မှင်စာမှတ်တမ်း (၈)

မှင်စာမှတ်တမ်း (၈)
February 26, 2018 Leanne Win
မှင်စာမှတ်တမ်း (၈)

တစ်နေ့သောအခါ မှင်စာတို့အကြီး

အမှူးသည် သူ၏အထူးအေး ဂျင့်လည်းဖြစ်၊ အထူးလက်မရွံလည်း ဖြစ်၊ အထူးစူပါမှင်စာလည်းဖြစ်သော ကျွန်ုပ်တို့ခေတ်၏ သူရဲကောင်း မှင် စာကိုခေါ်ယူ၍ တိုင်ပင်နှီးနှောလေ သည်။

“အချင်း မှင်စာငယ်၊ မဟာရန် ကုန်မြို့တော်ကြီးမှာ ဘယ်သင်း၊ ဘယ်အရာဟာ မျက်စိနောက်စရာ အကောင်းဆုံးဖြစ်နေတယ်လို့ ထင်ပါ သလဲကွယ့်”

အကြီးအမှူးက အထက်ပါ အတိုင်း မေးလေသော် မှင်စာက “ဒါလေးများ”ဆိုသော အဓိပ္ပါယ်ဖြင့် မဲ့ပြုံးပြုံးသည်။

“မဟာရန်ကုန်မှာ မျက်စိ နောက်စရာအကောင်းဆုံးကတော့ ပလတ်စတစ်အမှိုက်နဲ့ မော်တော် ဆိုင်ကယ်တွေပါပဲ”

“ပလစ်စတစ်အမှိုက်ကတော့ ထားပါတော့။ မော်တော်ဆိုင်ကယ် ကို ဆွဲထည့်တာတော့ နေရာမကျဘူး ကွယ်။ မော်တော်ဆိုင်ကယ်ဆိုတာ ငါတို့ရဲ့ ချစ်မိတ်ဆွေ အိမ်နီးချင်း ပေါက်ဖော်ကြီးက ငါတို့မြန်မာတွေ သွားရေးလာရေး လွယ်ကူသက်သာ အောင် ဈေးပေါပေါနဲ့ ရောင်းချပေး ထားတာ မဟုတ်လားကွယ့်”

“ဒီယုန်မြင်လို့ ဒီချုံထွင်တာကို ဗျာ။ သူကဆိုင်ကယ်ရောင်းရင် အပို ပစ္စည်းလည်း ရောင်းရတယ်။ လောင် စာဆီလည်း ရောင်းရတယ်။ ‘တရုတ် စက်’ဆိုတဲ့ အမည်နာမနဲ့ လျော်ညီ အောင်လည်း စီမံဖန်တီးထားသေး။ အကျွန်ုပ်သာ လူဖြစ်ခဲ့ရင် တရုတ်ဘီး ဘယ်တော့မှ မစီးဘူး။ ထိုင်းဘီး၊ ဂျပန်ဘီးတွေပဲစီးမှာ”

“အင်း မင်းဟာလိမ္မာမလိုလိုနဲ့ တယ်မိုက်ပါကလားကွဲ့။ ပေါက် ဖော်ကြီးဟာ ကျေးဇူးရှင်ကွဲ့။ သူ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ သူ့ပစ္စည်း ကို ဝယ်ယူအားပေးရမှာ မဟုတ် လား”

“အကြီးအမှူးကတော့ ပေါက် ဖော်ချီးမွမ်းခန်းတွေ စွတ်ဖွင့် နေပါ ကလား။ ဧကန္တ တရုတ်နှစ်သစ် ကူးပွဲ မှာ =အန်ဘောင်း ‘တွေ ဘယ် လောက်ရပြီး ‘အီကွေ့’မုန့်တွေ ဘယ် လောက်ဝါးခဲ့ရသလဲတော့ မသိ ဘူး။ အကြီးအမှူးရဲ့ပါးစပ်က ခုထိ ခေါက် ဆွဲကြော်နံ့ ရနေတုန်းပဲ ဟီဟိ”

မှင်စာက အကြီးအမှူးကို ကလိ လိုက်၊ ရိလိုက်သော်လည်း အကြီး အမှူးမှာ လူအကြီးအမှူးကဲ့သို့ ကျွဲမြီး မတိုတတ်ဘဲ အပြုံးအရယ်မပျက် စကားဆက်လေသည်။

“မော်တော်ဆိုင်ကယ်အ ကြောင်းပြောကြစို့ကွယ်။ မော်တော် ဆိုင်ကယ်တွေက ပေါက်ဖော်ကြီးရဲ့ ကျေးဇူးကြောင့် မြန်မာနိုင်ငံမှာ မတရားများနေတယ်။ မော်တော် ဆိုင်ကယ်နဲ့ ပတ်သက်ပြီး ယာဉ်စည်း ကမ်း ဖောက်ဖျက်မှုတွေလည်း မတ ရားများနေတယ်။ အဲသလိုနည်းနဲ့ပဲ မော်တော်ဆိုင်ကယ်သူခိုးတွေလည်း မတရား တိုးပွားလာတယ်။ အီတ လီရုပ်ရှင်ဆရာကြီး ဗစ်တိုရီယို ဒီစီ ကားက ‘စက်ဘီးသူခိုး’ဆိုတဲ့ ကမ္ဘာ ကျော် ရုပ်ရှင်ရိုက်ကူးခဲ့သလို မြန်မာ နိုင်ငံက ရုပ်ရှင်သမားတွေကလည်း ‘မော်တော်ဆိုင်ကယ်သူခိုး’ ရုပ်ရှင် ဇာတ်ကားတစ်ကားလောက် ရိုက် သင့်သကွဲ့”

“မလုပ်လိုက်ပါနဲ့ဗျာ။ မြန်မာ နိုင်ငံမှာ သူခိုးပေါကြောင်း ကိုယ့်အ ထုပ်ကိုယ်ဖြေသလို ဖြစ်သွားပါဦး မယ်”
ဤသို့ဖြင့် ရောက်ရာပေါက်ရာ ရယ်စရာမောစရာများကို ပြောဆိုပြီး သကာလ အကြီးအမှူးက မှင်စာအား မော်တော်ဆိုင်ကယ်သူခိုးများကို နှိမ်နင်းရန် တာဝန်ပေးအပ်လိုက် သည်။ မှင်စာသည် “အမိန့်တော်မြတ် အတိုင်းပါ”ဟု ပါးစပ်က ပြောသော် လည်း စိတ်ထဲကမူ “ဘဲအုပ်ကတစ် ရာ၊ နှစ်ရာ၊ မဗေဒါက တစ်ပင်တည်း ဆိုသလို မော်တော်ဆိုင်ကယ်သူခိုး တွေက နေရာတိုင်းမှာ အုံနဲ့ကျင်းနဲ့။ အုပ်စုနဲ့ဂိုဏ်းနဲ့။ ငါကတစ်ကောင် တည်းရယ်။ ဘယ်လိုနှိမ်နင်းရပါ့”ဟု ညည်းညူမိလေသည်။

သို့သော် “အမိန့်တော်မြတ်အ တိုင်းပါ”ဟု အာမဝန္တံခံယူပြီးသည့် အလျောက် အသွင်ယူကာ မော်တော် ဆိုင်ကယ်လောကသို့ခြေစကြာ ဖြန့်ခဲ့ သည်။

“အိုး မော်တော်ဆိုင်ကယ်တွေကို ဖမ်းပြီးသိမ်းထားလိုက်တာများ ရဲစ ခန်းတိုင်းမှာ ထားစရာတောင်နေရာ မရှိတော့ဘူး။ ဒီကြားထဲကနေ လိုင် စင်မဲ့ (ဝှစ်သောက်)တွေက လမ်း ပေါ်မှာ ရှုပ်ယှက်ခတ်နေတာပဲ”
မှင်စာသည် မြင်ကွင်းအဖုံဖုံကို လေ့လာရင်း စိတ်ပျက်လက်ပျက် သက်ပြင်းမှုတ်သည်။

“ဟော ဆိုင်ကယ်က ကား နောက်မြီးကိုဝင်အောင်းပြီ”

“ဟဟ လုပ်ကြပါဦး။ ဆိုင်ကယ် နဲ့ ဆိုက်ကား ချိတ်မိပြီ”

“အောင်မယ့်လေး မြတ်စွာဘု ရား။ ကွန်တိန်နာကားကြီးက ဆိုင် ကယ်ကို တိုက်ချလိုက်တာ လမ်းဘေး လွင့်ကျသွားပြီ”

မှင်စာသည် တစ်နေရာရောက် တိုင်း တစ်ခါအော်နေရလေသည်။

“အင်း ဒီတိုင်းပြည်မှာ အတုမြင် အတတ်သင်တွေက အများသား။ ရုပ် သံတွေ၊ ဗီဒီယိုတွေကနေ တကယ့် ပရော်ဖက်ရှင်နယ်တွေ ဆိုင်ကယ် (စတန့်)စီးတာကို အတုခိုးပြီး လိုက် စီးကြတော့ သွေးရဲသံရဲ မြင်မကောင်း ရှုမကောင်းတွေ ဖြစ်ကုန်တော့တာ ပေါ့”

စည်းမဲ့ကမ်းမဲ့၊ လိုင်စင်မဲ့ အဆင်ခြင်မဲ့ဆိုင်ကယ်စီးနေကြသူ များကို ကြည့်ကာ မှင်စာသည် ဒေါ မနဿပွားကာ စိတ်ဆင်းရဲလာ သည်။ “ဒီလောက်တောင်မှ စည်း ကမ်းကလနား မသိကြတဲ့ သတ္တဝါတွေ ရေဝေးရောက်ရောက်၊ ထိန်ပင်ရောက်ရောက် ငါ့အပူမပါ ဘူး။ င့ါတာဝန်က ဆိုင်ကယ်သူခိုး ဖမ်းဖို့”ဟု တွေးကာ မှင်စာသည် မော်တော်ဆိုင်ကယ်သူခိုးများကို အနံ့ခံကာ ထောက်လှမ်းတော့သည်။

“အံမယ် ဒီသူခိုးတွေက တကယ့် သော့ဝိဇ္ဇာတွေပါကလား။ မော်တော် ဆိုင်ကယ်ကို ပိုင်ရှင်ကဘယ်လိုပဲ သော့ခတ်ထားပါစေ၊ သူတို့သော့ ဝိဇ္ဇာနဲ့ တစ်ချက်ထိုးလှည့်လိုက်တာနဲ့ အင်ဂျင်က ဝှီးခနဲ နိုးတော့တာကိုး”

မော်တော်ဆိုင်ကယ်သူခိုးတို့မှာ ဂန္တဝင်သူခိုးကြီးတွေက ဆရာခေါ် လောက်အောင် သွက်လက်ကျွမ်းကျင် ကြကြောင်းလည်း တွေ့ရလေ၏။ တစ်နေ့တည်းမှာ မော်တော်ဆိုင် ကယ် ၁ဝ စီး ခိုးယူခဲ့သော သူခိုး တစ်ကောင်ကိုလည်း ရဲအချုပ်ထဲမှာ တွေ့ခဲ့ရ၏။

“တို့ဗမာ ငမွဲတွေက ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ ဆိုင်ကယ်ဝယ်စီးနေကြ တာပါကွာ။ ကြွားချင်တာလေးလည်း ပါသပေါ့။ ဘယ်လိုမဆို ဆိုင်ကယ်ဆုံး ရှုံးရင် သူ့ခမျာအလွန်နစ်နာရှာပါ တယ်”

တရားရုံးတစ်ရုံးတွင် အမှုရင် ဆိုင်နေရသော မော်တော်ဆိုင်ကယ် သူခိုးတစ်ယောက်ကို ဥပဒေဝန်ထမ်း တစ်ဦးကဲ့သို့ အသွင်ယူပြီး တရား ဟောသည်။ သူခိုးက ဘုကြည့်ကြည့် သွားသည်။

“ဒီမှာ ဘရာသာ ရှေ့နေလိုက် မစားပါနဲ့။ ဘုန်းကြီးသာသွားဝတ်ပြီး အေးဆေးနေလိုက်စမ်းပါ”ဟု သူခိုး က ဟောက်သောအခါ မှင်စာလည်း အောက်သက်သက်နှင့် ဆုတ်ခွာခဲ့ရ သည်။

“မဖြစ်ဘူး ဒီကောင်တွေကို ခပ် ကြမ်းကြမ်းကိုင်မှ”
မှင်စာသည် “ရောဂါကြမ်းလျှင် ဆေးကြမ်းနှင့်ကုရမည်”ဟူသော ဆိုထုံးအတိုင်း ဆောင်ရွက်ရန် ဆုံး ဖြတ်လိုက်တော့သည်။

” ကိုင်း မော်တော်ဆိုင်ကယ် သူခိုးတွေ သေရအောင်သာပြင်”

ပထမဆုံးသူခိုးကို မော်တော် ဆိုင်ကယ်ခိုးယူမောင်းပြေးစဉ် ကတ္တရာလမ်းမပေါ်သို့ တွန်းလှဲပစ် လိုက်၏။ ဒုတိယသူခိုးက ဆိုင်ကယ် မောင်းပြေးစဉ် လမ်းဘေးအုတ်နံရံ ဆီသို့ တွန်းပို့ပေးလိုက်၏။ တတိယ သူခိုးက ကံအဆိုးဆုံး။ ကုန်ရထား ကြီးလာနေစဉ် မီးရထားလမ်းပေါ်ကို ဖြတ်အကူးမှာ မှင်စာက သူခိုးကို မီး ရထားသံလမ်းပေါ် တွန်းလှဲပစ်ချ ထားလိုက်သည်။

ဤတွင် အကြီးအမှူး၏ ဆင့် ခေါ်စာရောက်ရှိလာလေရာ သူ့ကို ချီးကျူးတော့မည့်အထင်နှင့် မှင်စာ သည် အူမြူးပျော်ရွှင်စွာ အကြီးအမှူး အား ဝင်တွေ့သည်။ အကြီးအမှူးက “ဟဲ့မှင်စာမိုက်၊ ဒါဖက်ဆစ်နိုင်ငံမ ဟုတ်ဘူး။ ဒီမိုကရေစီတည်ဆောက် နေတဲ့နိုင်ငံ။ အပြစ်ပေးကြမ်းတဲ့ မင်းကို သင်္ချိုင်းထဲမှာ အကျယ်ချုပ် ချလိုက်ပြီ”ဟု တစ်ချက်လွှတ် အမိန့် ချလိုက်လေပြီတကား။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*