တတိယကမ္ဘာ

တတိယကမ္ဘာ
January 29, 2018 Leanne Win
တတိယကမ္ဘာ

သူကဘာသာတရားကို ကိုးကွယ် ကဘာသာတရားကို ကိုးကွယ်  ကိုင်းရှိုင်းသူဖြစ်သည်။ ထို့အတူ ကိုယ်ကျင့်တရားလည်းကောင်းသည်။ သူကအလုပ်မှ သက်ပြည့်ပင်စင်မယူ ခင်က သူတာဝန်ယူရသောနေရာမှာ အများမက်မောသည့် နေရာဖြစ်သော ကြောင့် ဘဝတစ်ခုလုံး ပြောင်းလဲ သွားအောင်ဖန်တီးနိုင်သော်လည်း သူက သူ၏ ကိုယ်ကျင့်တရားကို ပက် ကင်မဖွင့်ခဲ့ပေ။

  ထို့ကြောင့် မိမိရှင်မနှင့် သားသမီး နှစ်ယောက်တို့က သူ့ကိုဘုရားဖြစ် မည့် အုတ်နီခဲဟု စကားလုံးအဟောင်း များဖြင့် ဂုဏ်ပြုစကားဆိုခဲ့သော်လည်း သူ့ကိုယ်ကျင့်တရားကို အပွန်းအပဲ့မခံ ခဲ့ပေ။ ရသည့်လစာကလေးနှင့် စနစ် တကျသုံးစွဲရင်း သူတို့ဘဝလေးက ပြင်ဦးလွင် ရာသီဥတုလေးလို အေး ချမ်းခဲ့သည်။  ထို့အတူ သူကရိုးသားသူတို့၏ ပုံသေနည်းအတိုင်း ချို့တဲ့သူဖြစ်သဖြင့် အလှူအတန်းကြီးကြီးကျယ်ကျယ် မလုပ်နိုင်ပေ။ သူလုပ်နိုင်သည်မှာ တစ်နှစ်တစ်ခါ ‘ဝါဆိုသင်္ကန်းကပ်ခြင်း’ နှင့် နေ့စဉ်သံဃာတော်တစ်ပါးကို ဆွမ်းလောင်းလှူခြင်းပင်ဖြစ်၏။ အိမ် ရှင်မနှင့် သမီးတို့ကိုလည်း ဆွမ်းဟင်း ကန်တော့ဆွမ်းပါဘုရားဟု မပြော မိအောင် သတိပေးထားရသည်။

အ ဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် လည်း ဟင်းမပါဘဲ ထမင်းချည်းမစား နိုင်သောကြောင့် ဖြစ်သည်။  ယခုအခါ ကမ္ဘာကြီးကအစ ပြောင်းလဲလာခဲ့သလို သူတို့မိသားစု လေးလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ် လာခဲ့၏။ အဖြစ်အပျက်က မဆန်းပေ။ နှစ်ပေါင်းများစွာနေခဲ့သော မိဘပိုင် အိမ်နှင့်မြေကို ညီနှင့် ညီမတို့က တောင်းဆိုလာသောကြောင့် လက်ရှိ ပေါက်ဈေးနှင့်ရောင်းပစ်ကာ အညီ အမျှ ခွဲဝေယူလိုက်ခြင်းနှင့်အတူ သူ တို့ သန်းခေါင်စာရင်းလေးလည်း လိပ်စာပယ်သို့ရောက်ရှိသွားရလေ သည်။  ထို့နောက်အခန်းတစ်ခန်းမှာ ယာယီငှားနေရင်း အတည်တကျနေ ရန် သူကိုယ်တိုင် တိုက်ခန်းတစ်ခန်း ရှာရသလို ကုမ္ပဏီတစ်ခုမှာ အလုပ် လုပ်နေသော သားကိုလည်း စုံစမ်း ခိုင်းထားရသည်။ တစ်ရက်တွင် သား ကအလုပ်က ပြန်ရောက်ရောက်ချင်း သူ့ကိုပြောလိုက်၏။

“အဖေ အဖေ အခန်းလေး တစ်ခန်း တွေ့လာခဲ့တယ်” “ဟုတ်လား။ ဈေးကရော အဖေတို့ တတ်နိုင်ရဲ့လား”

“အဲဒါကို ပြောချင်တာအဖေရဲ့။ လက်ရှိပေါက်ဈေးနဲ့ဆိုရင်တော့ ငွေ မလောက်ဘူး။ ဒါပေမဲ့ ပိုင်ရှင်က အရေးတကြီးငွေလိုနေလို့ လျှော့ ရောင်းတာ” ထို့နောက် သားကအခန်းဖွဲ့ စည်းပုံ၊ အကျယ်အဝန်းပိုင်ဆိုင်သည့် အထောက်အထား ဈေးနှုန်းစသည် တို့ကို အတိအကျ ပြောပြသလို၊ အိမ် ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်းစသည်တို့ ကိုလည်း သူ့လက်ကိုင်ဖုန်းမှ တစ် ဆင့်ပြသည်။

“အဖေစဉ်းစားလေ။ သုံးလေး ရက်လောက်တော့ အချိန်ရမယ်။ ကျွန်တော်ကတော့ ယူလိုက်ချင်တယ်။ ဈေးလည်းသက်သာတယ်။ အရှုပ် အရှင်းလည်းကင်းတယ်။ ပိုင်ရှင်က သူငယ်ချင်းလေ။ ကျွန်တော်က မယူရင် ပွဲစားကိုအပ်မယ်တဲ့”

“အေးလေ မင်းအမေနဲ့ တိုင်ပင် ပြီး ဆုံးဖြတ်ကြတာပေါ့” ထိုနေ့ကတည်းက သူ၏အ သည်းနှလုံးနှင့် ဦးနှောက်ကို ပေါင်း စပ်ပြီး စဉ်းစားသည်။ မင်းအမေနှင့် တိုင်ပင်မည်ဆိုသော်လည်း အိမ် ထောင်တစ်ခုကို စတင်တည်ဆောက် ကတည်းက မိသားစုနှင့် ပတ်သက်ပြီး သူ့အဆုံးအဖြတ်သည်သာ အတည် ဖြစ်၏။ ထို့ကြောင့် အိမ်ပျက်ည နှစ် ညလွန်မြောက်ပြီး နောက်တတိယ မြောက်နေ့တွင် သားကသူ့ဆုံးဖြတ် ချက်ကို မေးလာခဲ့၏။  “အေး အဖေက အမျိုးမျိုးစဉ်း စားတယ်။ သားပြောတဲ့ အချက်အ လက်တွေအရ ဖေဖေ့မိတ်ဆွေ ပွဲစား တစ်ယောက်ကလည်း တန်တယ်။ ယူလိုက်လို့ပြောတယ်။

ဒါပေမဲ့ ဖေဖေ အသေအချာ စဉ်းစားပြီးမှ အဲဒီအခန်းကို မယူဘူးလို့ ဆုံးဖြတ် လိုက်တယ်” “ဗျာ”သားက သူ့ကိုပုစ္ဆာတစ်ပုဒ်လို ကြည့်သည်။ သို့သော်ဘာဖြစ်လို့လဲ ဟုတော့ ကွန်ပလိမ်းမတက်ပေ။ ထို့နောက် ‘ဟုတ်ကဲ့’ဟုဆိုကာ အိမ် နောက်သို့ ဝင်သွားလေသည်။  ထိုအခန်း မည်မျှတန်တန်၊ မည်မျှကောင်းကောင်း ရဟန်းသံဃာ တစ်ပါးပါးကို နေ့စဉ်ဆွမ်းလောင်း ခွင့်မရသော ‘၇’လွှာမြင့်သည့် တိုက် ခန်းတစ်ခန်းကို ငြင်းပယ်လိုက်သည် က သူ၏အောင်မြင်မှုဟု ယုံကြည် နေခြင်းပင်ဖြစ်သည်။

 မောင်မြင့်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*