ပရိသတ်တွေနဲ့ အမှတ်တရ အစီအစဉ်လေးတွေ ပြုလုပ်ချင်တဲ့ အောင်ထက်

ပရိသတ်တွေနဲ့ အမှတ်တရ အစီအစဉ်လေးတွေ ပြုလုပ်ချင်တဲ့ အောင်ထက်
February 6, 2018 Leanne Win
ပရိသတ်တွေနဲ့ အမှတ်တရ အစီအစဉ်လေးတွေ ပြုလုပ်ချင်တဲ့ အောင်ထက်

 

အောင်ထက်ရဲ့လက်ရှိမှာ ထွက်ထားတဲ့ တစ်ကိုယ်တော် အခွေက အရောင်းရဆုံးအခွေတွေထဲမှာ ပါဝင်နေပါတယ်။ အောင် ထက်အနေနဲ့ကလည်း ဒီအခွေကို သူအရင်ထွက်ခဲ့တဲ့ အခွေတွေထက် ပိုပြီးတော့ ကြိုးစားထားပြီး အခုလို ပရိ သတ်တွေ အားပေးကြတဲ့အတွက်လည်း သူ့အနေနဲ့ တအားကျေနပ် ရ ပါကြောင်းပြောပါတယ်။ အခွေထဲ မှာ ပရိသတ်တွေကြိုက်လိမ့်မယ်လို့ သူထင်မှတ်ထားတဲ့ သီချင်းတွေက အခွေထွက်ပြီးတဲ့အခါ ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့လားလို့ မေးတော့…

“ထပ်တူကျပါတယ်။ ခက်တာက မျှော်မှန်းပြီး လုပ်တာ ဆိုတာထက် ကိုယ်ကြိုးစားပြီး ပုံဖော်လိုက်တဲ့ ဒီသီချင်းတစ်ပုဒ်က ဒါကဘယ်သူ့ဆီ သွားပါစေ ဒါက ဘယ်သူတွေအတွက် ဆိုပြီး ရည်ရွယ်ပြီးလုပ်တာတော့ မဟုတ်ဘူး။ ခံစားမှုတစ်ခုအပေါ်မှာ အနုပညာတစ်ခုကို ပုံဖော်လိုက်တာပါပဲ။ သီချင်းအဖြစ်ပုံဖော်ပြီးတော့ တင်ပြတဲ့အရာတစ်ခုပါပဲ။ ခံစားမှုနဲ့ ထပ်တူကျတဲ့သူ တွေကတော့ ယူပြီးတော့သူတို့ခံစားမှာပါ။ သီချင်း တစ်ပုဒ် ကတော့ လူတိုင်းနဲ့ ထပ်တူတော့ ကျချင်မှကျလိမ့်မယ်။ ဘာကြောင့် လဲဆိုတော့ ကိုယ်ကိုယ်တိုင်က ကိုယ့်စိတ်ကူးထဲမှာ ရှိတဲ့အတိုင်း လုပ်ထားတာဖြစ်တဲ့ အတွက်ကြောင့်ခံစားမှုတူရင်တော့သူတို့ယူပြီး တော့ခံစားမှာပါပဲ။ ကျွန်တော့်အနေနဲ့ သပ်သပ်ကြီး ရည်ရွယ်ပြီး လုပ်တာကတော့မရှိပါဘူး” လို့ အောင်ထက်က ပြောပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိ ထားတဲ့ အဆိုတော်တစ် ယောက်ဖြစ်တဲ့ သူက သူ့ပရိသတ်တွေကိုလည်း လေးစား တန်ဖိုးထားသူတစ်ဦးပါ။

သူ့ပရိသတ်တွေနဲ့ကတော့ ပွဲတွေမှာလည်း အမြဲတမ်းတွေ့ဖြစ်ပြီး  သူ့မွေး နေ့တွေမှာလည်း ပရိသတ် တွေနဲ့အတူ ဖြတ်သန်းတာတွေ ရှိတယ်လို့ သိရ ပါတယ်။ ပရိသတ် တွေနဲ့အတူ သူလုပ်ချင်တဲ့အမှတ်တရအစီအစဉ်တစ်ခုကိုလည်း သူက အခုလိုပြောပြလာတာက…

သူ့ပရိသတ်တွေနဲ့ကတော့ ပွဲတွေမှာလည်း အမြဲတမ်းတွေ့ဖြစ်ပြီး  သူ့မွေး နေ့တွေမှာလည်း ပရိသတ် တွေနဲ့အတူ ဖြတ်သန်းတာတွေ ရှိတယ်လို့ သိရ ပါတယ်။ ပရိသတ် တွေနဲ့အတူ သူလုပ်ချင်တဲ့အမှတ်တရအစီအစဉ်တစ်ခုကိုလည်း သူက အခုလိုပြောပြလာတာက…

“သီချင်းတွေမှာတော့ ပေါ့ပေါ့ လေးနဲ့သူတို့နဲ့အတူတူMTV လေး ဘာ လေးရိုက်ကူးချင်တာမျိုး၊ ဒါမှမဟုတ် သီချင်းဆိုတဲ့ပွဲတွေမှာ လည်း Album ယူထားပြီးတော့ ကျွန်တော့်ရဲ့သီချင်းMTVမှာ သူတို့ တွေကိုပါရောထည့်တာ မျိုးလေးတွေပေါ့။ ဒါကတော့အမှတ်တရအနေနဲ့ ဘဝမှာတော့ အများကြီးလုပ် ဖို့ အစီအစဉ်ရှိပါတယ်။ ပြီးတော့ကျွန်တော့်ရဲ့ ‘နှစ်’ Album ကလည်း MTV ပဲထွက်သေးတာဆိုတော့MTV မှာတော့ သူတို့လည်း ပါကောင်းပါမှာပေါ့”လို့ အောင်ထက်က ပြောပါတယ်။

အောင်ထက်က ဖေဖော်ဝါရီလ ၂ရက်နေ့၊ သုဝဏ္ဏဘူမိ Event Part မှာ ပြုလုပ်ခဲ့တဲ့ 7Wave ဖျော်ဖြေပွဲမှာလည်း ပါဝင်သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကတော့ အဆိုပြိုင်ပွဲများမှာ အောင်မြင်ခဲ့ကြတဲ့ အဆိုတော် ၇ယောက်ရဲ့ ဖျော်ဖြေပွဲပဲဖြစ်ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*