မိုးစက်ဝိုင် မိသားစုရဲ့ NPI စက္ကူစက်ရုံကို ရွှေပြည်သာ စက်မှုဇုန်တွင် ဖွင့်လှစ်

မိုးစက်ဝိုင် မိသားစုရဲ့ NPI စက္ကူစက်ရုံကို ရွှေပြည်သာ စက်မှုဇုန်တွင် ဖွင့်လှစ်
February 27, 2018 AsianFame MediaGroup
မိုးစက်ဝိုင် မိသားစုရဲ့ NPI စက္ကူစက်ရုံကို ရွှေပြည်သာ စက်မှုဇုန်တွင် ဖွင့်လှစ်

သရုပ်ဆောင် မိုးစက်ဝိုင်တို့ မိသားစုရဲ့ National Paper Industry Co;Ltd မှ NPI စက္ကူ စက်ရုံဖွင့်ပွဲအခမ်းအနားကို ဖေဖော် ဝါရီလ ၂၁ရက်နေ့ မနက်ပိုင်းက အ မှတ် (၄၂/၆၅-၆၆)၊ စက်မှု ၁လမ်း၊ ရွှေပြည်သာစက်မှုဇုန်၁၊ ရွှေပြည်သာ မြို့နယ်၊ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါ တယ်။ မိုးစက်ဝိုင်တို့ မိသားစုက Ve Ve Green Circle ကုမ္ပဏီကို တည်ထောင်ထားပြီး နောက်ထပ်ခြေ လှမ်းသစ်အနေနဲ့ NPI စက္ကူစက်ရုံကို တည်ထောင်လိုက်တာဖြစ်ပါတယ်။ NPI စက္ကူစက်ရုံဖွင့်လှစ်ဖြစ်ပုံကို တော့ မိုးစက်ဝိုင်က…

”စက်ရုံက အဓိကတော့ မိသား စုကလုပ်တာပါ။ မိုးစက်အဖေ၊ အမေ၊ အစ်ကိုတို့တွေက ရွှေပြည်သာ မှာ ပဲ NPI စက္ကူစက်ရုံဆိုပြီး ဖွင့်လှစ် ထားတာပါ။ အဓိက ထုတ်လုပ်တာ တော့ စက္ကူကတ်ဖာ ပုံးတွေပေါ့။ အော်ဒါတွေလက်ခံတယ်။ အခုလော လောဆယ်တော့ တခြားအော်ဒါတွေ လည်း ရှိတယ်။ ဒါပေမဲ့ customized လုပ်ပေးတယ်။ ဆိုလို တာက ကုမ္ပဏီကနေ သူတို့ကုန် ပစ္စည်းတွေ ထုတ်ပိုးတဲ့အခါ လှိုင်းတွန့်စက္ကူပုံး တွေလိုတယ်လေ။ ကတ်ထူသား ဖာ တွေလိုတယ်။ အဲဒါတွေကို ကုမ္ပဏီ လိုဂိုနဲ့ သူတို့လိုချင်တဲ့ ဆိုဒ် အတိုင်း အကုန်လုံး ထုတ်ပေးတယ်။ မိုးစက် တို့ VeVe နဲ့ ပတ်သက်ပြီး ကတ်ထူ ဖာလိုရင်လည်း အဲဒီစက် ရုံမှာပဲ ထုတ်ပါတယ်”လို့ပြောပါ တယ်။ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ကို စက္ကူဖာများ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းကို လည်း မိုးစက်ဝိုင်က…

”ကွာလတီပိုင်းလဲ အကောင်း ဆုံးလုပ်ထားတယ်။ မိုးစက်တို့ စက် ပစ္စည်းဆရာတွေ အဲဒီနေ့က ရှင်းပြ ချက်အရ ဆိုရင် မြန်မာနိုင်ငံမှာ အခု လောလောဆယ် ကတ်ထူဖာထွက်တဲ့ အမြန်ဆုံး machine ပါ။ အဓိက ကတော့ လုပ်ငန်းရှင်တွေပါ။ မြန်မာ နိုင်ငံမှာလည်း စက်ရုံတွေအများ ကြီး ရှိပါတယ်။ ထုပ်ပိုးတဲ့အခါမှာ စက္ကူ ဖာတွေက မရှိမဖြစ် အများစုလို အပ် တယ်။ လိုအပ်တဲ့အခါကျရင် ညီမတို့ ရဲ့ NPI စက္ကူစက်ရုံကနေ မှာယူ နိုင်ပါတယ်” လို့ပြောပါတယ်။ မိုးစက် ဝိုင်က သူတို့မိသားစုတည် ထောင် ထားတဲ့ စက်ရုံများအတွက် လိုအပ် တဲ့အခါမှသာ ကူညီဆောင်ရွက်ပေး ဖြစ်သလို MOEZY အမှတ်တံဆိပ် အလှကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ် ငန်းကိုလည်းဦးစီးလုပ်ဆောင်လျက် ရှိပါတယ်။ ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*