သီချင်းခွေ ထွက်ရှိဦးမယ့် ခြူးစစ်ဟန်

သီချင်းခွေ ထွက်ရှိဦးမယ့် ခြူးစစ်ဟန်
January 29, 2018 AsianFame MediaGroup
သီချင်းခွေ ထွက်ရှိဦးမယ့် ခြူးစစ်ဟန်

သရုပ်ဆောင်၊ မော်ဒယ်လ် ခြူးစစ်ဟန်က သီချင်းခွေထွက်ရှိဖို့ ပြင်ဆင်နေ ကြောင်း သိရပါတယ်။ သူမက ၂ဝ၁၈ ခုနှစ်အတွင်းမှာ လုပ်ဆောင်သွားမယ့် အနုပညာလှုပ်ရှားမှုတွေ အကြောင်းကိုတော့ . . .

”အခု ၂ဝ၁၈ခုနှစ်မှာ ညီမပါဝင် သရုပ်ဆောင်ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ၂ ကား ရုံတင်ပြသဖို့ရှိပါတယ်။ အဲဒီအတွက်လည်း ညီမတအား ရင်ခုန်နေတယ်။ ပြီးတော့ ညီမ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးသွားဖို့ ရှိပါတယ်။ တစ်ကိုယ်တော်Single Album လေး ထွက်ရှိ ဖို့လည်း ကြိုးစားနေပါတယ်။ သရုပ်ဆောင်ဘက်ပိုင်းကို တအားအချိန်ပေးနေ ရတော့ အခွေကို သိပ်ပြီးအချိန်မပေးနိုင်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ရှိုးပွဲလေး တွေတော့ လိုက်ပြီးသီဆို ဖြစ်နေပါတယ်။ ပရိသတ်တွေကလည်း ညီမသီဆိုတဲ့ သီချင်းကိုကြိုက်နှစ်သက်တာကိုလည်း တွေ့ရပါတယ်။ ညီမအခွေမှာ ကိုယ်တိုင် ရေးသီချင်းတွေတော့ မပါဘူး။ ညီမ သီချင်းရေးတတ်အောင်တော့ ကြိုးစား ရဦးမယ်”လို့ ခြူးစစ်ဟန်က ပြောပါတယ်။ အခုနှစ်ကာလတွေမှာ အနုပညာ ရှင်များက စီးပွားရေးလုပ်ငန်းတွေလည်း လုပ်လာတာဖြစ်ပြီး ခြူးစစ်ဟန်က သူမအနေနဲ့ စီးပွားရေးလုပ်ငန်းလှုပ်ရှားမှုကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

”ညီမက စီးပွားရေးအနေနဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ အနည်းနဲ့ အများက အပေါ်ပိုင်းရင်သားအလှကို တအားကိုလှချင်ကြတယ်။ အဲဒီအတွက် အဲဒီဆေးကို ထိုင်းနိုင်ငံကနေ ကိုယ်စားလှယ်ယူပြီးတော့ ရောင်းချနေပါတယ်။ အခု လည်း ရောင်းအားလေးက မဆိုးပါဘူး။ တော်တော်ရောင်းကောင်းပါတယ်။ ဆေးက Side Effect လုံးဝ မရှိပါဘူး။ ညီမကိုယ်တိုင်လည်း သောက်သုံး နေတယ်။ ဆေးက အားဖြည့်ဆေးလိုပဲ တစ်နေ့တစ်လုံး ပုံမှန်သောက်ပေးရင် တကယ် အကျိုးသက်ရောက်မှု ရှိပါတယ်” လို့ ခြူးစစ်ဟန်က ဆိုပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*