝင်း သည် ဘွဲ့တွေအလီလီရခဲ့သော်လည်း အမေနှလုံးသား မနိုးထသော အခါ။

ပုံရိပ်များနှင့် နှလုံးသားကို လှုပ် နှိုးခဲ့သော စင်ရော်မောင်မောင်။ တင် ပြပုံ အရေးအသားနူးညံ့သိမ်မွေ့မှုများ သော မိုးနီလွင်။ ရုပ်ရှင်အလွန် ရိုက်ခဲ သော ဓာတ်ပုံလှုပ်ရှားမှု သုံးပေါင် ထာဝရပျော်ကြမည်လား။ ထာဝရ အမေ ကောင်းကင်မှာ ဝဲပျံနေပါသည်။

၂ဝ၁၈ ခုနှစ်တွင် ၂ဝ၁၇ ခုနှစ် အတွက် အကယ်ဒမီရင်ခုန်မှုတွင် လင်းလက်ကြယ်စင်များ ယွင်းမပျက် ပါစေနှင့်။ လင်းလက်ပါစေ။

နောက်တစ်ပတ်မှာ နောက် ထပ် အကယ်ဒမီရင်ခုန်မှု ဟန်ချက် ညီဖို့၊ ရင်သို့တိုးဝှေ့နိုင်ရန် အပြိုင်ကြဲ ထားသော ဇာတ်ကားများကို မျှော် လိုက်ကြပါစို့။

ဒါရိုက်တာမောင်ဗေဒါ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*