မှင်စာ မှတ်တမ်း (၇)

မှင်စာ မှတ်တမ်း (၇)
February 20, 2018 AsianFame MediaGroup
မှင်စာ မှတ်တမ်း (၇)

မိမိထက် အဆပေါင်းများစွာ ကံကောင်းထောက်မ၍ ၃၁ ဘုံတွင် အဆင့်မြင့်သတ္တဝါဖြစ်နေသော လူ သားတို့၏လောကီ လူ့ဘုံအကြောင်း နေ့စဉ်ဖော်ပြနေသည့် မီဒီယာမျိုးစုံ ထဲမှ သတင်းများ၊ အတင်းများကို ကြည့်ရှုကာ ကျွန်ုပ်တို့၏ မှင်စာ စသည် သက်ပြင်းအကြိမ်ကြိမ်ချနေတတ်၊ ပင့်သက်အကြိမ်ကြိမ် ရှိုက်နေတတ် ပေ၏။

”အင်း လူဆိုတဲ့သတ္တဝါဟာ လှေနံနှစ်ဖက်နင်းတတ်တဲ့ မီးစတစ် ဖက်၊ ရေမှုတ်တစ်ဖက်၊ လူတစ်ကိုယ် စိတ်နှစ်မျိုး၊ ခေါင်းတစ်လုံးမှာ မျက် နှာနှစ်ခုနဲ့ သတ္တဝါ ထူးသတ္တဝါဆန်း ပါကလားနော်။ တည်ဆောက်သူက တည်ဆောက်ပြီး ဖျက်ဆီးသူက ဖျက် ဆီး၊ တချို့က အဖြောင့်သွားရင် တချို့က အကောက်သွားကြလေရဲ့။ တချို့က ဘုရားကျောင်းကန်မှာ ပျော်မွေ့ရင် တချို့ကတော့ ရဲစခန်းနဲ့ အကျဉ်းထောင်ကို မိတ်ဖွဲ့ကြလေရဲ့။

အထက်ပါအတွေးများက မှင်စာ၏ဦးနှောက်ထဲမှာ စီကာစဉ် ကာ ပေါ်ပေါက်လာရသည်မှာ လက် ကိုင်ဖုန်း အလစ်သမားများကို နေ့စဉ်လိုလို ပြစ်မှုကျူးလွန်၊ ပြန်ဖမ်း မိတော့ လက်ထိပ်တန်းလန်းနှင့် အချုပ်ခန်းထဲ တန်းစီဝင်နေကြသည် ကို မှင်စာတွေ့မြင်နေရသောကြောင့် ဖြစ်ပေ၏။

”ဘာကြောင့် ဒီမှုခင်းတွေ ဖြစ် ပွားရသလဲ”ဟု မေးခွန်းထုတ်ကာ မှင်စာသည် အဖြေရှာကြည့်ပြန်လေ သည်။

”ဇာစ်မြစ်ကိုတွေးရင်တော့ ဖုန်း တီထွင်သူတွေဟာ အလစ်သမားတွေ ကို မွေးဖွားပေးတဲ့ တရားခံတွေပဲ” ဟု မှင်စာက ထင်ရာမြင်ရာတွေး သည်။

မဟုတ်သေးဘူး၊ မဟုတ်ချေ သေးဘူး။ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြီးနဲ့ လိုက်လျောညီထွေဖြစ် အောင် လက်ကိုင်ဖုန်းတွေက ပေါ် လာတာ။ ဆက်သွယ်ရေးလွယ်ကူ တော့ စီးပွားရေး တိုးတက်လာမှာ မဟုတ်ပေဘူးလား။ ရှေးခတ်က အရောင်းအဝယ် တစ်ခုအထမြောက် ဖို့ လချီပြီးကြာခဲ့ပေမယ့် ခုခေတ် မှာတော့ မိနစ်ပိုင်းအတွင်း ရောင်း မှုဝယ်တာတစ်ခု အောင်မြင်သွားနိုင် တယ် မဟုတ်ပေဘူးလား။ အဲသဟာ မိုဘိုင်းဖုန်းရဲ့ အကျိုးကျေးဇူးပေပဲ” ဟု မှင်စာက ကောက်ချက်ဆွဲပြန်၏။ တစ်ဖန် ဆက်လက်၍ …၊

”ခုခေတ်မှာ ရွှေဆွဲကြိုးတစ်ကုံး ဆွဲနိုင်ဖို့ မလွယ်ဘူး။ မိုဘိုင်းဖုန်းတစ် လုံးကတော့ ဖုန်းတောင်းယာစကာ တောင် ပိုက်ဆံစုပြီး ဝယ်နိုင်သေး တယ်။ ဒီတော့ အရင်ခေတ်က ဆွဲ ကြိုးဖြတ်ပြေးတတ်တဲ့ ဒုစရိုက်ကောင် တွေက ဒီခေတ်မှာ ဖုန်းလုပြေးလာ တတ်ကြတယ်။ နမော်နမဲ့တွေ၊ ဟန် လုပ်ချင်တဲ့သူတွေ ဖုန်း အလုခံကြရ တာပဲ”ဟု တွေးမိတွေးရာ ဆက်တွေး ပြန်သည်။

ဘယ်လိုမဆို ‘စွမ်းသည့်လည်း မနေသာ’ဆိုဘိသကဲ့သို့ မှင်စာသည် ဒုစရိုက်သမားတွေကို ပညာပေးဆုံး မရမည်သာဖြစ်၏။ အင်း ဒီခေတ် ကြီးက မိုဘိုင်းဖုန်းကိုမှ အလစ်သုတ် တာမျိုးမဟုတ်။ ထီးတို့၊ ဖိနပ်တို့ကို လည်း လစ်ပြေးနေကြတာ မဟုတ် လား။ အခုတော့ ဖုန်းကလေးကိုင်ပြီး ဟန်ရေးပြချင်ကြတဲ့ ဟန်ငကြွား ကိုကို၊ မမတွေခမျာလည်း ကျီးလန့် စာစားနေကြပြီ။ သူတို့ပြဿနာကို ဖြေရှင်းပေးမှ သူတို့ရဲ့ နစ်နာမှုတွေ ကို ကာကွယ်ပေးမှ။ ဟေး …ဟေး။ မိုဘိုင်းဖုန်းတွေကို ကယ်တင်ဖို့ ငါလာပြီဟေ့။

မှင်စာသည် ဖုန်းအလစ်သမား စပယ်ရှစ်လစ်များ၏ လှုပ်ရှားမှုကို လေ့လာရန်၊ နိုင်ငံ့ဂုဏ်ဆောင် ရွှေမြို့ တော်ကြီးတစ်ခွင်မှာ ရှိန်းဆာယာ အတတ်ဖြင့် လှည့်လည်သည့်အခါ လှည့်လည်၏။ စုံထောက်ကဲ့သို့ အသွင်ယူကာ ထောက်လှမ်းသည့် အခါ ထောက်လှမ်း၏။

အင်း ငရို့မြန်မာပြည်သားများ ဟာ ပုဆိုးဝတ်ကြသူတွေပီပီ အသုံး အဆောင်ပစ္စည်း ပစ္စယတွေကို ပုဆိုး ခါးကြားထိုးထည့်တဲ့အကျင့်တယ်စွဲ ကြသကိုး။ စာအုပ်စာစောင်ကိုလည်း ပုဆိုးခါးကြားထိုးလားထိုးရဲ့။ ဝက်အူ လှည့်တို့၊ ပလာယာစတဲ့ လက်နက် ကိရိယာတွေကိုလည်း ပုဆိုးခါးကြား ထိုးလာထိုးရဲ့။ (အို) ဝီစကီပုလင်းပြား Flask ကလေးကိုလည်း ခါးကြားထိုး တာပဲ။ (ဟော)အခုတော့ မိုဘိုင်းဖုန်း ကလေးကိုလည်း ခါးကြားထိုးပြန်ပြီ။ ဘယ်လိုဓလေ့ပါလိမ့်နော်။

မှင်စာသည် မြင်မြင်သမျှ သင်္ခါ ရဟု နှလုံးသွင်းသည့်နည်းတူ ဖုန်း အကိုင်မတတ်သေးသူများကိုကြည့် ရင်း မြင်မြင်သမျှ ဒေါမနဿ ဖြစ်နေ ရပေတော့သည်။

”လုပ်ကြပါဦးဗျို့ လုပ်ကြပါဦး။ ကျွန်တော့်ဖုန်းကို လုပြေးသွားတယ်။ ဟိုအင်္ကျီအနီနဲ့ ကောင်လေးကို ဝိုင်း ဖမ်းကြပါ”

ပေစုတ်စုတ် လူရွယ်တစ် ယောက်က အာခေါင်ခြစ်၍ အော်နေ သည်။ သူကတော့ ပြေးမလိုက်ဘဲ ရပ်နေသည်။

”ဥစ္စာရင်လို ဥစ္စာရင်ခဲတဲ့ကွ။ မင်းကဖုန်းအလုခံရတာတောင် နောက်က ပြေးမလိုက်ဘဲ ရပ်နေရသ လား င့ါတူကြီးရဲ့”

မြို့ကြီးသားအဘိုးကြီး တစ် ယောက်ကဲ့သို့ အသွင်ယူထားသည့် မှင်စာက ပေစုတ်စုတ်လူရွယ်ကို အပြစ်တင်လိုက်သည်။

ပေစုတ်စုတ်လူငယ်ရွယ်က မျက်စိပေကလပ်ဖြင့် အဘိုးကြီး အသွင်ယူထားသော မှင်စာကို ပြုံး စပ်စပ်ကြည့်သည်။

”အဲသည်အလစ်သမား ကံမ ကောင်းဘူးအဘ”

”ဘာပြုလို့ ကံမကောင်းတာတုံး’

”ဒီကောင်လစ်ပြေးတဲ့ ဖုန်းက ဖုန်းမှမဟုတ်တာ။ ကျွန်တော်က ဖုန်း ခါးကြားမထိုးရရင် မနေတတ်လို့ ဟန်းဆက်အဟောင်းကြီးကို နည်း နည်းပါးပါးရှိုင်းပြီး ခါးကြားထိုးထား တာ။ ဟဲ ဟဲ လစ်ပြေးတဲ့ကောင် ကံဆိုးရင်တော့ အဖမ်းခံရပြီး အချုပ် ထဲရောက်မှာ။ လွတ်သွားပြန်ရင် လည်း ပြန်ရောင်းစားလို့မရဘူး။ ဒါကြောင့် ဒီကောင်ကံမကောင်းဘူး လို့ ပြောတာ အဘရဲ့ ဟဲဟဲ”

”မင်းတို့ရန်ကုန်သားများ ကြံ ကြံဖန်ဖန် အကြွားပိုသကွယ်”ဟု ပြောကာ မှင်စာသည် ရုတ်ရုတ်သဲသဲ ဖြစ်နေသော လူအုပ်ကြားမှ ထွက်ခဲ့ လေ၏။

”အင်း သူခိုးရှိရင် သူခိုးအားပေး တဲ့ ခိုးရာပါပစ္စည်းလက်ခံတဲ့ ကြံရာ ပါ ဒုစရိုက်ကောင်လည်းရှိရမယ်” ဟု တွေးမိကာ မှင်စာသည် ခိုးရာပါ၊ လုရာ ပါ၊ လစ်ရာပါ မိုဘိုင်းဖုန်းများထုခွဲ

ရောင်းချပေးသူများကို ထူးကဲစွမ်း အင်အာရုံအမြင်ဖြင့် ရှာဖွေသည်။

ဟောတွေ့ပြီ တွေ့ပြီ။ ရန်ကုန် အရှေ့ပိုင်းတစ်နေရာက Wizard လို့ ဆိုင်းဘုတ်ကလေးချိတ်ထားတဲ့ ဖုန်း လည်းပြင်၊ ဖုန်းအဟောင်းလည်း ရောင်းဝယ်တဲ့ဆိုင်။ ဆိုင်ရှင်က ဆန်နီဆိုတဲ့ လူရှုပ်လူပွေ ခါးပိုက် နှိုက်ဟောင်း။ အခုတော့ အသက်ကြီး လာလို့ ကိုယ်တိုင်မနှိုက်တော့ဘဲ နှိုက်ရာပါအားပေးလုပ်နေတဲ့ကောင်။

ထိုညက ဆန်နီအိပ်မောကျနေ စဉ် ရုတ်တရက် အသက်ရှူကျပ်ကာ လန့်နိုးသွား၏။ အသက်ရှူကျပ်ရခြင်း မှာ သူ့လည်ပင်းကို အေးစက်သော လက်ဆယ်ချောင်းက သံပြုတ်တူကြီး ပမာ ရက်ရက်စက်စက် ညှစ်ထား သော ကြောင့်ဖြစ်သည်။ ဆန်နီသည် လည်ပင်းအစ်နေသဖြင့် မအော်နိုင်။ မြင်လည်းမမြင်ရ။ လက်ဖြင့်စမ်း၍ လည်း မရသော ရန်သူကြောင့် အကြောက်လွန်ကာ ခြေတွေလက် တွေလည်း မလှုပ်နိုင်။

”ဟိတ်ကောင်ဆန်နီ၊ ခိုးရာပါ လစ်ရာပါ ဖုန်းတွေကို မင်းလက်ခံထု ခွဲပြီး ဒုစရိုက်အားပေး လုပ်နေတဲ့ အလုပ်ကို ရပ်တန်းကရပ်တော့။ မင်း တို့ဒုစရိုက်အသိုင်းအဝိုင်းကိုလည်း သတိပေးလိုက်။ ဖုန်းတစ်လုံး အခိုးခံ ရရင် အလစ်သုတ်ခံရရင်မင်းတို့ သူခိုး လက်ခံ ဒုစရိုက်သမားတစ်ယောက် ကို ငါလာသတ်မယ်။ ကြားလား ဟေ့ကောင်”

”ဟုတ်၊ ဟုတ်ကဲ့ပါ”

”ငါကပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တယ်။ အခုမင်းကို စတိ လည်ပင်းညှစ်ထားခဲ့မယ်”

”အား မလုပ်ပါနဲ့ဆရာ ကြောက်၊ ကြောက်ပါပြီ”

”အေး မင်းကြောက်သွားပြီဆို တာ ငါယုံတယ်။ ဘာလို့လဲဆိုရင် မင်းအကြောက်လွန်ပြီး ကြောက်သေး တွေ ပါချတော့ အခု သေးစော်နံလာ လို့ပဲ ထွီ”

နောက်ရက်များတွင် ရွှေမြို့ တော်ကြီး၌ ဖုန်းလုသော အမှုအခင်း များ သိသိသာသာ ကျဆင်းကြောင်း တွေ့ရှိရသဖြင့် မှင်စာသည် ဝမ်း မြောက်ဝမ်းသာ ပီတိဖြာမိလေသည် တကား။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*