ဖွတ်ထုံ မိုင်ထုံ ဆိုင်ဆီမှာရွာတဲ့မိုး

ဖွတ်ထုံ မိုင်ထုံ ဆိုင်ဆီမှာရွာတဲ့မိုး
February 22, 2018 Leanne Win
ဖွတ်ထုံ မိုင်ထုံ ဆိုင်ဆီမှာရွာတဲ့မိုး

ဒါက ထိုင်းအငြိမ်းစား ပါမောက္ခချုပ်ကြီးရဲ့အိမ်မှာ အလုပ် လုပ်ခဲ့တုန်းက တတ်လာတဲ့နည်းဟ။ ဒီမှာ”

‘ထွေးထွေးမြင့်’ က သူ့သူငယ် ချင်းသူဇာ့ကို ပြောပြနေတာပါ။ သူ လောလောဆယ် အလုပ်လုပ်နေတာ က ဘန်ကောက်မြို့ ဟိုးအစွန် ‘ဖွတ် ထုံ မိုင်ထုံဆိုင်ဆီအရပ်’မှာပါ။ ဒီက နေဆို အတော်ဝေးတယ်။ ဘယ် လောက်ဝေးသလဲဆိုရင်တော့ သူ အလုပ်လုပ်တဲ့ ဧအရာမခြံဝင်းကြီးရဲ့ နောက်ကျောမှာ တောင်ကြီးပဲရှိတော့ တယ်။ နောက်တစ်ခုဆိုးတာက မြွေ တွေပေါတာပါ။ မြွေ မတွေ့တဲ့ ရက် ရယ်လို့ တစ်ရက်မှမရှိဘူးလို့ ထွေး ထွေးမြင့်က ပြောပြတယ်။

‘သူဇာ’က ဘန်ကောက်ရောက် နေတယ်ဆိုလို့ သူငယ်ချင်းနှစ်ယောက်  တွေ့ကြရအောင်ချိန်းတော့ ငါက ၁၄ ရက်နေ့မှာ ခွင့်ရမှာဟလို့ပြောပါ တယ်။ သူတို့အလုပ်က တနင်္ဂနွေ တစ်ရက်ပဲ ခွင့်ရပါတယ်။ ကျန်တဲ့ရက် ခွင့်ယူရင် တစ်ရက် ဘတ် ၅ဝဝ ဖြတ် ပါတယ်။ ဒီတော့ ထွေးထွေးမြင့်က ၁၄ ရက် နေ့ညက ထွက်လာ၊ အပြင် မှာတစ်ညအိပ်။ နောက်တစ်နေ့မနက် မှ စောစောထလာပြီး သူဇာတည်းတဲ့ အမှတ် -၁၊ စွိုင်းမီတာနာလမ်းမှာရှိ တဲ့ အာတီနာဟိုတယ်ကိုရောက်လာ ပါတယ်။  ဒီရောက်မှ သူမနေ့ညက ဝတ် ဖို့အဝတ်အစားတွေကို ပါလာတဲ့ အိတ်သေးသေးလေးထဲ ဆံ့အောင် တစ်ထည်ချင်း ခေါက်လိပ်လိပ်ထည့် တဲ့နည်း ပြောပြတာပါ။ အဝတ် အစားတွေကို အဲဒီလိုလိပ်ပြီး ခေါက် ထည့်တော့ ပိုဆံ့ပါတယ်။ နေရာလည်း မယူပါဘူး။ ဒါ ယိုးဒယားနည်းနေမှာ ပေါ့လေ။ သူဇာ့မောင်လေး ဗီယက် နမ်ကပြန်လာလို့ အိတ်ထဲကြည့်လိုက် တော့လည်း ထူးထူးဆန်းဆန်းအဲဒီလို အင်္ကျီလိပ်ကလေးတွေ တစ်ခါတွေ့ ဖူးတယ်။ သူ့ချစ်သူ ကောင်မလေးက ထည့်ပေးလိုက်တာ ဆိုပါလား။ အဲဒီ တုန်းက တစ်ခါမြင်ဖူးတယ်။

“ဒီတစ်အိမ်ကလည်း ငါ့အတွက် အဆင်မပြေပါဘူးဟာ။ သူတို့ အလုပ် သမားချင်းတောင်မှ ခွဲခြားချင်ကြ တာ။ ငါတော့မုန်းတယ်။ ဒီ တစ်လ ကုန်ရင် နောက်တစ်အိမ်ပြောင်းမှာ” ထွေးထွေးမြင့်ပြောတာ လခက တစ်လဘတ်တစ်သောင်းခွဲရတယ် သာပြောတာ။ ဒီကြားထဲမဖြစ်မနေ ခွင့်ယူရင် ခွင့်တော့ပေးပါရဲ့။ ခွင့်ယူ တဲ့ရက်ကို ဘတ် ၅ဝဝ ဖြတ်တယ်။ သေရောပဲ။ တစ်လောက ပတ်စ်ပို့ စာအုပ်ကုန်လို့ ဘန်ကောက်က အေး ဂျင်းနဲ့ ထားဝယ်အထိ သွားလုပ်ရ တာ။ အသွားအပြန် လေးငါးရက်။ အဲဒီလက လခထုတ်တော့ ဘာမှ မကျန်တော့လို့ ငါလေသိလားလို့ ထွေးထွေးမြင့်က ငိုသံပါလေးနဲ့ ပြော ပြတော့ သူဇာတို့ ဘယ်လိုလုပ် စိတ် ကောင်းနိုင်ပါ့မလဲ။

  အသားညိုညို၊ ပြားပြားကြီးနဲ့ အသက် ၃ဝ ကျော်လောက်တော့ ရှိ ကရော့မယ်။ ထွေးထွေးမြင့်ဆိုတာ ‘ရှမ်း’လို့သာပြောတာ ညိုညိုပြားပြား ကြီး။ ဘန်ကောက်ကိုရောက်တာ ကြာတော့ ထိုင်းစကားတွေဆိုတာ မွှတ်နေပါပြီ။ တစ်ခုကောင်းတာက ထိုင်းစကားပြောရရင် ရှမ်းစကားနဲ့ တောင်မှ ခပ်ဆင်ဆင်ရယ်။ တချို့ စကားလုံးတွေဆို တိုက်ရိုက်ကို တူ နေတာရယ်။ ဒီတော့လား ထွေးထွေး မြင့်စကားတတ်လွယ်တာပေါ့။ တစ်ခါ တလေ ‘ထိုင်းရဲ’ တွေက အလုပ် သမားတွေကို စစ်ဆေးချင်ရင် သူတို့ က ထိုင်းလိုအရင်ပြောကြည့်ကြည့်တာ။ ထိုင်းစကားမပီရင် ‘ဆွဲ’ တတ်တော့၊ ထွေးထွေးမြင့်ဆို ဘယ်တော့မှကို အစစ်အဆေး မခံရပါဘူး။ ဟင့်အင်။

“ထိုင်းမှာ အလုပ်လုပ်ရတာ ချင်းစာရင် ငါတော့ထိုင်းဘုရင်နဲ့ ဝန်ထမ်းတွေအိမ် လုပ်ရတာ စိတ် အပျက်ဆုံး” “ဘာပြုလို့” “ဒူးတုပ် ခ၊ စားရလို့ပေါ့ဟာ” ဟယ် ဆိုပြီး သူဇာတို့တောင် အံ့သြရပါတယ်။ ထိုင်းနန်းတွင်းကား တွေ ကြည့်ရင်၊ မောင်းမမိဿံတွေက ဘုရင်မတွေကို ဒူးတုပ်ခစားရတဲ့အခါ၊ ရှိခိုးကြတဲ့အခါ မြင်ဖူးကြတယ်မဟုတ် လား။ ပထမကိုယ်တစ်စောင်း၊ အနေ အထားနဲ့ ကိုယ်ကိုလှဲချလိုက်၊ နောက် တော့မှ ရှိခိုးတဲ့ပုံစံမျိုး ဦးတိုက်ရတာ။ သူဇာတော့ ထွေးထွေးမြင့်ပြောပြ တာတွေ နားထောင်ကြည့်ပြီးမှ တို့ လူမျိုးတွေ သူများနိုင်ငံမှာတယ်လည်း မျက်နှာ ငယ်ရပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်ရပါတယ်။  ထွေးထွေးမြင့် ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ ဆယ့်လေးငါးနှစ် အတွင်း သူအလုပ်လုပ်တဲ့အိမ်တွေ ဘယ်နှအိမ်တောင်မှ ပြောင်းနေပြီ လဲ။ အဲဒီမှာ အိမ်ရှင်တွေဘက်က ဆိုးသလို၊ တို့လူ =ထွေးထွေးမြင့်’ဘက် က ဆိုးတာလည်း ရှိတယ်။ သူဇာနဲ့ ထွေးထွေးမြင့်တို့က ဟိုးနယ်စပ်မြို့ ကလေးမှာ အတူတူကျောင်းတက် ခဲ့ဖူးကြတယ်။ ငယ်ဘဝ၊ ရယ်တော့ ရယ်စရာကောင်းပါရဲ့။ တစ်ခါတလေ ဘာမဟုတ်တဲ့ ခဲတံခဲဖျက်လေးကြောင့် စကားများရန်ဖြစ်ချင် ဖြစ်ကြတာ ကလား။ မိန်းကလေးတွေဆိုတော့ ပိုဆိုးတာပေါ့။ ထွေးထွေးမြင့်ဆိုတာ ကလည်း မဟုတ်မခံဆိုတာထက် သူများရဲ့ သည်းညည်းကို လုံးဝကို လက်မခံတာရယ်။ သူဇာနဲ့ စိတ်ဆိုး လည်း တစ်ရက်နှစ်ရက်ပဲ။ နောက် တစ်ရက်ကျတော့ သူ့ဘာသာ သူ ပေါက်ချလာ။ ဘာမှမဖြစ်တဲ့ ပုံစံ   မျိုး။ သူဇာကတော့ ဘာမှ အမှတ်မရှိ ပါဘူး။ သူလာခေါ်တော့လည်း ဝမ်း သာအားရပါပဲ။

“သူဇာရယ် နင်ပဲစဉ်းစားကြည့်။ သူတို့လုပ်ပုံတွေ။ ငါတို့အလုပ်သမား ချင်း အတူတူခွဲခြားဆက်ဆံတာကို က ငါမကြိုက်တာ” ဒီလို ဒီလိုတဲ့။ အဲဒီထိုင်းသူဌေး စက်ရုံမှာ အလုပ်သမားအိမ်အကူ သုံးယောက်ရှိတာ။ ထွေးထွေးမြင့်က စားဖိုမှူးထမင်းချက်၊ ကရင်မက ကလေးထိန်း၊ ကချင်မက အဝတ် လျှော်ပေါ့။ အလုပ်တွေအဲဒီလို ခွဲခြား ထားတာ။ အလုပ်တွေ လုပ်နေကြရ တာချင်းတူရင် တန်းတူထားပေါ့ဟာ။ ခုတော့ သစ်သီးတွေ၊ စားစရာ ကျွေး ရင် ဟိုနှစ်ယောက်ကိုပဲ ကျွေးတာ။ ငါ့ကျတော့ ဂရုမစိုက်တဲ့ပုံစံမျိုး။ အဲဒါတွေကို ငါကမခံချင်တာ။ တော် ပြီ ရွှေထွက်နေပလေ့စေပါ။ အဲဒီအိမ် မှာ ငါမနေဘူး။ လကုန်ရင် ထွက်ခဲ့ မှာ။ တကယ်ပြောတာ။  “မြင့်မြင့်ကြည် ဖက်တီးမနဲ့ရော တွေ့သေးလားဟ။ သူလည်းထိုင်းမှာ ပဲဆို” “နင် သူ့အကြောင်းမကြားသေး ဘူးနဲ့တူတယ်။ ဟုတ်လား သူဇာ’ “မကြားပေါင်။ ဘာဖြစ်လို့” မြင့်မြင့်ကြည်လည်းပဲ ထွေးထွေး မြင့်တို့ သူဇာတို့နဲ့ အရွယ်တူ ကျောင်း နေဖက်တွေပါပဲ။ ထိုင်းကိုရောက် ကြတာ။သူတို့နှစ်ယောက် မတိမ်း မယိမ်းပဲနေမှာပါ။

မြင့်မြင့်ကြည် ကလား အိမ်ဖော်အလုပ်၊ အိမ်အကူ အလုပ်ဆိုပေမယ့် သူနေရတဲ့ အိမ်က မိသားစုပုံစံမျိုး သဘောထားတော့ နေရတာ အဆင်ပြေပုံပါဟာ။ အဲဒီ တစ်လောကတော့ သူနေတဲ့အိမ်က လူတွေနဲ့ ပြဿနာအကြီးအကျယ် တက်သတဲ့။ လေးငါးဆယ်နှစ် အနေ ကြာ၊ ဆွေမျိုးရင်းချာတွေလိုဖြစ်ပြီးမှ ဘယ်လိုဖြစ်ကြရတာလဲ။ သူကလည်း ဒီတစ်ခါပြန်ရင် အပြီးပြန်မှာ ထိုင်းကို ပြန်မလာတော့ဘူးတဲ့။

ဖြစ်ပုံကလား။ ဒီလိုဒီလိုလို့ ထွေး ထွေးမြင့်က ပြောပြပါတယ်။ သူတို့ အိမ်ရှင်မက အပြင်မှာမျောက်မထား တာ။ အဲဒါကို မြင်တွေ့နေရတဲ့ မြင့် မြင့်ကြည်က အိမ်ရှင်ကို ပြောပြတော့ အိမ်ရှင်ကစောင့်အဖမ်း လက်ပူးလက် ကြပ်မိလို့ ခုတော့ကွာလိုက်ကြပြီတဲ့။  “ဟင် ဒါဆိုမြင့်မြင့်ကြည်ကရော ဘာလုပ်နေတာလဲ။ မပြန်သေးဘူး လားတဲ့။ ပြန်တော့မယ့်ဟာကို’ အဲဒါပြောတာပေါ့။ သူကလည်း ဟာ ကိုယ့်အလုပ်ကိုယ်လုပ်ပါလား။ ဘာလို့သူများအတွင်းရေး ဝင်ရှုပ်ချင် ရတာလဲ။ ငါစိုးရိမ်တာက အိမ်ရှင် မဘက်က မကျေနပ်လို့၊ မြင့်မြင့်ကြည် ကို လူငှားဘာညာသတ်ကြမှာစိုးတာ။ နင်မကြားဘူးလား။ တစ်လောက တာ ချီလိတ်မှာ ဖြစ်တာလေ။ အလှပြင် ဆိုင်ထဲက မိန်းမကို အငြိုးထား၊ သေနတ်သမားက ဆိုင်ကယ်စီးလာပြီး ပစ်သွားတာ။ တော်ပါသေးရဲ့။

အလှ ပြင်ပေးတဲ့ မိန်းမက အငုံ့လိုက်၊ ထိုင်ခုံ ပေါ်က မိန်းကလေးခေါင်း သေနတ် မှန်တာ ပွဲချင်းပြီးဆို။ ငါစိုးရိမ်တာက နယ်စပ်မြို့၊ သူများနိုင်ငံ လက်နက် တွေက ပေါပါဘိသနဲ့ ကြောက်စရာ ကောင်းလို့ ပြောတာပါဟာ။  ဒါနဲ့အခု မြင့်မြင့်ကြည်ဆိုတော့ သူ ပြန်တော့ ပြန်မှာရယ်။ အိမ်ရှင် အမျိုးသားရဲ့ မိဘတွေအိမ်မှာ ရောက်နေတယ်ဆို လားပါ။ မြင့်မြင့်ကြည်ပြန်တော့မယ် ဆိုတော့ သူငယ်ချင်းသုံးယောက် မဆုံ ဖြစ်ကြတော့ပါဘူးဟာ။ သူဇာက ညည်းညည်းပြောလေး ပြောပါတယ်။  သူဇာတို့ဖေဖေက နယ်စပ်မြို့ လေးမှာ တာဝန်ကျတုန်း သူတို့တစ် တွေနဲ့ ကျောင်းအတူနေရင်းက ဆုံခဲ့ ကြတာပါ။ မှတ်မိသေးတယ်။ ထွေး ထွေးမြင့်က ရှစ်တန်းစာမေးပွဲကြီး ဖြေ တုန်းက စာကူးချလို့ဆိုပြီး ကျောင်း အုပ်ကြီးရုံးခန်းရောက်၊ အဖေအမေ တွေ ခေါ်တွေ့နဲ့။ ရှက်လို့လားပဲ။ ကျောင်းဆက်မတက်တော့ပါဘူး။  အဲဒီတုန်းက မြင့်မြင့်ထွေးတို့ အဖေက ချဲရောင်းတယ်။

အမေက တော့ မှီခိုပေါ့။ နောက်ထပ်မှတ်မိ တာတစ်ခုက မြင့်မြင့်ထွေးရဲ့အစ်မ။ သိပ်ချောသိပ်လှတာ။ မြို့ကလေးက သေးတော့ မြင့်မြင့်ထွေးရဲ့အလှက တော့ လွင်တာပေါ့။ ဘယ်သူနဲ့တူ သလဲဆိုတော့ ရုပ်ရှင်မင်းသမီး အိâန္ဒာကျော်ဇင်ပုံစံမျိုး။ အိမ်ထောင် ကျတော့ ကားသမားလူရှုပ်လူပွေ တစ်ယောက်နဲ့ အိမ်ထောင်ကျပါ တယ်။ ကံဆိုးတာက အဲဒီမှာတင် မပြီး သေးဘူး။ ကလေးမီးဖွားပြီးတော့ ထွေးထွေးမြင့်တို့အစ်မ ဆုံးပါရော ကလား။  “ဟေ့ အဲဒီမြို့က ပြောင်းလာကြ တာ နင်တို့အရင်လား။ ငါတို့ အရင် လား” “နင်တို့အရင်ပေါ့။ ငါတစ် ယောက်တည်း လွမ်းလို့ကျန်နေခဲ့တာ လေ” ထွေးထွေးမြင့်တို့ဇာတိက ဆီ ဆိုင်ဘန်းယဉ်ဘက်ကလို့ ပြောပါ တယ်။ အဲဒီအရပ်မှာ နာမည်ကြီးတာ က ‘နောင်မွန်’ပါ။ ဘာပြုလို့လဲဆိုတော့ နောင်မွန်ဆန်ဆိုတာ စားလို့ အတော် ကောင်းပါတယ်။ ထွေးထွေးမြင့်တို့ မိသားစုဆီဆိုင် ပြောင်းပြီး သူတို့ အဖေကြီး ဆုံးတယ်လို့ ကြားရတာပါ။ သူဇာတို့ လူချင်းမတွေ့ကြရတော့ပါ။ ဆီဆိုင်မှာ ထွေးထွေးမြင့်တို့ အိမ် ဆောက်ကြဖို့လိုတော့ ထိုင်း သွား အလုပ်ရှာတာပါ။ အဲဒီတုန်းကတော့ အလုပ်သမားကတ်ဘာညာကလည်း မရှိသေး။ ဒီလိုပဲ တောင်ပိုင်းကလူတွေ ကတော့ အောက်လမ်းကနေ သွား အလုပ်လုပ်ကြတာ များပါတယ်။

သူဇာတို့ပထမတစ်ခေါက် ဘန် ကောက်လာလည်ကြတော့ အဲဒီတုန်း က ထွေးထွေးမြင့်အလုပ်လုပ် နေတာ ထိုင်းဘုရင်ရဲ့ နန်းတော်ထဲမှာ တာဝန် ထမ်းဆောင်တဲ့ ဝန်ထမ်းအရာရှိတွေ ရဲ့အိမ်ပါ။ အဲဒီအိမ်က အိမ်ရှင်တွေဆို တာ တခြားဘန်ကောက်မှာရှိတဲ့ ဝန်ထမ်းတွေနဲ့စာရင် သူတို့ဝတ်စား ကြတာက အဆင့်မြင့်သလားလို့ပါ။ ဟို ဘာနဲ့တူသလဲဆိုတော့ မိန်းမ ယောက်ျားအားလုံး လက်မောင်းမှာ တံဆိပ်တွေ၊ ပခုံးပေါ်မှာလည်း ရွှေ ရောင်အပွင့်တွေနဲ့ပါ။ သူတို့က ဘုရင် ဆီမှာ အမှုထမ်းတဲ့လူတွေမှန်း ဘာလို့ သိသာသလဲဆိုတော့ လက်မောင်းက တံဆိပ် အဝိုင်းထဲမှာ ဘုရားစေတီ တော်ပုံ ပါသလားလို့ပါ။ ဟုတ်တယ်။

“သူဇာရေ နင်တို့အဝင်ပေါက် ရောက်ရင် ဗမာစကား မပြောမိစေနဲ့ နော် ကြားလား” အဲဒီအခေါက်တုန်းက ထွေး ထွေးမြင့်နေတဲ့ အိမ်ပိုင်ရှင် ယောက်ျား မိန်းမနှစ်ယောက်လုံးက ထိုင်းဘုရင် ရဲ့ အမှုထမ်းအရာရှိတွေဆိုတော့ သူ့ မျက်နှာနဲ့ ထွေးထွေးမြင့်ရဲ့ သူငယ် ချင်းသူဇာတို့မိသားစု အခကြေးငွေ မယူဘဲ ဝင်ခွင့်ပြုလိုက်ပါတယ်။ အခွင့် အရေးကတော့ ဒါပါပဲ။

ကျန်တာ ကတော့ ထိုင်းတွေက ဗမာတွေဆိုရင် ဦးအောင်ဇေယျအမျိုးတွေချည်းလို့ ထင်နေကြသလား။ ကျွန်တွေလိုပဲ သဘောထားနှိမ်နေကြတာလားမသိ ပါဘူး။ ထွေးထွေးမြင့် စဉ်းစားကြည့် လိုက်တော့ ကောင်းကွက်က မရှိ သလောက်ကို နည်းတာပါ။  ဗမာတွေ ဘန်ကောက်ရောက် ရင် တခုတ်တရ သွားလည်တတ်ကြ တဲ့အထဲ မြဘုရားကတော့ အထွတ် အမြတ်နေရာပဲပေါ့။ သူဇာတောင် အဲဒီနေရာမှာ ဘုရားရှိခိုးနေတာမှ အကြာကြီးကိုပါပဲ။ ပြီးတော့ အရဟံ ဂုဏ်တော်ပုတီးလည်းစိပ်တယ်။

အဲဒါ ပြီးမှ ထွေးထွေးမြင့်က သူဇာတို့ တစ်တွေကို ပြတိုက်တွေထဲ လိုက်ပို့ပါ တယ်။ အဲဒီအထဲမှာ ဓာတ်ပုံရိုက်ခွင့် မရှိတဲ့ ပြတိုက်နှစ်နေရာ၊ သုံးနေရာ လောက်ရှိပါတယ်။ မှတ်မိသလောက် ပြောရရင်တော့ ရှေးထိုင်းဘုရင်တွေ အသုံးပြုခဲ့တဲ့ သလွန်ညောင်စောင်း တစ်ခု၊ အဲဒါကတော့ ရွှေသားအစစ် တွေနဲ့ လုပ်ထားလို့လို့ ပြောပါတယ်။ နောက်ထပ်ဧည့်သည်တွေ ဓာတ်ပုံ လုံးဝရိုက်ခွင့်မပြုတဲ့နေရာက ဓားပြ တိုက်ရယ်၊ သေနတ်ပြတိုက်ရယ်ပါ။

မောင်သင်းထုံ (ကျောက်မဲ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*