ပရိသတ် တွေနဲ့ အလှူ အတန်း တွေလုပ်ဖို့ စီစဉ်နေသူ သင်ဇာဝင့်ကျော်

ပရိသတ် တွေနဲ့ အလှူ အတန်း တွေလုပ်ဖို့ စီစဉ်နေသူ သင်ဇာဝင့်ကျော်
February 27, 2018 Leanne Win
ပရိသတ် တွေနဲ့ အလှူ အတန်း တွေလုပ်ဖို့ စီစဉ်နေသူ သင်ဇာဝင့်ကျော်

ခုလတ်တလောမှာတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇာတ်ကားရိုက်ကူးမှုတွေနည်းပါးလာပြီး ဇာတ် ကားကိုရွေးချယ်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဇာတ်ကို ရွေးချယ်ပြီး ရိုက်ကူးတာနဲ့ပတ်သက်လို့ သင်ဇာဝင့်ကျော်က ခုလတ်တလောမှာတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇာတ်ကားရိုက်ကူးမှုတွေနည်းပါးလာပြီး ဇာတ် ကားကိုရွေးချယ်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

 “များသောအားဖြင့် သင်ဇာ့ဆီလာတဲ့ဇာတ်တွေက ကိုယ်နဲ့ ကာရိုက်တာကိုက်တဲ့ ဇာတ်တွေများပါတယ်။ ဒီကြားထဲမှာ ကိုယ့်အတွက် အလုပ်မဟုတ်တဲ့ကားတွေဆို လက်မခံဖြစ်ဘူး။ ငြင်းတယ်။ ကိုယ်ကြိုက်တဲ့ ဇာတ်ပဲရွေးပြီးရိုက်ဖြစ်တယ်။ ကိုယ်မကြိုက်တဲ့ဇာတ်ကားတွေလာပြီ ဆိုရင်တော့ ငြင်းပါတယ်။ ကိုယ်ပညာပြနိုင်တဲ့ ဇာတ်ကားမျိုးပဲရိုက်ကူးဖြစ် တယ်”လို့ ပြောပါတယ်။

ဇာတ်ကားရိုက်ကူးမှုနည်းတဲ့အတွက် ပရိသတ်တွေက သူမဇာတ်ကားကို မကြည့်ဖြစ်ပေမယ့်လည်း ပရိသတ်တွေနဲ့ အမြဲတမ်း ထိတွေ့မှုရှိနေပုံကိုလည်း သင်ဇာဝင့်ကျော်က . . .

“ပရိသတ်တွေက သင်ဇာ့ကို တအားချစ်ကြတယ်လေ။ တစ်ခုခုဆို ကိုယ်စိတ်ရှုပ်တာပဲဖြစ်ဖြစ်၊ စိတ်ညစ်တာရှိတာပဲဖြစ်ဖြစ် ဖေ့စ်ဘုတ်မှာ ပို့စ်တစ်ခုတင်တိုင်း ပရိသတ်တွေက ဂရုစိုက်ပေးတယ်လေ။ အဲဒီလိုမျိုး မေးကြတော့ သူတို့ကိုလည်း တကယ်ချစ်တယ်။ တကယ်လည်း တန်ဖိုးထားတယ်။ ဒီနှစ်မွေးနေ့မှာလည်း ရှင်းရှင်းပြောရရင် သူတို့ကို မတွေ့လိုက်ရဘူး။ အဲဒါကြောင့်မို့ သူတို့နဲ့တွေ့လိုက်တယ်။ ပြီးတော့ လည်း ပရိသတ်တွေနဲ့အလှူအတန်းလုပ်တာလေးတွေ၊ ပရဟိတ လုပ်တာလေးတွေလုပ်ဖို့အတွက် အစီအစဉ်လေး ချထားတာလေး တွေရှိတယ်။ ပရိသတ်နဲ့ကိုယ်နဲ့လည်း မစိမ်းဘဲ ကိုယ်လည်းကုသိုလ်ရ၊ သူတို့လည်း ကုသိုလ်ရ၊ အဲဒီလိုမျိုးလေးတွေလုပ်ဖို့ရှိတယ်”လို့ ပြောပါတယ်။  မတ်လ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲနဲ့ပတ်သက်ပြီးတော့လည်း သင်ဇာဝင့်ကျော်က . . .

“ဒီနှစ်အကယ်ဒမီပွဲတက်ဖြစ်မှာပါ။ ဒီနှစ်က မအူဝဲ တအားကောင်းတယ်။ တခြားသူတွေလည်း ကောင်းပါတယ်။ ရသင့်ရထိုက်တဲ့သူတွေကိုပဲ ရစေချင်ပါတယ်”လို့ ပြောပါတယ်။  လက်ရှိမှာတော့ သရုပ်ဆောင်သင်ဇာဝင့်ကျော်က တက္ကစီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတယ်လို့ သိရပါ တယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*