မေမြတ်နိုးအတွက် ပထမဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲ

မေမြတ်နိုးအတွက် ပထမဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲ
February 22, 2018 AsianFame MediaGroup
မေမြတ်နိုးအတွက် ပထမဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲ

သရုပ်ဆောင်မေမြတ်နိုးက Maybelline နဲ့အတူ ကမ္ဘာကျော်မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Gigi Hadid နဲ့တွေ့ဆုံပွဲကို သွားရောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ ဒီတွေ့ဆုံပွဲကိုBeauty Blogger နေခြည် ဦးနဲ့အတူသွားရောက်ခွင့်ရရှိခဲ့ပြီး Gigi နဲ့အတူဆင်နွှဲခွင့်ရခဲ့တဲ့အတွေ့အကြုံတွေအကြောင်းကိုတော့ မေမြတ်နိုးက . . .

”Gigi နဲ့သွားတွေ့တုန်းက တအားလည်းပျော်ပါတယ်။ Gigi ကိုတွေ့ရတော့ Gigi ကတအားပိန်တယ် ရှင့်။ မြတ်နိုးက ကိုယ့်ကိုယ်ကိုယ်ပိန်တယ်ထင်တာကို သူ့ကိုလည်းတွေ့တော့ ကိုယ့်ထက်တောင်ပိုပြီး ပိန် သေးတယ်။ နောက်ပြီး သူကတအားဖြူစင်တဲ့လူတစ်ယောက်လို့လည်း ပြောလို့ရတယ်။ ပွင့်ပွင့်လင်းလင်း ပါပဲ။ Gigi က Make-up Tutorial လုပ်ပြတဲ့ အချိန်မှာ ရယ်နေရပြီး ဖြူစင်တဲ့ပုံစံလေးရှိတယ်လို့ဆိုရမှာပါ။ မြတ်နိုးအတွက်လည်း အမှတ်တရတကယ်ဖြစ်ခဲ့ရပါတယ်။ ပွဲလေးကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်း ခွင့်ရခဲ့ပါတယ်” လို့ပြောပြပါတယ်။

မေမြတ်နိုးအနေနဲ့လည်း တက်သစ်စအနုပညာရှင်တစ်ဦးအနေနဲ့ နောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေများလာသလို သူ့အတွက်ရှစ်ကားမြောက် ရုပ်ရှင်ဇာတ်ကားကြီး ကိုလည်း မတ်လမှာရိုက်ကူးသွားမယ်လို့ သိရပါတယ်။ 25 Percent လို့အမည်ပေးထားတဲ့ ဒီဇာတ်ကားမှာတော့ လူမင်းနဲ့ ထွန်းထွန်းတို့လည်းပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ မေမြတ်နိုးကလည်း ဘယ်လိုနေရာကပါဝင်သွားမလဲ၊ ပြင်ဆင်မှုအကြောင်းအရာများနဲ့ ပတ်သက်လို့ . . .

”ကာရိုက်တာကလည်း ခပ်မိုက်မိုက် ကောင်မလေးတစ်ယောက်နေရာက ပါဝင် မှာပါ။ ဒီဇာတ်ကားက မြန်မာနိုင်ငံမှာ တစ်ခါမှမရိုက်ဖူးတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်ညွှန်း ဆရာရယ်၊ ပရိုဂျူဆာရယ် သေချာ တိုင်ပင်ပြီး ဘယ်လို အမိုက်ဆုံးလုပ် မလဲဆိုတာကိုတော့ ဆွေးနွေးရမှာပေါ့။ ဇာတ်လမ်းပုံစံကလည်း အက်ရှင်ပုံစံ မျိုးသွားမယ်ရှင့်။ မြတ်နိုးလည်း အက်ရှင်ဇာတ်ကားကိုတစ်ခါမှ သရုပ်မဆောင် ဖူးပါဘူး။ ဒါမြတ်နိုးအတွက် ပထမဆုံးစိန်ခေါ်ခြင်းပါ။ ဒါကြောင့် လိုအပ်ရင် မြတ်နိုးလည်း ဖိုက်တင်လေ့ကျင်မှုတွေလုပ်ရမှာပါ။ မတ်လဆိုတော့ အချိန်လည်း နည်းနည်းလိုသေးတဲ့အတွက် ပြင်ဆင်မှုတွေလည်း လုပ်လို့ရတာပေါ့”လို့ ပြောပြပါ တယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*