ပန်းချီဆရာတစ်ဦးဖြစ်ချင်တဲ့ အဂ္ဂါမိုးဝင်း

ပန်းချီဆရာတစ်ဦးဖြစ်ချင်တဲ့ အဂ္ဂါမိုးဝင်း
January 30, 2018 AsianFame MediaGroup
ပန်းချီဆရာတစ်ဦးဖြစ်ချင်တဲ့ အဂ္ဂါမိုးဝင်း

စံပြသဘင်ကအဂ္ဂါမိုးဝင်းက သူ့ရဲ့အားလပ်ချိန်တွေမှာတော့ ပန်းချီရေးဆွဲ ခြင်းနဲ့သီချင်းတွေနားထောင်ပြီး ဘယ်လိုပြန်တင်ဆက်ရမလဲဆိုတာ စဉ်စားဖြစ် တယ်လို့ သိရပါတယ်။ သူရေးဆွဲထားတဲ့ပန်းချီကားတွေကိုတော့ နောက်ပိုင်းမှာ ပြပွဲအနေနဲ့ပြသဖို့လည်း စိတ်ကူးရှိတယ်လို့ ပြောပြပါတယ်။

”ကျွန်တော့်အစ်ကိုဆိုရင်လည်း ဓါတ်ပုံရိုက်တာဝါသနာပါတယ်။ သူ့ ဓါတ်ပုံတွေကိုလည်း ပြပွဲအနေနဲ့ ပြသဖို့ရှိတယ်။ ကျွန်တော်တို့ ညီအကိုနှစ်ယောက်ပေါင်း လုပ်ရင်လုပ်မှာပါ။ ကျွန်တော်ကပန်းချီကားကို ရေးဆေးတွေရေးဆွဲဖြစ်တာများ တယ်။ အခုမှစရေး ဆွဲနေတုန်းပါ။ တအားကြီးမကျွမ်းကျင်သေးဘူး။ ပန်းချီ ရေးဆွဲတာက စိတ် တအားတည်ငြိမ်တယ်။ ကျွန်တော်ကပုံတစ်ပုံကို ရေး ဆွဲမယ်ဆိုရင် စိတ်ထဲပေါ်လာတဲ့ ကောက်ကြောင်းတွေနောက်ပဲ လိုက် သွားပြီးတော့ စိတ်ကို မျောလိုက်တယ်။ တအားအေးချမ်းတယ်။ ဘာမှလဲ မစဉ်းစားမိဘူး။ ကျွန်တော့်အတွက်က တရားထိုင်နေ သလိုပဲ။ ကျွန်တော်က ရှုခင်းပုံရေးဆွဲရတာ ပိုအားသန်တယ်။ ရှုခင်းပုံတွေပဲ ပိုရေးဆွဲဖြစ်တယ်။ သစ်ပင်တွေ ရေးဆွဲရတာပို ကြိုက်တယ်။ အထူးသဖြင့် သစ်ပင်အကြီးကြီးတွေကို ရေးဆွဲရတာ ပိုကြိုက်တယ်။ ကျွန်တော်က လူပုံမရေးဆွဲတတ်ဘူး။ ရေးဆွဲတတ်ချင် တာ။ သင်ယူရဦးမယ်” လို့ ပန်းချီရေးဆွဲခြင်းနဲ့ ပတ်သက်လို့ အဂ္ဂါမိုးဝင်း ကပြောပြပါတယ်။ သူ့အနေနဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ချင်ပြီး ဝါသနာ လည်း ပါတာကြောင့်ပါလို့ ပြောပါတယ်။ အဂ္ဂါမိုးဝင်းက သဘင်နဲ့ ပတ်သက်လို့လည်း အသစ်သစ်သော အနုပညာတွေကို ဖန်တီးတင် ဆက်ချင်တဲ့အတွက် အကနဲပတ်သက်လို့ နိုင်ငံတကာရဲ့ ရိုးရာအက တွေကို လေ့လာဖြစ်တယ်လို့ သူကပြောပါတယ်။ နောက်ပိုင်းမှာတော့ အကချည်းပဲ သီးသန့်အခွေအနေနဲ့လည်း ထွက်ရှိဖို့စီစဉ်ဖြစ်မယ်လို့ သိရပြန်ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*