ရယ်ရရင် ပြီးရောဆိုပြီး ပြက်လုံးပြက်လို့ မရပါဘူး လူရွှင်တော် ပွမ်ပွမ်

ရယ်ရရင် ပြီးရောဆိုပြီး ပြက်လုံးပြက်လို့ မရပါဘူး လူရွှင်တော် ပွမ်ပွမ်
February 26, 2018 AsianFame MediaGroup
ရယ်ရရင် ပြီးရောဆိုပြီး ပြက်လုံးပြက်လို့ မရပါဘူး လူရွှင်တော် ပွမ်ပွမ်

”လူရွှင်တော်မှန်သမျှဟာ ရယ်ရရင်ပြီးရောဆိုပြီး ပြက်လုံးပြက်လို့ မရပါဘူး။ တချို့တွေကကျတော့ ငါတို့ကို လူရွှင်တော်ငှားထားတာပဲ။ ရယ်ရင်ပြီးရောဆိုပြီးပြက်လိုက်မယ်။ အဲဒီစကားလုံးဟာ အဲဒီဌာနအဲဒီ Company အတွက်ဂုဏ်သိက္ခာကျသွားစေလောက်တဲ့ ပြက်လုံးမျိုးပြက်မိရင် အဲဒီ Company ကိုယ့်ကို နောက်တစ်ခါကျရင် မခေါ်တော့ဘူး” လို့ ပြက်လုံးပိုင်းနဲ့ပတ်သက်လို့ သတိထားရပုံကို လူရွှင်တော်ပွမ်ပွမ်က ပြောပါတယ်။ လူရွှင်တော်ပွမ်ပွမ်က ဝန်ထမ်းဘဝကနေလူရွှင်တော် ဘဝကို တက်လှမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ လူရွှင်တော်ချစ်ချောနဲ့ တွေ့ဆုံဖြစ်ပြီး သူငယ်ချင်းနှစ်ယောက် လူရွှင်တော်ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာက ပထမဆုရရှိခဲ့ပါတယ်။ ချစ်ချော၊ ပွမ်ပွမ် ဆိုပြီး သူငယ်ချင်းနှစ်ဦး လက်တွဲလာခဲ့တာ အခုဆိုရင် ၂၁ နှစ်တာ ကာလထဲကို ရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်။

”ကျွန်တော်တို့လူရွှင်တော်အတွဲက သက်တမ်းနည်းနည်းရှည်လာပါပြီ။ ကျွန်တော်တို့အားကျတာကတော့ ကိုမိုးဒီတို့၊ ကိုမော့စ်တို့အတွဲ၊ ကိုဧရာ၊ ကိုကျော်ထူးတို့အတွဲ၊ ကိုဆိုနီ၊ ကိုမိုးကျော်တို့အတွဲတွေကို သိပ်အားကျခဲ့ တယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ဘူး။ စိတ်ဆိုးရင်သာပြော လိုက်ကြတာ ပြီးရင် စိတ်ပြေသွားကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရေရှည်တွဲသွားချင်တာကိုးလေ။ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင်လည်း တစ်ယောက်နဲ့တစ်ယောက်က ကျော်တာခွတာ လိမ်တာမရှိဘူး။ အဖွဲ့တစ်ခု မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းနှစ်ယောက်မှာပဲဖြစ်ဖြစ်၊ မိသားစုမှာပဲဖြစ်ဖြစ် ငွေကြေးက အဓိကပဲ။ ငွေကြေးကြောင့် စိတ်ဝမ်းကွဲကြတာပဲ။ ဝမ်းနည်းစရာ လေးတွေကတော့ ရှိတာပေါ့လေ။ မအောင်မြင်ခင်အချိန်တုန်းက သူများအဖွဲ့ တွေဆီ လူရွှင်တော်ဝတ်စုံတွေပိုက်ပြီးတော့ သွားရတယ်။ ပေးလည်းယူရတာ ပေါ့။ မပေးလည်းတစ်ပြားမှမရဘဲ ပြန်ရတာပေါ့။ တကယ့်နာမည်ကြီးပွဲတွေမှာ သွားကပြီးလည်း တစ်ပြားမှ မရခဲ့တာတွေလည်းရှိတယ်” လို့ သူတို့နှစ်ယောက်ရဲ့ ကြိုးစားရုန်းကန်ခဲ့ပုံကို လူရွှင်တော်ပွမ်ပွမ်က ပြောပြပါတယ်။ အခုလက်ရှိမှာတော့ သူတို့နှစ်ယောက် မေတ္တာရွှေစင်အငြိမ့်မှာ ကပြလျက်ရှိပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*