အခွေမထွက်ခင် ပရိသတ်တွေကို ရွှေထူးပေမယ့် လက်ဆောင်

အခွေမထွက်ခင် ပရိသတ်တွေကို ရွှေထူးပေမယ့် လက်ဆောင်
February 21, 2018 AsianFame MediaGroup
အခွေမထွက်ခင် ပရိသတ်တွေကို ရွှေထူးပေမယ့် လက်ဆောင်

အလင်းပြခေါ်ဆောင်သူ၊ အလင်းထဲကို ဝင်ရောက်သူလို့ အဓိပ္ပာယ်နဲ့ ပေးထားတဲ့ I (Illumination) ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီး Audio CD မထွက်ခင် ရွှေထူးက Oasix နဲ့သီဆိုထားတဲ့ ‘လူတွေ’ ဆိုတဲ့ သီချင်းကို Music Video ရိုက်ပြီး ပရိသတ်တွေကို Sharing လုပ်ခဲ့ပါတယ်။ လူတွေသီချင်းက ထူးဆန်းသလို ရိုက်ထားတာတွေကလည်း ထူးခြားလို့နေပါတယ်။

“Oasix နဲ့ ကျွန်တော်နဲ့ကျတော့ Y.zet နဲ့ ပေါင်းသလိုတောင် မတူဘူး။ သူနဲ့က စကားတွေအများကြီး မပြောဖြစ်ပေမယ့်လည်း ပြောဖြစ်လို့ရှိရင် အဓိပ္ပာယ်ရှိတဲ့ စကားတွေအများကြီး ပြောဖြစ်တယ်။ Y.zet နဲ့လည်း အဓိပ္ပာယ်ရှိတဲ့စကားတွေပြောဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်မပြောဖြစ်ဘူး။ အဓိပ္ပာယ်ရှိတာတွေပြောဖြစ်နေရင်းနဲ့ ကျွန်တော် သူ့ကိုပြောတာပေါ့နော်။ ငါ့မှာ Melody လေးတစ်ခုရှိတယ်။ ‘လူတွေလူတွေ သိပ်ကြောက်ဖို့ကောင်းပါလားပေါ့” အဲဒီ Melody လေးရှိတယ်။ အဲဒါ မင်းအခွေထဲ ထည့်လိုက်ဆိုပြီးတော့ သူ့ကိုပြော တာ။ အဲဒါနဲ့ သူ့ကို အကူအညီတောင်းပြီးတော့ ငါ့အခွေမထွက်ခင်လေးမှာ ဒါလေးကိုတော့ Share ချင်တယ်။ ပြီးတော့ အမ်တီဗီကိုလည်း ဗီဗီနဲ့ ပူးပေါင်း ပြီးတော့ အလှူလေး သွားလုပ်ကြရအောင်ဆိုပြီးတော့ ဘားအံအထိကို သူ ကိုယ်တိုင်လိုက်လာတာ။ အဓိကကတော့ လူတွေရဲ့ သွားလာမှု နေပုံ၊ ထိုင်ပုံ ပုံစံတွေ၊ ပန်းရောင်းနေတဲ့ကလေးတွေ၊ လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ကလေး တွေ၊ ပြီးတော့ မိဘမဲ့ကလေးတွေ အကုန်လုံးပေါ့နော်။ ကျွန်တော်ရိုက်ပြထား တယ်။ ပြီးတော့ ဘုရားတွေပါတယ်။ ဘားအံကို သွားတဲ့ လမ်း တစ်လျှောက်မှာတွေ့တဲ့ ဘုရားတိုင်းကို ဝင်တယ်။ Young Creator က ညီလေးတွေနဲ့ မနက် ၇ နာရီတည်းကထွက်ပြီး တော့ ရိုက်လိုက်တာ ဘားအံကို ည ၁ဝ နာရီမှ ရောက်တယ်” လို့ ရွှေထူးကပြောပါတယ်။

ရွှေထူးရဲ့‘I’ ဆိုတဲ့ ဒုတိယ တစ်ကိုယ်တော်အခွေ အကြောင်းကို ဆက်ရမယ်ဆိုရင် ၂၄ ရက်နေ့ ထွက် တော့မယ်။ နာမည်ကျော် အဆိုတော်၊ ကောင်မလေး တွေအသည်းစွဲဆိုတော့ အောင်မြင်ဦးမှာပါ။ သူ ကလည်း ကြိုးစားတာကိုး။

”ကျွန်တော်က အခုပရိုဂျူဆာနဲ့ထုတ်တာမဟုတ်ဘူး။ ကျွန်တော့် ပိုက်ဆံနဲ့ ကျွန်တော်ထုတ်တာဖြစ်တဲ့အတွက် ငွေရေးကြေးရေးကတော့ ဘာညာအနေအထား အခက်အခဲ ကတော့ ရှိတာပေါ့။ အဲဒီအတွက် မြို့တိုင်းမှာလုပ်ပေးချင်ပေ မယ့် အခက်အခဲကတော့ ရှိတယ်။ ကျွန်တော့်ကို နားလည်ပေးပါ။ ရန်ကုန်မှာကတော Myanmar Plaza Outdoor မှာ ၂၄ ရက်နေ့၊ ညနေ ၄ နာရီကနေ ၈ နာရီအထိလုပ်မယ်။ မန္တလေးမှာတော့ ၂၅ ရက်နေ့ Diamond Plaza မှာ ညနေ ၄ နာရီကနေ ၈ နာရီအထိ လုပ်မယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ Clothing Brand ဖြစ်တဲ့ BTTF ကိုလည်း Illumination ကို Collaboration လုပ်ထား တာလေးရှိတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ Package အစီ အစဉ်တွေလည်း ရှိပါတယ်။ ကျွန်တော်အများကြီး လုပ်ထားပါတယ်။ စီစဉ်ထားပါတယ်” လို့ ရွှေထူးက သူ့အခွေနဲ့ပတ်သက်ပြီးလည်း ပြောပြခဲ့ပါတယ်။ ရွှေထူးရဲ့ အခွေမှာတော့ ဖီးချားရင်း ဝင်ဆိုပေး ထားတဲ့ သူငယ်ချင်း Rapper တွေ၊ တီးပေးထားတဲ့သူတွေ၊ တေးရေး တွေကလည်း ရှယ်တွေမို့လို့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြမှာပါ။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*