လူလိမ်ဖြစ်ဦးမယ့် ဇေယျ

လူလိမ်ဖြစ်ဦးမယ့် ဇေယျ
February 13, 2018 AsianFame MediaGroup
လူလိမ်ဖြစ်ဦးမယ့် ဇေယျ

ဒါရိုက်တာချိုဝတ်ရည် ရိုက်ကူးတဲ့ ‘ရွှေမင်းသမီးနှင့် လူလိမ်’ ဇာတ်လမ်း တွဲမှာတော့ ဇေယျက လူလိမ်ကာရိုက်တာတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ သူ့ရဲ့ပထမဦးဆုံးပြန်ရိုက်တဲ့ ကားလေးဖြစ်တဲ့ အတွက် ကြိုတင်ပြင်ဆင်မှု အပိုင်းတွေနဲ့ ပတ်သက်ပြီးလည်း ဇေယျက-

”ဒီဇာတ်ကားမှာ ကျွန်တော်က လူလိမ်တစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။ လူလိမ် ကာရိုက်တာဆိုတာကလည်း လူလိမ်ပုံစံမပေါက်ရဘူး။ လူကောင်းပုံစံပေါက်ရမယ်။ လူကောင်းပုံစံပေါက်မှ အားလုံးက သူ့ကို ယုံကြည်ပြီးနေမှာလေ။ အခက်အခဲကတော့ ထွေထွေထူးထူးကြီးတော့ မရှိပါဘူး။ ကြိုတင်ပြင်ဆင်မှုအပိုင်းအနေနဲ့ ကျွန်တော့် အဝတ်အစား ကတော့ ကျွန်တော် ဝတ်နေကျပုံစံလေးတွေပဲ ဝတ်လိုက်တယ်။ ဒီကား ရိုက်ကူးချိန်ကလည်း တစ်လခွဲလောက်ကြာတယ်ဆိုတော့ ကိုယ့်မိသားစုတွေလိုဖြစ်သွားပြီ” လို့ ပြောပါတယ်။

လက်ရှိမှာ တစ်ယောက်တည်းလို့ ဖွင့်ဟလာတဲ့ ဇေယျကတော့ ဘယ်အသက်အရွယ်မှာ အိမ်ထောင်ပြုမလဲဆိုတာတော့ သတ်မှတ်မထား ကြောင်းပြောလာပါတယ်။ဇေယျရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း-

”အခုချိန်မှာ ကျွန်တော် အလုပ်တွေပဲ ကြိုးစားနေပါတယ်။ ဘယ်အသက်အရွယ်မှာ အိမ်ထောင်ပြုမလဲဆိုတာက အဲဒီလိုတော့ သတ်မှတ်မထားဘူး။ ကျွန်တော့်မိဘတွေလည်း အဲဒီလိုပြောမထားဘူး၊ ဖူးစာပါလာတဲ့ တစ်နေ့တော့ယူမှာပေါ့၊ ဘယ်လိုရွေးချယ်မလဲဆိုတာ လည်းမရှိဘူး၊ ဖူးစာဆိုတာက ဘာမှကြိုပြောလို့မှမရတာ။ ဒီလူတစ် ယောက်ကို အရည်အချင်းရှိမှ ရွေးချယ်မယ်ဆိုရင် အဲဒါအချစ်မှ မဟုတ် တာ၊ အခုအချိန်မှာ အချစ်ရေးထက် အလုပ်ကိုပဲ ပိုဦးစားပေးနေတယ်” လို့ပြောပါတယ်။

တွယ်တာ

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*