သက်ကြီးပညာရှင် ဆန္ဒ

သက်ကြီးပညာရှင် ဆန္ဒ
February 26, 2018 AsianFame MediaGroup
သက်ကြီးပညာရှင် ဆန္ဒ

 

ဆရာကြီးဗိုလ်ကလေးတင့် အောင်သည် အသက် ၉၆ နှစ်ရှိပြီး ကန်တော့ခံစာပေပညာရှင်များ အနက် အသက်အကြီးဆုံးဆယ်ဦး စာရင်းဝင်ဖြစ်သည်။

စာပေ၊ ဂီတ၊ ပြဇာတ်၊ ရုပ်ရှင် စွယ်စုံလောကတွင် အသက်အကြီး ဆုံး ပညာရှင်ဖြစ်သည်။ အသက် ၉၅ နှစ်ပြည့်သည်အထိ ဂီတအစည်း အရုံး၊ ရုပ်ရှင်အစည်းအရုံး လှုပ်ရှား မှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သည်။ အသက် ၉၆ နှစ်ထဲ ရောက် ရှိလာသောအခါ ဆရာကြီးအနေနှင့် သွားလာလှုပ်ရှားမှုများ လျော့နည်း လာရသည်။

သားသမီးလေးယောက်ရှိသည့် အနက် ဆရာဝန်နှစ်ယောက်ပါသည့် အတွက် စနစ်တကျ ပြုစုစောင့်ရှောက်မှု ခံယူရရှိသည်။ ဆရာဝန်သမီးငယ် က အတူနေထိုင်တာဖြစ်၍ အနီးကပ် ပြုစုမှုရှိနေသည်။ သို့သော်လည်း ဇရာကို အန်မတုနိုင်၊ အနုပညာပွဲတွေ၊ အခမ်းအနားတွေ၊ လူမှုရေးပွဲလမ်း တွေကို ယခင်နှစ်ကလောက် မတက် ဖြစ်တော့ဘဲ အိမ်မှာပဲ စာဖတ်သည်။ မှတ်တမ်းတွေရေးသည်။ ရင်းနှီးသော စကားပြောဖော်ကို မျှော်တတ်သည်။ သူ့ထံသို့ မကြာခဏသွားဖို့ ရင်းနှီး သူများက ကြိုးစားရသည်။

နှစ်ပတ်လောက်မရောက်ဖြစ် သော ကျွန်တော်နှင့် မသက်ဆွေတို့ ရောက်သွားသောအခါ စကားပြော ဖော်ရသောကြောင့် ဆရာက ရွှင်လို့ ပြုံးလို့ နှုတ်ဆက်သည်။

”အစ်ကိုလေး အခုဘာတွေတွေး ပြီး ဘာတွေစဉ်းစားနေဖြစ်သလဲ”ဟု ပဋိသန္ဓာရ စကားဆိုလိုက်သည်နှင့် သူ့ထံမှ စကားသံ ထွက်လာသည်။

”တစ်နေ့ကလည်း ရုပ်ရှင်က အဖွဲ့တွေ လာကြတယ်ဗျ။ တစ်ချိန် က ပြဇာတ်မှာ အောင်မြင်ခဲ့တဲ့ ငယ် ကျွမ်းဆွေကို ရုပ်ရှင်ပြန်ရိုက်ကူးဖို့ စိတ်ဝင်စားလို့လာကြတာဗျ”

”အစ်ကိုလေးရဲ့ ငယ်ကျွမ်းဆွေ ကတော့ ပြဇာတ်လောကမှာ အောင် မြင်မှု အရဆုံးပဲနော်အစ်ကိုလေး”

”ဒီခေတ်လူတွေကတော့ ငယ် ကျွမ်းဆွေဆိုတဲ့ နာမည်ပဲ ကြားဖူး ကြတာပါဗျာ” ဟု တွေတွေငေးငေး လေးပြောရင်း ဆရာကြီးက ငြိမ်နေ သည်။ ခဏနေမှ သူ့အထာကို သိနေ သော မသက်ဆွေက စကားစလိုက် သည်။

”အခုခေတ်မှာ ရုပ်ရှင်တွေထက် ဗီဒီယိုတွေ နေရာယူတာမို့ အစ်ကို လေး ငယ်ကျွမ်းဆွေကို ပြဇာတ်ပြန် ကပါလား”

”အေးကွ အစ်ကိုလေးမသေခင် တော့ ပြဇာတ်ပြန်ကချင်သေးတယ်။ ပြဇာတ်ဆိုတာ တကယ့်ကိုခမ်းနားတဲ့ ပြဇာတ်ကောင်းကောင်း တင်ဆက် ချင်တာ”

”တေးဂီတတင်ဆက်ပွဲတွေ တောင် သုံးသောင်း၊ နှစ်သောင်း လောက် ဝင်ကြေးပေးပြီး ကြည့်ရ သေးတာပဲ။ တကယ့်ပြဇာတ်ကောင်း ကောင်းဆို လူတွေက ကြည့်ကြမှာ ပေါ့”

”အမျိုးသား ဇာတ်ရုံကြီးကို ငှားပြီး ပြဇာတ်ကမလား” ဟု မေး လိုက်မိသည်။ မသက်ဆွေက ဆက် သေးသည်။

”အစ်ကိုလေးနဲ့ ညီမလေးတို့ ၁၉၉၈ ခုနှစ်က ‘အလှဆုံးအချိန်’ ပြ ဇာတ်တင်ဆက်တုန်းက ပရိသတ် တွေ ဘယ်လောက်အားပေးခဲ့သလဲ။ ဇာတ်ရုံကြီးက လေးရက်ပဲ ကခွင့်ရ လို့ ရပ်လိုက်ရတာ။ လူတွေက အား မရကြဘူးလေ။ မကြည့်ရတဲ့လူတွေ က မကျေမနပ်ဖြစ်ကြတာ အစ်ကို လေး မှတ်မိလား။ ဒီတစ်ခါဆိုရင် ကြိုတင်ပြင်ဆင်ပြီး ဝင်းဝင်းရုံလို နှစ် ပတ်လောက် ကကြရင်လူတွေ ကြည့် ကြမှာပါ”ဆိုတော့ အစ်ကိုလေးက နေရာပြင်ထိုင်သည်။ မျက်လုံးလေး တွေက ဝင်းလက်လို့လာသည်။

”အဲဒီအလှဆုံးအချိန်ပြဇာတ်က တုန်းက ပေါ်လစီဇာတ်လမ်းနဲ့ မြန်မာ့ ယဉ်ကျေးမှုထိန်းသိမ်းရေး ဇာတ်လမ်း ညီမလေးကရေး။ အစ်ကိုလေးက ဒါရိုက်တာလုပ်၊ ကိုဝင်းငြိမ်းက အနု ပညာနှင့် မင်းသား၊ မင်းသမီးတွေ ရှာပေးတယ်။ သူတို့အားကို ယူပြီး ဒို့ကအချိန်တိုတိုမှာ အင်တိုက်အား တိုက် ဇာတ်တိုက်ပြီး ကပြခဲ့ကြရတာ။ အဲဒါကို အားမရဘူးကွ”
မသက်ဆွေက သိပ်ကိုအားရနေ သော ပြဇာတ်ကို အားမရသေးဘူး ဟုဆိုတော့ ဆရာကြီးကိုကြည့်ရင်း ပါးစပ်လေးဟသွားသည်။

”တကယ်တော့ အမျိုးသား ဇာတ်ရုံကြီးကို တရုတ်တွေက လာ ဆောက်ပေးသွားတာ။ သူတို့ဟာက ကဇာတ်ရုံ။ ပြဇာတ်ကြီးကသင့်တဲ့ ပြဇာတ်ရုံ မဟုတ်သေးဘူး”

”ပြဇာတ်ဆိုတာ အဆင့်တွေ အမျိုးမျိုးရှိတယ်။ ရပ်ကွက်က ဘုရား ပွဲမှာ ကာလသားတွေ စုလာကြတဲ့ ပြဇာတ်လေးတွေကအစ နိုင်ငံတော် အဆင့် ကပွဲကြီးတွေအဆင့်အထိ ယေဘုယျသဘောအားဖြင့် ပြဇာတ် လို့ နားလည်ထားကြတာ”

စိတ်ပါလက်ပါ စတင်ပြောကြား လာသော စကားများကို ကျွန်တော်တို့ နှစ်ယောက်က ငြိမ်သက်နားထောင် နေမိသည်။

”အစ်ကိုလေးတို့ ပြဇာတ်ကခဲ့ ကြတဲ့ ဝင်းဝင်းရုံခေတ်ဆိုတာလည်း စစ်ပြီးပြီးစ လွတ်လပ်ရေးကာလမှာ အစစအရာရာ မပြည့်စုံတဲ့လူတွေ စိတ်ဓာတ်ရွှင်လန်းပါစေတော့ဆိုတဲ့ စေတနာနဲ့ ကခဲ့ကြရတာ”

”အဲဒီအချိန်ကတော့ ဝင်းဝင်း ရုံရယ်၊ ကာဌေးရုံရယ်ဆိုပြီး နာမည် သာကြီးတာ ပြဇာတ်စင်က နောက် တော့ ရေကျော်မှာ ရွှေဘုန်းပွင့်ဘုရား နားက ဗိုလ်ချုပ်လမ်းနဲ့ ဗိုလ်တထောင် ဘုရားလမ်းထောင့်မှာ ‘ဇော်ရုံ’ ဆိုပြီး ပေါ်လာသေးတယ်။ ပြဇာတ်ခေတ်မှာ သိပ်မအောင်မြင်လိုက်ဘူး။ နောက် ပိုင်းမှာ ရုပ်ရှင်တွေ ဆက်ပြတယ်”

”တကယ့်ပြဇာတ်ဆိုတာ စတိတ် စင်ကိုက အကြီးကြီးပြရမှာ။ ခင်ဗျား တို့ ကြားဖူးလား။ ဥရောပမှာ ပြဇာတ် ဆိုတာက တကယ့်ပညာပွဲကြီး။ ပြဇာတ်ရုံကြီးက အကြီးကြီး။ ပြဇာတ် ဇာတ်ဝင်ခန်းအရ တင့်ကားကြီးတွေ တောင် ပြဇာတ်စင်ပေါ် တစ်ဖက်က မောင်းပြီးတက်လာ၊ တက်တဲ့ဘက်က မောင်းပြီးပြန်ဆင်းသွားတဲ့ ပြကွက် မျိုးတွေပါတယ်လို့ ကြားဖူးတယ်ဗျ”

”ကျွန်တော်ဒုတိယဝန်ကြီး တာဝန်ယူတုန်းမှာ ပါရီမြို့ကို ရောက် ခဲ့တယ်။ သံအမတ်ကြီးဦးညွှန့်တင် ကလိုက်ပြလို့ တစ်ခါကြည့်ဖူးတယ်” ဟု စကားစလိုက်မိသည်။

”တော်လှန်ရေးကောင်စီအစိုးရ ခေတ်မှာ အဲဒီလိုပြဇာတ်စင်ကြီးနဲ့ ကျွန်တော်တင်ဆက်ခဲ့ဖူးသေးတယ် ဗျ”

”ဘယ်မှာလဲ”

”ကျိုက္ကဆံကွင်းမှာ။ အဲဒီခေတ် က ဆိုရှယ်လစ်ခေတ်လေဗျာ။ ပြည် ထောင်စုနေ့ကစလို့ တောင်သူလယ် သမားနေ့၊ အလုပ်သမားနေ့ဆိုပြီး လူထုလှုပ်ရှားမှုစည်းဝေးပွဲကြီးတွေ လည်း ကျိုက္ကဆံကွင်းထဲမှာပဲ ကျင်းပ တယ်”

”ဂီတပဒေသာတွေ ပြဇာတ်တွေ လည်းပါတယ်။ ပြန်ကြားရေးဌာန ကလည်း ကွင်းထဲမှာ ပိတ်ကားတွေ ထောင်ပြီး သတင်းဖြန့်ချိရေးတွေ ရုပ်ရှင်တွေ ပြခဲ့တဲ့ခေတ်ဗျ”

”အဲဒီမှာ အစ်ကိုလေးက ဘယ်လိုဇာတ်ရုံမျိုးနဲ့ ဘယ်လိုပြဇာတ် တင်ဆက်ခဲ့တာလဲ”

”တော်လှန်ရေးကောင်စီတက် လာပြီးတော့ စိုက်ပျိုးရေးဝန်ကြီးဌာန မှာ မြေကျေးရှင်းဆိုတဲ့ ဌာနတစ်ခု ဖွဲ့လိုက်တယ်။ အဲဒီမှာ ဒုတိယဗိုလ်မှူး ကြီး ရဲခေါင် (နောင်ဝန်ကြီး၊ ဒုတိယ ဝန်ကြီးချုပ်)၊ ဒုတိယဗိုလ်မှူးကြီး တင်အောင်(ကွယ်လွန်)တို့ကို တာဝန် ပေးထားတယ်။ အဲဒီဌာနကို ပြည်လှ ဖေ (တစ်ချိန်က ရုပ်ရှင်မင်းသား၊ အဆိုတော်ကြီး) ရောက်လာတယ်။ ကျွန်တော်တို့ တွဲပြီးပြဇာတ်တွေ၊ ဂီတ ပဒေသာပွဲတွေလုပ်ခဲ့ရတယ်”

”မကြာဘူးဗျာ။ ဦးပြည်လှဖေက ယဉ်ကျေးမှုဌာနကို ဒုတိယဝန်ကြီး အဖြစ် ပြောင်းရတယ်။ အဲဒီအချိန်မှာ အထူးဇာတ်ရုံကြီးနဲ့ ကျွန်တော် ပြဇာတ်တင်ပြခဲ့တာပဲ”
ဇာတ်စင်ကို သုံးခုတွဲလျက် ဆောက်တယ်။ အလယ်မှာကတဲ့ တကယ့် main ဇာတ်စင်ကြီး၊ ဘေး ဘယ်ညာမှာ နည်းနည်းပဲငယ်တဲ့ ဇာတ်စင်နှစ်ခုတွဲလျက်ရှိတယ်။

”အဲဒါလည်း ဥက္ကဋ္ဌကြီးက အိုင်ဒီယာပေးပြီး သူပြောတဲ့အတိုင်း လုပ်ရတာဗျ”

”ဘဘပြောသောပုံပြင်’ဆိုတဲ့ ပြဇာတ်ကခဲ့တယ်။ ခင်ဗျားတို့ကြည့် ဖူးတဲ့ပြဇာတ်ရုံ အခန်းကူးပြောင်း တဲ့ အခါမှာ ကားလိပ်ထိုး၊ တီးလုံး တီး၊ ဇာတ်လမ်းဆက်မိအောင် ဖြတ် လျှောက်အဖွဲ့တွေ ဝင်လာကြ၊ ထွက် သွားကြ၊ ကားလိပ်ပြန်ဖွင့်တော့ ဇာတ်လမ်းအကူးအပြောင်းနဲ့ ဆက်ပြ တာမျိုးမဟုတ်ဘူး။ ပင်မဇာတ်စင်မှာ ကနေရာက မီးကိုမှိန်လိုက်တယ်။ ဘေးက ဇာတ်စင်ကို မီးထိုးလိုက်တဲ့ အခါ ဇာတ်လမ်းက ပြတ်မသွားဘဲ တစ်ဆက်တည်းသရုပ်ဆောင်ကွက် တွေနဲ့ ဆက်သွားတာ။ ဘေးဇာတ်စင် လေးမှာ ကနေရာက မီးကိုမှိန်လိုက် ပြီး ဇာတ်စင်မကြီးကို မီးထိုးပြီး ဆက်တိုက်ကတဲ့ နည်းနဲ့လုပ်ခဲ့တာဗျ။ မော်တော်ကားလည်း ဆက်မောင်း သွားလို့ရတယ်”

”ကျွန်တော်က ဝင်းဝင်းရုံမှာ ကျွန်တော်၊ ချစ်မောင်တို့၊ သန်းနွဲ့တို့၊ ခင်မောင်မြင့်တို့နဲ့ ကုလားဆွဲတဲ့ လန်ချားကိုသာ တင်ခဲ့ဖူးတာဗျ။ မင်း သား၊ မင်းသမီးစီးတဲ့ ဂျစ်ကားလေး တင်ခဲ့ဖူးတယ်။ လူရွှင်တော်တွေက နောက်ကလန်ချားနဲ့ လိုက်တဲ့ကကွက် ကို ဝင်းဝင်းဇာတ်ခုံ သေးသေးလေးမှာ တင်ဆက်ဖူးတာ။”

”ဥက္ကဋ္ဌကြီးက နိုင်ငံခြားမှာ တွေ့ခဲ့တဲ့ပုံစံပြောလို့ ကျွန်တော်က ဇာတ်ခုံသုံးခုတွဲကို ဆောက်ခိုင်းတာ ဗျ။ ကျိုက္ကဆံကွင်းမှာ ဇာတ်စင်သုံးခု တွဲဆောက်ပြီး ပြဇာတ်ကတာကို ဆရာကြီးပြည်လှဖေ (ဒုဗိုလ်မှူးကြီး၊ ဒုဝန်ကြီး)က သိပ်သဘောကျတာ”

”အဲဒီဇာတ်စင်သုံးခုတွဲကို ဘာလို့ ဆက်မလုပ်သလဲ”

”ကျိုက္ကဆံကွင်းထဲမှာ တစ်ပွဲ ထိုးလုပ်တာဗျ။ ကျွန်တော်ပြောတဲ့ ပုံစံအတိုင်း စစ်တပ်က အင်ဂျင်နီယာ တွေ လုပ်ပေးကြပါတယ်။ ပြီးတော့ ပြန်ဖျက်လိုက်တယ်”

”ဇာတ်စင်သုံးခုတွဲသာမကဘူး။ အခန်းတွေဆက်တိုက်ပြဖို့ ဇာတ်စင် တစ်ခုမီးမှိန်လိုက်တာနဲ့ ဆက်ပြမယ့် ဇာတ်စင်ကို မီးထိုးပြဖို့ မီးဆလိုက်တွေ လည်း စင်သုံးစင်လုံးအတွက် လုပ်ရ မှာပေါ့နော်”

”အဲဒီလိုခမ်းနားတဲ့ ဇာတ်စင်မျိုး နဲ့ အဆင့်အတန်းမြင့်မြင့် ပြဇာတ် ကဖို့ဆိုတာ ငွေလိုတယ်ကွ ညီမလေး ရ။ အတိုးနည်းနည်းနဲ့ ဘဏ်က ငွေ ချေးရမလား။ အတိုးမဲ့နဲ့ အစိုးရဆီက ချေးရမလား၊ ရုပ်ရှင်အစည်းအရုံး ကို အားကိုးလို့တော့ မရဘူး။ သူတို့မှာ လည်း ဒီလောက်အင်အား ရှိတာမ ဟုတ်ဘူးကွ။ ဒို့ကလည်း စိတ်ကူးပဲ ရှိတာ”

”အစိုးရက လုပ်မှဖြစ်မှာ အစ်ကို လေးရ။ အစ်ကိုလေးက အိုကြီးအိုမနဲ့ ပိုက်ဆံလည်း ရှိတာမဟုတ်ဘူး။ ချေး လို့လည်း မဖြစ်။ စေတနာနဲ့ ပြဇာတ် ပညာပဲရှိတာ။ အခုရန်ကုန်မှာ အမျိုး သားဇာတ် ရုံတစ်ခုတည်းရှိတာ။ သူ့ ခေတ်နဲ့သူ စေတနာနဲ့ ချစ်ကြည်ရေး သဘော လာဆောက်ပေးသွားတာ။ ခေတ်မီပြဇာတ်ရုံကြီးတွေ ရန်ကုန်နဲ့ မန္တလေးမှာ အစိုးရက ဆောက်ပေးတဲ့ အထိ အစ်ကိုလေး အသက်ရှည်ဖို့ ကျန်းမာဖို့သာ ဂရုစိုက်။ အဲဒါအစ်ကို လေး အလုပ်”

”ဟုတ်တယ်ဗျာ။ ကျွန်တော်က အခုခရီးလည်း မသွားနိုင်တော့ဘူး။ မောမောနေတယ်ဗျ။ နေပြည်တော် ကိုလည်း မရောက်တာကြာပြီ။ ဝန်ကြီးတွေနဲ့လည်း တွေ့ခွင့်မကြုံတာ ကြာပြီဗျ”

”ရုပ်ရှင်တို့၊ ဂီတတို့ လှုပ်ရှားမှု ပွဲတွေ အစ်ကိုလေးတက်တာပဲ။ မကြာခင် အကယ်ဒမီပေးပွဲကျရင် လည်း မနှစ်ကလို ပြန်ကြားရေးဝန် ကြီးတို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ နဲ့ တွေ့ရမှာပဲ။ အဲဒီကျတော့ တင်ပြလိုက် တာပေါ့။ အကယ်ဒမီအာရုံစိုက်နေ ချိန်မှာ ပြဇာတ်အကြောင်း ပြောရတာ အဆင်ပြေတာပေါ့ အစ်ကိုလေးရ”

”အေးဗျာ အဲဒီနေ့ ပွဲတက်နိုင် အောင် ကျန်းမာဖို့လိုတယ်။ အားမွေး ထားလိုက်မယ်”

မျှော်လင့်ချက်ကြီး တစ်ခွဲသား နှင့်ပြောလိုက်သော အသက် ၉၆ နှစ်ကျော် အဘိုးကြီးရဲ့ မျက်လုံးအစုံ က ဝင်းလက်တောက်ပလျက်ရှိနေ သည်ကို မျက်စိထဲ မြင်ယောင်ရင်း ပြန်လာခဲ့ရသော ကျွန်တော့် စိတ်ထဲ မှာတော့ …။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*