ဗုဒ္ဓဘာသာဝင်များ ပိုမိုစည်းလုံးချစ်ကြည်ရေးခိုင်မြဲစေရန် သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဗုဒ္ဓဘာသာဝင်များ ပိုမိုစည်းလုံးချစ်ကြည်ရေးခိုင်မြဲစေရန် သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
January 31, 2018 AsianFame MediaGroup
ဗုဒ္ဓဘာသာဝင်များ ပိုမိုစည်းလုံးချစ်ကြည်ရေးခိုင်မြဲစေရန် သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်းဒေး ရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မန္တလေးမြို့ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းတွင် ဇန်နဝါရီ ၂၁ ရက် နံနက် ၆ နာရီကကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာအရှင်ကုမာ ရာဘိဝံသဦးဆောင်သော မြန်မာ၊ ထိုင်း၊ ဗီယမ်နမ်၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံ တို့မှ သံဃာတော်အပါး၂ဝဝဝဝ အပါး ကြွရောက်တော်မူပြီး၊ ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာ အောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံမှအလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

မန္တလေးတိုင်းဒေသကြီး အစိုးအရအဖွဲ့၊ ထိုင်းနိုင်ငံ ဓမ္မကာယဖောင်းဒေး ရှင်းနှင့် မြန်မာ-ထိုင်း အလှူရှင်ပြည်သူများက သံဃာတစ်ပါးကို ၃ဝဝဝဝ ကျပ်နှင့် ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများကိုလောင်းလှူကြပြီး သံဃာအပါး၂ဝဝဝဝ စုပေါင်းရွတ်ဖတ်ချီးမြှင့်တဲ့ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူကြသည်။

”သာသနာမှာ ကျွန်တော်တို့ပြည်သူလူထုက အားပေးချီးမြှင့်တယ်ဆို တတ်တဲ့ ပုံရိပ်လည်းရှိပါတယ်။ ဒုတိယပုံရိပ်က ပြည်သူနဲ့ အစိုးရလက်တွဲ လုပ် ဆောင်တတ်တယ်ဆိုတာပြတာပါ။ တတိယပုံရိပ်က မန္တလေးရှိပြည်သူတွေက ညီညီညွတ်ညွတ်နဲ့မန္တလေးရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့တယ်ဆိုတဲ့ ပုံရိပ်ဖြစ်ပါတယ်။ ဒါဟာ မန္တလေးတိုင်းဒေသကြီးအတွက် ဂုဏ်ယူရတဲ့ပွဲပါ။ အစိုးရဂုဏ်ယူဖို့မဟုတ် ပါဘူး။ ကျွန်တော်တို့ မန္တလေးတိုင်းမှာ ပြည်သူတွေ ဂုဏ်ယူစေချင်တဲ့ပွဲပါ။ ဒီလိုပွဲမျိုးတွေမှာအစိုးရရဲ့ကောင်းတဲ့လုပ်ရပ်တွေမှာ ပြည်သူကအမြဲထောက် ခံနေမယ်ဆိုတာ ပြယုဂ်တစ်ခုဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်ဒေါက်တာဇော်မြင့်မောင်က သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်း ပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

သတင်း၊

ဓာတ်ပုံ-ချမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*