ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဂျင်းကောင် ကို ရိုက်ကူးမယ့် ဒါရိုက်တာ ကိုပေါက်

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဂျင်းကောင် ကို ရိုက်ကူးမယ့် ဒါရိုက်တာ ကိုပေါက်
February 21, 2018 AsianFame MediaGroup
ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဂျင်းကောင် ကို ရိုက်ကူးမယ့် ဒါရိုက်တာ ကိုပေါက်

ဒါရိုက်တာ ကိုပေါက်က ”ချစ်နိုးနိုး”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ ရဲအောင်၊ ခင်လှိုင်၊ အိချောပိုတို့နဲ့ ရိုက်ကူးနေပါတယ်။ သူဖန်တီးပုံဖော်ရိုက်ကူး နေတဲ့ ရုပ်ရှင်ဇာတ် ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာကိုပေါက်က..”ဒီဇာတ်လေးက ဇာတ်သဘင်လောကကိုလည်း ပြန်ပြီးပရိုမို့လုပ်တဲ့ ဇာတ်မျိုး လည်းဖြစ် တယ်။ နောက်ပြီးတော့ ကျွန်တော်လည်း မရိုက်ဖူးသေးတဲ့ဇာတ်မျိုးလည်းဖြစ်တယ်။ ဒါကကျွန်တော်ရိုက်နေကျလိုင်းလည်း မဟုတ်ဘူးပေါ့လေ။ ကျွန်တော် ဒီဇာတ်လေးကို ကြိုက်လိုက်တာနဲ့ မြင့်မြတ်ကို ဇာတ်လေး ပြကြည့်တော့ မြင့်မြတ်ကလည်း ကြိုက်တာနဲ့ ဒီဇာတ်လေးကို အကောင်အထည်ဖော်ဖို့ လုပ်ခဲ့ကြတယ်။၆ လလောက် ကြိုပြီးတော့ လက်ထဲဇာတ်ညွှန်းရောက်တဲ့ အတွက် ကျွန်တော်ရိုက်ချင်တဲ့ လုပ်ချင်တဲ့ဟာတွေ ကြိုပြီးစဉ်းစားထားတယ်။နောက်ပြီးတော့ တကယ်ဇာတ်ကတဲ့ဟာတွေမှာလည်း တကယ့်ပရိသတ်နဲ့ ပရိသတ်ရဲ့ရှေ့မှာ အိချောပိုတို့၊ မြင့်မြတ်တို့ အမှန်အကန်တကယ်ကရမှာပေါ့ လေ။ နောက်ပြီးတော့ ဇာတ်ကားတွေနဲ့ ဇာတ်သဘင်လောကသားတွေ တကယ်သွားကြလာကြတဲ့ ဘဝအဖုံဖုံ အစုံစုံကိုလည်း ချပြမှာဖြစ်တဲ့အတွက် ဇာတ်ရုံဆောက်တာ၊ ဇာတ်ဝင်ခန်းထဲက ဇာတ်ရုံရဲ့ လိုကေးရှင်းလေးတွေ၊ အဲဒါ ကအစ ဇာတ်ရုံနောက်ပေါက်ဆိုရင် ကျွန်တော်လိုချင်တဲ့ နေရာမျိုးမရတဲ့ အတွက် နေရာတွေအများကြီး ရှာရတယ်။ ကလော၊ အောင်ပန်းဘက်လည်းရှာ။ တပ်ကုန်း ပျဉ်းမနား ပျော်ဘွယ်ရှာ၊ နောက်ဆုံးမှာ ကျွန်တော်ပျော်ဘွယ်နဲ့ သာစည်ကို ရွေးချယ်လိုက်တယ်။ နယ်တွေမှာ တကယ်ကပြရမှာပေါ့။ အားလုံး ကို သေသေချာချာလေး ပြင်ဆင်ပြီးရိုက်တယ်။ ဒီဇာတ်ကားပြီး ရင်တော့ ဂျင်းကောင် ရုပ်ရှင်ဇာက်ကားကို ထပ်မံရိုက်ကူးသွားမှာဖြစ်ကြောင်း ကိုလည်း ဒါရိုက်တာ ကိုပေါက်က”ဂျင်းကောင်ကို ၂ လပိုင်း ၂၅ မှာရိုက်ပါ့မယ်။ ဒါနဲ့ ပတ်သက်ပြီး ပရိသတ်ကိုပြောချင်တာက အများကြီးမမျှော်လင့်ထားပါနဲ့။ဘာလို့လဲဆိုတော့ အကောင်းဆုံးတော့ ကြိုးစားနေတယ်။ ပုံစံလေး မတူ အောင် မြင့်မြတ်ကိုနောက်ထပ် ဂျင်းကောင်တစ်ကောင် ထပ်လာမယ် ပေါ့နော်” လို့ပြောပြပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*