ချစ်ခြင်းမေတ္တာတွေနဲ့ ဘဝတစ်ခုကို တည်ဆောက်ကြမယ့် စန္ဒီမြင့်လွင် တို့ ချစ်သူနှစ်ဦး

ချစ်ခြင်းမေတ္တာတွေနဲ့ ဘဝတစ်ခုကို တည်ဆောက်ကြမယ့် စန္ဒီမြင့်လွင် တို့ ချစ်သူနှစ်ဦး
February 6, 2018 Leanne Win
ချစ်ခြင်းမေတ္တာတွေနဲ့ ဘဝတစ်ခုကို တည်ဆောက်ကြမယ့် စန္ဒီမြင့်လွင် တို့ ချစ်သူနှစ်ဦး

စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့ ချစ်သူနှစ်ဦးက လွန်ခဲ့တဲ့ တစ်နှစ် ခွဲက စတင်တွေ့ရှိခဲ့ကြတာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ချစ်သူတွေ ဖြစ်သွားကြတယ်လို့ သိရပါတယ်။ စန္ဒီမြင့်လွင်ကို စတွေ့တဲ့အချိန်မှာ သူ့ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို မေးကြည့်တော့ ကိုသီဟလွင်က…

“စစတွေ့ချင်းတုန်းက တအား ရင်းနှီးတယ်လို့ ခံစားရတယ်။ သူနဲ့ အပြင်သွားရင် စလိုက်နောက်လိုက်နဲ့ သူငယ်ချင်းလိုပဲ။ သူ့ကိုအမြဲ တမ်း နောက်နေတော့ ပိုရင်းနှီးတယ်။ အ သက်ကလည်း သိပ်မကွာတော့ တစ် ယောက်နဲ့ တစ်ယောက်ပွင့်ပွင့် လင်း လင်းနဲ့လည်း တိုင်ပင်ဖြစ်တယ်” လို့ ဆိုပါတယ်။ စတွေ့ပြီးလို့ သိပ်မကြာ မီမှာပဲ ကိုသီဟလွင်က ချစ်ခွင့်ပန်ခဲ့ တာဖြစ်ပြီး တအားကြီး မူနေတာမျိုး တွေလည်း မရှိခဲ့ဘူးလို့ စန္ဒီမြင့်လွင်က ပွင့်လင်းစွာပြောပြ ခဲ့ပါတယ်။ ဘဝ လက်တွဲဖော်အဖြစ် ရွေးချယ်လိုက် ရတဲ့ အကြောင်းရင်းကိုတော့ စန္ဒီမြင့် လွင်က …

“အဓိကက သူက ယောက်ျား လည်းပီသတယ်။ သူနဲ့ ဆိုရင် ဒီးဒီက ကလေးလိုဖြစ်နေတယ်။ သူ့ကိုအား ကိုးလို့ရတယ်။ အစစအရာရာလည်း သူက အမြဲတမ်းဂရုစိုက်တယ်။ ဒီးဒီ အပေါ်မှာလည်း သူကတာဝန်ယူချင် စိတ်အပြည့်ရှိတယ်။ တာဝန်ယူနိုင်တဲ့ ယောက်ျားတစ်ယောက်ပေါ့။ သူ့ကို အားကိုးတာလည်းပါတယ်” လို့ စန္ဒီ မြင့်လွင်က ပြောပါတယ်။ ဆက် လက်ပြီး ကိုသီဟလွင်ကလည်း စန္ဒီ မြင့်လွင်ကို သဘောကျရတဲ့ အချက် နဲ့ပတ်သက်ပြီး…

“သူနဲ့စတွေ့ကတည်းကသူစိမ်း လိုမခံစားရဘူး။ တအားရင်းနှီးပြီးပွင့် ပွင့်လင်းလင်းပြောစရာရှိတာပြော တယ်။ သူလည်း နားလည်တယ်။ ကျွန်တော်လုပ်တဲ့အလုပ်နဲ့ သူလည်း မဆိုင်ဘူးဆိုပေမယ့် ဒါပေမဲ့ တစ် ယောက်နဲ့ တစ်ယောက် နားလည် တယ်ဆိုတော့ အဆင်ပြေပါ တယ်” လို့ နားလည်မှုရှိတဲ့အတွက် အဆင် ပြေကြောင်းပြောပြပါတယ်။ ချစ်သူ ကိုသီဟလွင်က နားလည်မှု အပြည့်ရှိပြီးချုပ်ချယ်တာမျိုးလည်း မရှိဘူးလို့ ဆိုတဲ့စန္ဒီမြင့်လွင်က…

“ဒီးဒီတို့ နှစ်ယောက်ကြိုက်ပြီး သိပ်မကြာဘူး။ သူကသူ့အလုပ်အ တွက်ဆိုပြီး ခရီးတွေထွက်ရတယ်။ သူတစ်လကို တစ်ပတ်နှစ်ပတ် လောက် ရန်ကုန်ပြန်လာလိုက်၊ ပြန်သွားလိုက်ပေါ့။ ရည်းစားဖြစ်ပြီး ၃လ ၄လလောက်ကတည်းက သူက ခရီးထွက်သွားတာ။ သူက မန္တလေးတို့ ပုဂံတို့ဘက်မှာ ရှိတတ်တယ်။ ဒီးဒီ နယ်ရှိုးသွားဆိုရင် အဲဒီနေရာတွေ ဘက်ရောက်ရင်တွေ့ဖြစ်တယ်။ ရန် ကုန်မှာ အတူတူ ရှိနေတဲ့အချိန်တွေဆို အတူတူသွားကြလာကြတာများ တယ်။ ဒီးဒီသီချင်းဆိုတဲ့ နောက်ဆို လည်း လိုက်ပေးတယ်။ ဒီးဒီကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်မအားတာများ တယ်။ ပြီးရင်သူက ဒီးဒီဘာလုပ်လုပ် အနုပညာ အလုပ်တွေ ဆက်လုပ် မယ်ဆိုလည်း အနောက်ကနေ သူ တတ်နိုင်သလောက် ပံ့ပိုးပေးသွား မယ်ပေါ့။ အပျိုဘဝမှာနေသလိုပဲနေ၊ သူဘာမှမချုပ်ချယ်ပါဘူး။ ဒီးဒီက အဲဒါကိုလည်း သဘောကျတယ်” လို့ ပြောပါတယ်။ ကိုသီဟလွင်က နိုင်ငံ ခြားမှာ နေထိုင်တာများသူဖြစ်ပြီး အနုပညာရှင်တစ်ယောက်ဖြစ်လို့ ချစ်ခဲ့တာမျိုးတော့ မဟုတ်ဘူးလို့ ဆို ပါတယ်။

“ကျွန်တော်က နိုင်ငံခြားမှာ အနေများတယ်။ ဒီကိုပြန်လာမှသူနဲ့ တွေ့တာပါ။ သူ့အလုပ်ကြောင့် သူ ဆိုတဲ့သီချင်းကြောင့် အဲဒီလိုမျိုး မဟုတ်ဘူး။ သူ့ရဲ့အပြင်က per-sonality ကြောင့်ပါ။ ရုပ်ရှင်လောက နဲ့ မဆိုင်ပါဘူး”လို့ ဆိုပါတယ်။ ဒါကို ဘေးက စန္ဒီမြင့်လွင်က …

“သူက ဒီးဒီရဲ့ရုပ်ရှင်တွေ သီချင်းတွေကို တောင် သေချာနားထောင်ဖူးတာ မဟုတ်ဘူး” လို့လည်း ဖြည့်စွက်ပြော ခဲ့ပါတယ်။ ကိုသီဟလွင်နဲ့ စန္ဒီမြင့် လွင်တို့ရဲ့ မင်္ဂလာပွဲများကို မတ်လ ထဲမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*