ကိုယ့်အတွက် မလုပ်ဖူးတဲ့ ကာရိုက်တာပဲ ရိုက်ကူးချင်တယ် ဝတ်မှုံရွှေရည်

ကိုယ့်အတွက် မလုပ်ဖူးတဲ့ ကာရိုက်တာပဲ ရိုက်ကူးချင်တယ် ဝတ်မှုံရွှေရည်
February 6, 2018 Leanne Win
ကိုယ့်အတွက် မလုပ်ဖူးတဲ့ ကာရိုက်တာပဲ ရိုက်ကူးချင်တယ် ဝတ်မှုံရွှေရည်

ဖေဖော်ဝါရီလမှာ ရုံတင်ပြသတော့မယ့် ‘အနမ်းဝိုင်’ ရုပ်ရှင် ဇာတ်ကား ကြီးမှာ အောင်ရဲလင်းနဲ့အတူ ဝတ်မှုံရွှေရည်လည်း ပါဝင်သရုပ်ဆောင် ထားတာ တွေ့ရပါတယ်။ ဒီဇာတ်ကားကြီးကတော့ လူငယ်တွေ အကြိုက်ဖြစ်မယ့် ရိုမန့်အချစ်ဇာတ်လမ်းလေးလည်း ဖြစ်ပြီး ၊ ဇာတ် ကားရိုက်ကူးခဲ့စဉ်ကလည်း အလွန်ပင်ပန်းခဲ့ရပြီး အခုပြန်လည် ကြည့်ရှုတဲ့အခါမှာတော့ အမောပြေခဲ့ရ ကြောင်း ဝတ်မှုံရွှေရည်က ပြောပါတယ်။

“ကိုအောင်မြတ်နဲ့က ကြော်ငြာတွေမှာကတည်းက အတူတွဲ ရိုက်ကူးခဲ့တာဆိုတော့ သူ့ကိုအစကတည်းက ယုံကြည်တယ်။ ယုံကြည်လို့လည်း ဒီဇာတ်ကားကိုလက်ခံဖြစ်တာ။ သူနဲ့ ရိုက်ကူးရင် အသစ်ဖြစ်မယ်၊ ထူးခြားမှုတွေရှိမယ်လို့ ယုံကြည်လို့ ရိုက်ဖြစ်သွားတာ ပါ။ ဒီဇာတ်ကား ရိုက်ကူးခဲ့တာက တောင်ကြီးဘက် တစ်ကြောလုံးမှာ သွားရိုက်ခဲ့တာဆိုတော့ ရုပ်ရှင်ထဲမှာ ရိုက်ထားတဲ့နေရာ အကုန်လုံးက လှတယ်။ တအားလည်း ပင်ပန်းခဲ့တယ်၊ တစ်နေရာနဲ့ တစ်နေရာ ဆိုလည်း ၄၊ ၅နာရီလောက် ခရီးသွားရတယ်။ မနားရဘူး၊ တအားကို ပင်ပန်းခဲ့ရတဲ့ဇာတ်ကား လေးပါ၊ ကစ်တို့ သွားရောက်ရိုက်ကူးတဲ့အချိန် က နိုဝင်ဘာလဆိုတော့ တော်တော်ကို အေး တာ။

တအားပင်ပန်းခဲ့ပေမယ့် အခုပြန်ကြည့် လိုက်တဲ့ အခါမှာတော့ အမောပြေတာပေါ့” လို့ သူကပြောပါတယ်။ ဒီဇာတ်ကားက အချစ်ရိုမန့် တစ် ကားလေးလည်းဖြစ်တဲ့အတွက် ဇာတ်ဝင် ခန်းတချို့ကိုလည်း ပိုပြီးအသက်ဝင် သွားအောင် ရိုက်ကူးခဲ့ရကြောင်း ဝတ်မှုံရွှေရည်က ပြောပါတယ်။ “ဒါက ဒါရိုက်တာနဲ့ အကုန်လုံး တောင်းဆိုမှုကြောင့်ပါ၊ ဒါရိုက်တာက ပြောပါတယ်၊ ဒီဇာတ်ကားလေးက ရိုမန့်တစ်ဇာတ်ကားလေးလည်း ဖြစ် တော့ အသက်ဝင်သွားအောင် လုပ် ပေးပါဆိုလို့ပါ၊ ဒီလိုမျိုးရိုက်ကူး တာ က ပထမဦးဆုံးရိုက်ကူးဖြစ်တာ၊ အဲဒီအခန်းကို ရီဟာဇယ်မလုပ် ပါဘူး၊ တစ်ခါတည်းတန်းရိုက်ခဲ့ တာ၊ အခုပြန် ကြည့်ရှုတဲ့အခါမှာ တော့ရှက်တယ်”လို့ ပြောပါတယ်။  ဇာတ်ကားတိုင်းကို  ကာ ရိုက်တာမျိုးစုံနဲ့ ပီပြင်အောင် ရိုက်ကူးခဲ့တဲ့ ဝတ်မှုံရွှေရည်က ဒီ၂ဝ၁၈ခုနှစ်ထဲ မှာတော့ ဇာတ်လမ်းရွေးချယ်မှု ကတော့ အပြောင်း အလဲတော့ မရှိသေး ကြောင်း ဝတ်မှုံရွှေ ရည်က ပြောပါတယ်။

“ဒီနှစ်ထဲမှာ ဇာတ် လမ်းရွေးချယ်မှုကတော့ အပြောင်းအလဲတော့မရှိပါ ဘူး။ ဒါပေမဲ့လည်း ကစ်ရိုက် ကူးခဲ့တဲ့ဇာတ်ကားတွေကလည်း များနေတော့ ကိုယ့်အတွက် မလုပ်ဖူးတဲ့ ကာရိုက်တာပဲ ရိုက်ကူးချင်တယ်။ အဲဒီ အတွက် ရွေးပြီးတော့ ရိုက်ကူးရတာပဲ။ ဒါပေမဲ့ တစ်ခါတလေ အကြောင်းကြောင်း ကြောင့် ကိုယ်တွေ သဘောမကျဘဲ ရိုက် ဖြစ်သွားတာလည်းရှိတယ်၊ ကစ်အတတ် နိုင်ဆုံးတော့ ကိုယ်ရိုက်တဲ့ဇာတ်ကား တိုင်းကိုပရိသတ်တွေကြိုက်မယ်၊ပရိသတ် တွေကြည့်ရကျိုးနပ်အောင် ဇာတ်ကားတွေ ကြိုးစား ပြီးတော့ ရိုက်ကူးဖြစ်နေပါ တယ်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*